မွန်ပြည်နယ် ရေဘေးအတွက် အလှူခံရာမှ ငွေကျပ် သိန်း၁၆၀ နီးပါး ရရှိနေပြီဖြစ်တဲ့ ဖြိုးမြတ်အောင်
မွန်ပြည်နယ် ရေဘေးအတွက် အလှူခံရာမှ ငွေကျပ် သိန်း၁၆၀ နီးပါး ရရှိနေပြီဖြစ်တဲ့ ဖြိုးမြတ်အောင် 1
မွန်ပြည်နယ် ရေဘေးအတွက် အလှူခံရာမှ ငွေကျပ် သိန်း၁၆၀ နီးပါး ရရှိနေပြီဖြစ်တဲ့ ဖြိုးမြတ်အောင် 2
မွန်ပြည်နယ် ရေဘေးအတွက် အလှူခံရာမှ ငွေကျပ် သိန်း၁၆၀ နီးပါး ရရှိနေပြီဖြစ်တဲ့ ဖြိုးမြတ်အောင် 3
မွန်ပြည်နယ် ရေဘေးအတွက် အလှူခံရာမှ ငွေကျပ် သိန်း၁၆၀ နီးပါး ရရှိနေပြီဖြစ်တဲ့ ဖြိုးမြတ်အောင် 4
Unicode Version
Myanmar Idol Season (3) ပြိုင်ပွဲ ကြီးရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ ရိုးရိုးအေးအေးနေထိုင်တတ်သူတစ်ဦးမို့ ပရိသတ်တွေက အချစ်ပိုနေကြရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြိုးမြတ်အောင်က မွန်ပြည်နယ် ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းဖို့အတွက် အလှူခံနေတာ သိန်း (၁၆၀) နီးပါး ရရှိနေပြီလို့ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ထိထိရောက်ရောက် ကူညီနိုင်ဖို့ ဒီလောက်ထိများတဲ့ အလှူရှင်တွေကို စုစည်းပေးနိုင်တဲ့ ဖြိုးမြတ်အောင်ကတော့ တကယ့်ကို လူချစ်လူခင် ပေါသူတစ်ဦးပါပဲနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် မွန်ပြည်နယ်ရေဘေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ အဆိုတော် ဖြိုးမြတ်အောင်ရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဖြိုးမြတ်အောင်ကတော့ “မွန်ပြည်နယ် ရေဘေးအတွက် အလှူရှင်စာရင်း စုစုပေါင်း – (15,907,500) ကျပ်တိတိ (12.8.2019) ည (၈) နာရီ မှ (13.8.2019) နေ့လည် (၁၂) နာရီ အထိ ရရှိငွေ – (4,788,500) ကျပ် ပထမနေ့ ရရှိငွေ – (1,745,000) ကျပ် ဒုတိယနေ့ ရရှိငွေ – (6,304,500) ကျပ် တတိယနေ့ ရှိငွေ – (3,069,500) ကျပ်” ဆိုပြီး စုစုပေါင်း သိန်း (၁၅၉) သိန်းကျော် ရရှိထားတဲ့အကြောင်း ပွင့်လင်းမြင်သာစွာ လူမှုကွန်ယက်မှာ တင်ထားတာပါ။
လက်ရှိမြန်မာနိုင်ငံ မွန်ပြည်နယ်မှာ ရေဘေးသင့်ဒုက္ခကို ခံစားနေကြရတာပါ။ အခက်အခဲဖြစ်နေသူတွေ အမြောက်အများရှိနေတာကြောင့်လည်း ကယ်ဆယ်ရေးများစွာသွားရောက်နေကြတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သုံးရက်ကျော်အတွင်းမှာ သိန်းရာကျော်အထိ အလှူခံနိုင်ခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့ ကုသိုလ်ကို သာဓုခေါ်သွားကြပါဦးနော်။
Be the first to comment
Leave a Reply
Your email address will not be published.
*