မ်က္ၾကည္လႊာနဲ႔ ကိုယ္တြင္းကလီစာေတြကို လွဴဒါန္းလုိက္တဲ့ လွယဥ္ေက်း

မုျဒာ ေခၚသံဇာတ္လမ္းထဲက ျမန္မာဆန္ဆန္လွတဲ့ ေကာင္းမေလးတစ္ေယာက္အျဖစ္သ႐ုပ္ေဆာင္ထားတဲ့ လွယဥ္ေက်းကို အားလံုးသိၾကၿပီးသားျဖစ္မွာပါ ။ အခု Myanmar Celebrity နဲ႔အင္တာဗ်ဴးမွာ ေျပာျပသြားတဲ့ မ်က္ၾကည္လႊာနဲ႔ ကိုယ္တြင္းကလီစာေတြ လွဴျဖစ္တဲ့အေၾကာင္းကို ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြသိေအာင္ေျပာျပလိုက္ပါတယ္။

မ်က္ၾကည္လႊာနဲ႔ ကိုယ္တြင္းကလီစာေတြကို လွဴဒါန္းလုိက္တဲ့ လွယဥ္ေက်း 1

လွယဥ္ေက်းက “ အဲ့ဒါကေလ အစကတည္းက အရမ္းလုပ္ခ်င္ေနတဲ့ ဆႏၵ႐ိွတယ္ ဒါေပမယ့္ နည္းနည္းေၾကာက္ေနေသးတယ္ေပါ့ ။ ဒါေပမယ့္ ဒီမွာ လုပ္အားလာေပးရင္းနဲ႔ အားလံုးကလည္း ပရဟိတေတြ ကိုယ့္အတြက္ကို စြန္႔ၿပီးေတာ့လုပ္ေနၾကတာ ဆိုေတာ့ ဒီကေနလည္း Inspiration ရတာပါတယ္ ။ ေနာက္ၿပီးေတာ့ ဒီႏွစ္အလွဴအျဖစ္ကို က်န္တာလည္း ထူးထူးျခားျခားမလုပ္ျဖစ္တဲ့ အတြက္ေၾကာင့္မို႔ လွူမယ္ဆိုၿပီးေတာ့ ဆံုးျဖတ္လိုက္တာ ။ မ်က္ၾကည္လႊာရယ္ ၊ ကိုယ္တြင္းကလီစာရယ္ ။

မ်က္ၾကည္လႊာနဲ႔ ကိုယ္တြင္းကလီစာေတြကို လွဴဒါန္းလုိက္တဲ့ လွယဥ္ေက်း 2

ေၾကာက္တာက ကိုယ္တိုင္လည္းေၾကာက္ခဲ့ဖူးတယ္ ။ ဒါေပမယ့္ ဒီႏွစ္က်မွ ဘာျဖစ္လို႔လည္း မသိဘူး အရမ္းကိုလွဴမယ္ဆိုၿပီးေတာ့ လွဴခ်င္သြားတာ ။ လူတိုင္းေတာ္ေတာ္မ်ားမ်ား လွဴေနပါတယ္ ။ အဲ့ဒီအလွဴ ခံတဲ့အစ္ကို ဆီမွာ ဆိုလည္း လွဴထားတဲ့ List ေတြအမ်ားႀကီး ။ Body ကိုက်ေတာ့ မလွဴရဲေသးဘူးျဖစ္ေနတာေပါ့ ေသသြားၿပီးမွ ကိုယ့္ရဲ႕ Body ကို ထိေတြ႔မွာ ျဖစ္ေပမယ့္ နည္းနည္းစဥ္းစားၿပီးေတာ့ ေၾကာက္ေနတယ္ေပါ့ေနာ္ ဒီခႏၶာကိုယ္ႀကီးကို ဘယ္လိုေတြ ကိုင္လာမွာလည္း အဲ့ဒါကေတာ့ စိတ္ႏိုင္သြားၿပီဆိုရင္ေတာ့ လွဴသြားမွာပါ။

မ်က္ၾကည္လႊာနဲ႔ ကိုယ္တြင္းကလီစာေတြကို လွဴဒါန္းလုိက္တဲ့ လွယဥ္ေက်း 3

ဒီတစ္ခုပဲ က်ေတာ့တယ္ေပါ့ လွဴဖို႔ဆိုရင္ ဒါေပမယ့္ကိုယ့္စိတ္ကိုယ္ႏိုင္ၿပီဆိုရင္ေတာ့ လွဴဖို႔စဥ္းစားထားပါတယ္။ ကိုယ့္ခႏၶာဆီကေန စြန္႔ၿပီးေတာ့လွဴတဲ့အလွဴကလည္း တကယ္ကို မြန္ျမတ္တယ္ဆိုတာလည္း ၾကားဖူးတယ္ ဒါေပမယ့္အခုကေတာ့ အလွူေတာ့ မေျမာက္ေသးဘူး ဘာျဖစ္လို႔လဲဆိုေတာ့ လွူဖိုု႕စိတ္ဆံုးျဖတ္ထားတယ္ ။ ဒါကို စြန္႔လႊတ္ဖို႔အတြက္ စိတ္ဆံုးျဖတ္ထားတဲ့ အဆင့္ပဲ႐ိွေသးတယ္ ။အလွဴေတာ့ မေျမာက္ေသးေပမယ့္ စိတ္ကို ဆံုးျဖတ္ႏိုင္လိုက္တဲ့အတြက္ အခုကေတာ့ စိတ္မျပတ္ေသးေပမယ့္ ကိုယ့္ဘာသာကိုေတာ့ ဂုဏ္ယူတယ္။ ဂုဏ္ယူတယ္ဆိုတာ ပံုမွန္ဆိုေၾကာက္ေနတာေလ ေၾကာက္ေနတာကေန နည္းနည္းေလး ေၾကာက္စိတ္ေလးကို ဖယ္သြားႏိုင္တဲ့အတြက္ေၾကာင့္ မို႔ပါ။”ဆုိၿပီးေျပာျပသြားခဲ့ပါတယ္။Nanmalgyi

Unicode Version

မုဒြာ ခေါ်သံဇာတ်လမ်းထဲက မြန်မာဆန်ဆန်လှတဲ့ ကောင်းမလေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတဲ့ လှယဉ်ကျေးကို အားလုံးသိကြပြီးသားဖြစ်မှာပါ ။ အခု Myanmar Celebrity နဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့ မျက်ကြည်လွှာနဲ့ ကိုယ်တွင်းကလီစာတွေ လှူဖြစ်တဲ့အကြောင်းကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြောပြလိုက်ပါတယ်။

လှယဉ်ကျေးက “ အဲ့ဒါကလေ အစကတည်းက အရမ်းလုပ်ချင်နေတဲ့ ဆန္ဒရှိတယ် ဒါပေမယ့် နည်းနည်းကြောက်နေသေးတယ်ပေါ့ ။ ဒါပေမယ့် ဒီမှာ လုပ်အားလာပေးရင်းနဲ့ အားလုံးကလည်း ပရဟိတတွေ ကိုယ့်အတွက်ကို စွန့်ပြီးတော့လုပ်နေကြတာ ဆိုတော့ ဒီကနေလည်း Inspiration ရတာပါတယ် ။ နောက်ပြီးတော့ ဒီနှစ်အလှူအဖြစ်ကို ကျန်တာလည်း ထူးထူးခြားခြားမလုပ်ဖြစ်တဲ့ အတွက်ကြောင့်မို့ လှူမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာ ။ မျက်ကြည်လွှာရယ် ၊ ကိုယ်တွင်းကလီစာရယ် ။

ကြောက်တာက ကိုယ်တိုင်လည်းကြောက်ခဲ့ဖူးတယ် ။ ဒါပေမယ့် ဒီနှစ်ကျမှ ဘာဖြစ်လို့လည်း မသိဘူး အရမ်းကိုလှူမယ်ဆိုပြီးတော့ လှူချင်သွားတာ ။ လူတိုင်းတော်တော်များများ လှူနေပါတယ် ။ အဲ့ဒီအလှူ ခံတဲ့အစ်ကို ဆီမှာ ဆိုလည်း လှူထားတဲ့ List တွေအများကြီး ။ Body ကိုကျတော့ မလှူရဲသေးဘူးဖြစ်နေတာပေါ့ သေသွားပြီးမှ ကိုယ့်ရဲ့ Body ကို ထိတွေ့မှာ ဖြစ်ပေမယ့် နည်းနည်းစဉ်းစားပြီးတော့ ကြောက်နေတယ်ပေါ့နော် ဒီခန္ဓာကိုယ်ကြီးကို ဘယ်လိုတွေ ကိုင်လာမှာလည်း အဲ့ဒါကတော့ စိတ်နိုင်သွားပြီဆိုရင်တော့ လှူသွားမှာပါ။

ဒီတစ်ခုပဲ ကျတော့တယ်ပေါ့ လှူဖို့ဆိုရင် ဒါပေမယ့်ကိုယ့်စိတ်ကိုယ်နိုင်ပြီဆိုရင်တော့ လှူဖို့စဉ်းစားထားပါတယ်။ ကိုယ့်ခန္ဓာဆီကနေ စွန့်ပြီးတော့လှူတဲ့အလှူကလည်း တကယ်ကို မွန်မြတ်တယ်ဆိုတာလည်း ကြားဖူးတယ် ဒါပေမယ့်အခုကတော့ အလှူတော့ မမြောက်သေးဘူး ဘာဖြစ်လို့လဲဆိုတော့ လှူဖို့စိတ်ဆုံးဖြတ်ထားတယ် ။ ဒါကို စွန့်လွှတ်ဖို့အတွက် စိတ်ဆုံးဖြတ်ထားတဲ့ အဆင့်ပဲရှိသေးတယ် ။အလှူတော့ မမြောက်သေးပေမယ့် စိတ်ကို ဆုံးဖြတ်နိုင်လိုက်တဲ့အတွက် အခုကတော့ စိတ်မပြတ်သေးပေမယ့် ကိုယ့်ဘာသာကိုတော့ ဂုဏ်ယူတယ်။ ဂုဏ်ယူတယ်ဆိုတာ ပုံမှန်ဆိုကြောက်နေတာလေ ကြောက်နေတာကနေ နည်းနည်းလေး ကြောက်စိတ်လေးကို ဖယ်သွားနိုင်တဲ့အတွက်ကြောင့် မို့ပါ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။Nanmalgyi