မိုး႐ြာထဲမွာ ကတံုးေပါက္ေကေလးနဲ႔ အျပတ္ေဂၚေနတဲ့ ျခဴးေလး

ျခဴးေလး ဟာ Mrtv-4 ႐ုပ္သံဇာတ္လမ္းတြဲေတြကို မ်ားစြာ႐ိုက္ကူးခဲ့ၿပီး လက္ရွိအခ်ိန္မွာ ပရိသတ္အခိုင္အမာရရွိထားၿပီျဖစ္ပါတယ္…။ တက္သစ္စ မင္းသမီးေလးလို႔ ေျပာရေပမယ့္ သူမရဲ႕ သ႐ုပ္ေဆာင္ေကာင္းမႈေတြ၊ စိတ္သေဘာထားျဖဴစင္မႈတို႔ေၾကာင့္ အခ်ိန္တိုအတြင္းမွာပဲ ေအာင္ျမင္မႈမ်ားစြာကို ပိုင္ဆိုင္ရရွိလာတာပါေနာ္…။ ျခဴးေလးဟာ ဘာသာတရားကိုင္းရႈိင္းသူျဖစ္ၿပီး မယ္သီရွင္ ဆရာေလးဘဝသို႔လဲ ကူးေျပာင္းခဲ့ကာ မိဘေက်းဇူးကိုဆပ္ခဲ့တာပါ…။

မိုး႐ြာထဲမွာ ကတံုးေပါက္ေကေလးနဲ႔ အျပတ္ေဂၚေနတဲ့ ျခဴးေလး 1

မိုး႐ြာထဲမွာ ကတံုးေပါက္ေကေလးနဲ႔ အျပတ္ေဂၚေနတဲ့ ျခဴးေလး 2

ဆံပင္တုေလးတပ္ကာ အလွပုံရိပ္ေလးေတြ ႐ိုက္ကူးသလို သဘာဝအတိုင္း႐ိုက္ကူးခဲ့တဲ့ ပုံရိပ္ေလးေတြဟာဆိုရင္လဲ ခ်စ္ဖို႔ေကာင္းေနတာပါ..။ အခု အခ်ိန္မွာဆိုရင္ေတာ့ ဆံပင္က အနည္းငယ္ျပန္ရွည္လာၿပီျဖစ္ပါတယ္..။ အသစ္ဆန္းေတြကို အၿမဲဖန္တီးေလ့ရွိတဲ့ ျခဴးေလးဟာ ေယာက္်ားေလးပုံစံဖမ္းၿပီး ပရိသတ္ေတြ အျမင္တစ္မ်ိဳးခံစားရေအာင္ ႐ိုက္ကူးတင္ဆက္ခဲ့တာပါ…။ ျခဴးေလးရဲ႕ tik tok ဗီဒီယိုေလးေတြကလဲ အခါခါျပန္ၾကည့္ရေလာက္ေအာင္ ေကာင္းမြန္တာျဖစ္ပါတယ္…။

မိုး႐ြာထဲမွာ ကတံုးေပါက္ေကေလးနဲ႔ အျပတ္ေဂၚေနတဲ့ ျခဴးေလး 3

မိုး႐ြာထဲမွာ ကတံုးေပါက္ေကေလးနဲ႔ အျပတ္ေဂၚေနတဲ့ ျခဴးေလး 4

မိုး႐ြာထဲမွာ ကတံုးေပါက္ေကေလးနဲ႔ အျပတ္ေဂၚေနတဲ့ ျခဴးေလး 5

ျခဴးေလးက ေခတ္လူငယ္ပီပီ လူမႈကြန္ယက္စာမ်က္ႏွာေတြျဖစ္ၾကတဲ့ facebook၊ instagram တို႔တြင္ သူမရဲ႕ ေန႔စဥ္လႈပ္ရွားမႈ၊ အႏုပညာလႈပ္ရွားမႈ အမ်ိဳးမ်ိဳးကို ရင္းႏွီးမႈေတြရရွိေနေအာင္၊ အဆက္အသြယ္မျပတ္ေအာင္ အစဥ္အၿမဲတင္ဆက္ေပးေလ့ရွိတာပါေနာ္..။ အခုတစ္ခါမွာဆိုရင္လည္း “XtremeFashion” ကထုတ္တဲ့ ဒီဇိုင္းဆန္းသစ္လွပတဲ့ အက်ႌေလးေတြကို ဝတ္ဆင္ကာ “သူငယ္ခ်င္း…ကိုကိုအုပ္ ( Always Phon Kyaung )ေလးနဲ႔….မိုးထဲ ေလထဲ Phon Kyaung ေနပါတယ္ …မိုးေရစက္ေလးေတြက အသက္…” ဆိုတဲ့ status ေလးနဲ႔အတူ ပို႔စ္တင္ထားၿပီး ပရိသတ္ႀကီးအတြက္ျပန္လည္မွ်ေဝေပးလိုက္ပါတယ္..။Myanmarload

Unicode Version

ခြူးလေး ဟာ Mrtv-4 ရုပ်သံဇာတ်လမ်းတွဲတွေကို များစွာရိုက်ကူးခဲ့ပြီး လက်ရှိအချိန်မှာ ပရိသတ်အခိုင်အမာရရှိထားပြီဖြစ်ပါတယ်…။ တက်သစ်စ မင်းသမီးလေးလို့ ပြောရပေမယ့် သူမရဲ့ သရုပ်ဆောင်ကောင်းမှုတွေ၊ စိတ်သဘောထားဖြူစင်မှုတို့ကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ရရှိလာတာပါနော်…။ ခြူးလေးဟာ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး မယ်သီရှင် ဆရာလေးဘဝသို့လဲ ကူးပြောင်းခဲ့ကာ မိဘကျေးဇူးကိုဆပ်ခဲ့တာပါ…။

ဆံပင်တုလေးတပ်ကာ အလှပုံရိပ်လေးတွေ ရိုက်ကူးသလို သဘာဝအတိုင်းရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေဟာဆိုရင်လဲ ချစ်ဖို့ကောင်းနေတာပါ..။ အခု အချိန်မှာဆိုရင်တော့ ဆံပင်က အနည်းငယ်ပြန်ရှည်လာပြီဖြစ်ပါတယ်..။ အသစ်ဆန်းတွေကို အမြဲဖန်တီးလေ့ရှိတဲ့ ခြူးလေးဟာ ယောက်ျားလေးပုံစံဖမ်းပြီး ပရိသတ်တွေ အမြင်တစ်မျိုးခံစားရအောင် ရိုက်ကူးတင်ဆက်ခဲ့တာပါ…။ ခြူးလေးရဲ့ tik tok ဗီဒီယိုလေးတွေကလဲ အခါခါပြန်ကြည့်ရလောက်အောင် ကောင်းမွန်တာဖြစ်ပါတယ်…။

ခြူးလေးက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို ရင်းနှီးမှုတွေရရှိနေအောင်၊ အဆက်အသွယ်မပြတ်အောင် အစဉ်အမြဲတင်ဆက်ပေးလေ့ရှိတာပါနော်..။ အခုတစ်ခါမှာဆိုရင်လည်း “XtremeFashion” ကထုတ်တဲ့ ဒီဇိုင်းဆန်းသစ်လှပတဲ့ အင်္ကျီလေးတွေကို ဝတ်ဆင်ကာ “သူငယ်ချင်း…ကိုကိုအုပ် ( Always Phon Kyaung )လေးနဲ့….မိုးထဲ လေထဲ Phon Kyaung နေပါတယ် …မိုးရေစက်လေးတွေက အသက်…” ဆိုတဲ့ status လေးနဲ့အတူ ပို့စ်တင်ထားပြီး ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်..။Myanmarload

Be the first to comment

Leave a Reply

Your email address will not be published.


*