မိဘႏွစ္ပါးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ခဲ့ၿပီဆိုတဲ့ အိမ့္ခ်စ္

အိမ့္ခ်စ္က မိသားစုနဲ႔ပတ္သက္တဲ့ သူမရဲ႕ ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္းရင္ဖြင့္လာပါတယ္။ ကြဲကြာေနတဲ့ မိဘ ေတြရဲ႕ ခံစားခ်က္ကို နားမလည္ခဲ့တဲ့ အခ်ိန္ေတြရွိခဲ့ဖူးတယ္လို႔ Duwun Media ကေန ေျပာျပခဲ့ပါတယ္။

မိဘႏွစ္ပါးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ခဲ့ၿပီဆိုတဲ့ အိမ့္ခ်စ္ 1

‘’မိဘ ႏွစ္ပါးမွာလည္း သူတို႔ရဲ႕ အမွန္နဲ႔ သူတို႔ရဲ႕ အမွားဆိုတာ ရွိမွာပဲ။ ကိုယ္က ဒါကို ငယ္ငယ္တုန္းကေတာ့ အရမ္းေဝဖန္၊ အရမ္းဝင္ေျပာမိတယ္။ အေမက ဘာျဖစ္တယ္၊ အေဖက ဘာျဖစ္တယ္၊ အေမကလည္း မွားေနတာကို၊ အေဖကလည္း မွားေနတာေပါ့။

မိဘႏွစ္ပါးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ခဲ့ၿပီဆိုတဲ့ အိမ့္ခ်စ္ 2

အေမလည္းမွန္တယ္၊ အေဖလည္း မွန္တယ္ေပါ့။ ႀကီးလာေတာ့ ဝင္မေျပာေတာ့ဘူး။ သူတို႔မွာေလ သူတို႔အေတြးနဲ႔ သူတို႔အျမင္နဲ႔ရွိတယ္ဆိုတာ ကိုယ္လည္း ဒီအ႐ြယ္ေရာက္လာမွ သိတာ’’ လို႔ သူကဆိုပါတယ္။

မိဘႏွစ္ပါးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ခဲ့ၿပီဆိုတဲ့ အိမ့္ခ်စ္ 3

သူမဟာ မိဘႏွစ္ပါးစလုံးကိုလည္း အရမ္းကို ခ်စ္တတ္တဲ့ သမီးတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ မိဘေတြၾကားမွာ ပင္ပန္းခဲ့ရတဲ့ အခ်ိန္ေတြလည္းရွိတယ္လို႔ အိမ့္ခ်စ္က ေျပာပါတယ္။

မိဘႏွစ္ပါးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ခဲ့ၿပီဆိုတဲ့ အိမ့္ခ်စ္ 4

‘’ ဒီလူႏွစ္ေယာက္ရဲ႕ ၾကားထဲမွာေနရတာေတာ့ ပင္ပန္းတာေပါ့ေနာ္။ ႏွစ္ေယာက္စလုံးကလည္း ကိုယ့္ကို ခ်စ္တဲ့လူျဖစ္ေနတယ္။ ႏွစ္ေယာက္စလုံးကလည္း သူတို႔ကိုပဲ ခ်စ္ေစခ်င္တယ္။ အဲဒီေတာ့ ကိုယ္က ကုလားဖန္ထိုးတတ္ရတာေပါ့။

မိဘႏွစ္ပါးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ခဲ့ၿပီဆိုတဲ့ အိမ့္ခ်စ္ 5

အေမအေရွ႕ေရာက္ေတာ့လည္း အေမ့ကိုခ်စ္တယ္၊ အေမ့ကို အခ်စ္ဆုံး။ အေဖေရွ႕ေရာက္ေတာ့လည္း အေဖ့ကို ခ်စ္တယ္၊ အေဖ့ကို အခ်စ္ဆုံး။ အဲဒီလိုမေနတတ္ခင္တုန္းကေတာ့ အရမ္းပင္ပန္းတာေပါ့။ အသက္ ၂၈ ႏွစ္ ၃၀ နားကပ္မွ နားလည္ႏိုင္တာပါ’’ လို႔ သေဘာက်ရယ္ေမာရင္း ေျဖဆိုခဲ့တာပါ။

မိဘႏွစ္ပါးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ခဲ့ၿပီဆိုတဲ့ အိမ့္ခ်စ္ 6

အိမ့္ခ်စ္ရဲ႕ ဖခင္ျဖစ္သူ အဆိုေတာ္ ခ်စ္ေကာင္းကေတာ့ ေနာက္ထပ္အိမ္ေထာင္တစ္ခုနဲ႔ သားသမီးေတြရွိပါတယ္။ ဒီ ကေလးေတြ အေပၚ အိမ့္ခ်စ္ရဲ႕ ခံစားခ်က္ကို အခုလို ေျပာျပခဲ့ျပန္ပါတယ္။

မိဘႏွစ္ပါးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ခဲ့ၿပီဆိုတဲ့ အိမ့္ခ်စ္ 7

‘’ မိသားစုကိစၥကေတာ့ အျပင္လူေတြ သိပ္သိေအာင္လို႔ေတာ့ ထုတ္မေျပာခ်င္ဘူးေပါ့ေနာ္။ ဒါေပမယ့္ ကေလးေတြဆိုတာ အျပစ္မဲ့တယ္ေလ ေနာ္။ အျပစ္မရွိတဲ့ကေလးေတြ၊ ဒီကေလးေတြက ဘာမွလုပ္တာမွ မဟုတ္တာ။

မိဘႏွစ္ပါးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ခဲ့ၿပီဆိုတဲ့ အိမ့္ခ်စ္ 8

အရာအားလုံးကို လူႀကီးေတြက လုပ္တာ၊ လူႀကီးေတြက ဖန္တီးတာ။ အျပစ္ရွိရင္ေတာင္မွ လူႀကီးေတြမွာပဲရွိတယ္၊ ကေလးေတြမွာေတာ့ မရွိဘူးလို႔ အိမ့္ခ်စ္က ေျပာခ်င္တယ္’’ လို႔ဆိုပါတယ္။

မိဘႏွစ္ပါးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ခဲ့ၿပီဆိုတဲ့ အိမ့္ခ်စ္ 9

အိမ့္ခ်စ္(Eint Chit) ဟာ ငယ္စဥ္ကတည္းက ဂီတနဲ႔မစိမ္းသလို ဖခင္ ဦးခ်စ္ေကာင္းနဲ႔အတူ စတိတ္စင္ေပၚမွာ ေဖ်ာ္ေျဖလာသူတစ္ဦးပါ။ အိမ့္ခ်စ္ဟာ အတြဲေခြမ်ားစြာမွာ ပါဝင္သီဆိုဖူးခဲ့သလို “ကိုယ္တိုင္ေရး ပုံတူပန္းခ်ီ” ၊ အခ်စ္ေရးစတဲ့ ေတးသီခ်င္း ေခြမ်ားနဲ႔ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အဆိုေတာ္ တစ္ဦးျဖစ္ၿပီး ဖခင္ျဖစ္သူ ဦးခ်စ္ေကာင္းနဲ႔အတူ “၅၂၈” ေဖ်ာ္ေျဖ ပြဲႀကီးကို ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့တဲ့ အဆိုေတာ္တစ္ဦး ျဖစ္ပါတယ္။

မိဘႏွစ္ပါးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ခဲ့ၿပီဆိုတဲ့ အိမ့္ခ်စ္ 10

ၾသဂုတ္လ ၂၄ ရက္ေန႔မွာေတာ့ သူမရဲ႕ဖခင္ ဦးခ်စ္ေကာင္းရယ္၊ ေမာင္ေလးျဖစ္တဲ့ ဂ်ဴနီယာခ်စ္ေကာင္းရယ္ သုံးေယာက္ေပါင္းၿပီး FG live Lounge.. ပြဲေလး လုပ္သြားမယ္လို႔ သိရပါတယ္။credit – celeyatkwat

မိဘႏွစ္ပါးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ခဲ့ၿပီဆိုတဲ့ အိမ့္ခ်စ္ 11

Unicode
အိမ့်ချစ်က မိသားစုနဲ့ပတ်သက်တဲ့ သူမရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်လာပါတယ်။ ကွဲကွာနေတဲ့ မိဘ တွေရဲ့ ခံစားချက်ကို နားမလည်ခဲ့တဲ့ အချိန်တွေရှိခဲ့ဖူးတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’မိဘ နှစ်ပါးမှာလည်း သူတို့ရဲ့ အမှန်နဲ့ သူတို့ရဲ့ အမှားဆိုတာ ရှိမှာပဲ။ ကိုယ်က ဒါကို ငယ်ငယ်တုန်းကတော့ အရမ်းဝေဖန်၊ အရမ်းဝင်ပြောမိတယ်။ အမေက ဘာဖြစ်တယ်၊ အဖေက ဘာဖြစ်တယ်၊ အမေကလည်း မှားနေတာကို၊ အဖေကလည်း မှားနေတာပေါ့။

အမေလည်းမှန်တယ်၊ အဖေလည်း မှန်တယ်ပေါ့။ ကြီးလာတော့ ဝင်မပြောတော့ဘူး။ သူတို့မှာလေ သူတို့အတွေးနဲ့ သူတို့အမြင်နဲ့ရှိတယ်ဆိုတာ ကိုယ်လည်း ဒီအရွယ်ရောက်လာမှ သိတာ’’ လို့ သူကဆိုပါတယ်။

သူမဟာ မိဘနှစ်ပါးစလုံးကိုလည်း အရမ်းကို ချစ်တတ်တဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ မိဘတွေကြားမှာ ပင်ပန်းခဲ့ရတဲ့ အချိန်တွေလည်းရှိတယ်လို့ အိမ့်ချစ်က ပြောပါတယ်။

‘’ ဒီလူနှစ်ယောက်ရဲ့ ကြားထဲမှာနေရတာတော့ ပင်ပန်းတာပေါ့နော်။ နှစ်ယောက်စလုံးကလည်း ကိုယ့်ကို ချစ်တဲ့လူဖြစ်နေတယ်။ နှစ်ယောက်စလုံးကလည်း သူတို့ကိုပဲ ချစ်စေချင်တယ်။ အဲဒီတော့ ကိုယ်က ကုလားဖန်ထိုးတတ်ရတာပေါ့။

အမေအရှေ့ရောက်တော့လည်း အမေ့ကိုချစ်တယ်၊ အမေ့ကို အချစ်ဆုံး။ အဖေရှေ့ရောက်တော့လည်း အဖေ့ကို ချစ်တယ်၊ အဖေ့ကို အချစ်ဆုံး။ အဲဒီလိုမနေတတ်ခင်တုန်းကတော့ အရမ်းပင်ပန်းတာပေါ့။ အသက် ၂၈ နှစ် ၃၀ နားကပ်မှ နားလည်နိုင်တာပါ’’ လို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာပါ။

အိမ့်ချစ်ရဲ့ ဖခင်ဖြစ်သူ အဆိုတော် ချစ်ကောင်းကတော့ နောက်ထပ်အိမ်ထောင်တစ်ခုနဲ့ သားသမီးတွေရှိပါတယ်။ ဒီ ကလေးတွေ အပေါ် အိမ့်ချစ်ရဲ့ ခံစားချက်ကို အခုလို ပြောပြခဲ့ပြန်ပါတယ်။

‘’ မိသားစုကိစ္စကတော့ အပြင်လူတွေ သိပ်သိအောင်လို့တော့ ထုတ်မပြောချင်ဘူးပေါ့နော်။ ဒါပေမယ့် ကလေးတွေဆိုတာ အပြစ်မဲ့တယ်လေ နော်။ အပြစ်မရှိတဲ့ကလေးတွေ၊ ဒီကလေးတွေက ဘာမှလုပ်တာမှ မဟုတ်တာ။

အရာအားလုံးကို လူကြီးတွေက လုပ်တာ၊ လူကြီးတွေက ဖန်တီးတာ။ အပြစ်ရှိရင်တောင်မှ လူကြီးတွေမှာပဲရှိတယ်၊ ကလေးတွေမှာတော့ မရှိဘူးလို့ အိမ့်ချစ်က ပြောချင်တယ်’’ လို့ဆိုပါတယ်။

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို “ကိုယ်တိုင်ရေး ပုံတူပန်းချီ” ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ “၅၂၈” ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့မှာတော့ သူမရဲ့ဖခင် ဦးချစ်ကောင်းရယ်၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲလေး လုပ်သွားမယ်လို့ သိရပါတယ်။credit – celeyatkwat

Be the first to comment

Leave a Reply

Your email address will not be published.


*