မိဘမဲ့ဘုန္းေတာ္ႀကီးသင္ စားသင္ေက်ာင္းတစ္ေက်ာင္းထံမွ ျမင့္ျမတ္နာမည္ကို အလြဲသံုးစားလုပ္ၿပီး ေငြေၾကးလိမ္လည္မႈျဖစ္ပြား

ပဲခူးတိုင္းေဒသႀကီး၊ သာယာဝတီခ႐ိုင္၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ သခၤ႐ိုင္ မိဘမဲ့ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းဆရာေတာ္ ဦးသုမနထံမွ ဇူလိုင္ ၁၁ ရက္ေန႔လယ္ ၁၂ နာရီအခ်ိန္၌သ႐ုပ္ေဆာင္ျမင့္ျမတ္နာမည္ကို အသုံးျပဳ၍ ေငြ ၇ သိန္း ၇ ေသာင္း လိမ္လည္မႈျဖစ္ပြားခဲ့ေၾကာင္း ဆရာေတာ္ထံမွသိရွိရသည္။ ျဖစ္စဥ္မွာ ဇူလိုင္လ ၁၁ ရက္နံနက္ ၁၀ နာရီ၌ “ကြၽန္ေတာ္သ႐ုပ္ေဆာင္ျမင့္ျမတ္ပါ။

မိဘမဲ့ဘုန္းေတာ္ႀကီးသင္ စားသင္ေက်ာင္းတစ္ေက်ာင္းထံမွ ျမင့္ျမတ္နာမည္ကို အလြဲသံုးစားလုပ္ၿပီး ေငြေၾကးလိမ္လည္မႈျဖစ္ပြား 1

ဆရာေတာ္ေက်ာင္းကို ဆန္အိတ္ ၁၂၀ လႉခ်င္လို႔ပါ ဆိုၿပီးဖုန္းဆက္တယ္။ ၁၁ နာရီမွာ ေနာက္ထပ္ ကားသမားပါ ျမင့္ျမတ္က ဆန္အိတ္ပို႔ခိုင္းထားတာပါ။အခုကားက တိုက္ႀကီးမွာ ေလးက်ိဳးသြားလို႔ မလာႏိုင္ေသးတာပါ ဆိုၿပီးဖုန္းဆက္တယ္။ ကိုျမင့္ျမတ္ဆိုသူက ဖုန္းထပ္ဆက္တယ္ တပည့္ေတာ္ ေမၿမိဳ႕မွာ ကား႐ိုက္ေနလို႔ကားသမားကိုေငြ ၂၇၀၀၀၀ က်ပ္လႊဲေပးလိုက္ပါ ဆိုလို႔ ဆရာေတာ္လည္း လႊဲေပးလိုက္တယ္။ ၁၄ ရက္ေန႔မွာ တပည့္ေတာ္ မေအးေသာင္း ပုလဲဝင္းတို႔နဲ႔ ကေလးေတြေပ်ာ္ေအာင္ သီခ်င္းလာဆိုျပမယ္ ယုံေအာင္ေျပာၿပီးေငြ ၅ သိန္းထပ္လႊဲခိုင္းလို႔ လႊဲေပးလိုက္တယ္” ဟု ဆရာေတာ္ဦးသုမနက မိန႔္ၾကားသည္။

မိဘမဲ့ဘုန္းေတာ္ႀကီးသင္ စားသင္ေက်ာင္းတစ္ေက်ာင္းထံမွ ျမင့္ျမတ္နာမည္ကို အလြဲသံုးစားလုပ္ၿပီး ေငြေၾကးလိမ္လည္မႈျဖစ္ပြား 2

မိဘမဲ့ဘုန္းေတာ္ႀကီးသင္ စားသင္ေက်ာင္းတစ္ေက်ာင္းထံမွ ျမင့္ျမတ္နာမည္ကို အလြဲသံုးစားလုပ္ၿပီး ေငြေၾကးလိမ္လည္မႈျဖစ္ပြား 3

ထို႔ျပင္ ဆရာေတာ္ကို ဘယ္ၿမိဳ႕မွာလဲေမး၍ ဆရာေတာ္က မႏၲေလးမွာဟုေျဖၾကားခဲ့ရာေမၿမိဳ႕ကိုလာခဲ့ပါ ေငြလာေပးမည္ေျပာ၍ ေမၿမိဳ႕ကန္ေတာ္ႀကီး၌ ေစာင့္ခဲ့ရာတြင္ လာေရာက္ျခင္းမရွိ၍ ေငြလႊဲခဲ့သည့္ Wave Money ဆိုင္သို႔ေမးျမန္းၾကည့္ရာ လႈိင္သာယာ အမွတ္ ၂ ရပ္ကြက္ ပီမိုးနင္းလမ္းေ႐ႊယမင္းစတိုးဆိုင္ရွိ Wave Money ကိုယ္စားလွယ္ထံမွ အမည္မသိသူတစ္ဦးက လာေရာက္ထုတ္ယူသြားေၾကာင္း သိရွိရသည္။ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဆရာေတာ္ဦးသုမနမွ သ႐ုပ္ေဆာင္ျမင့္ျမတ္၏ ဖုန္းနံပါတ္ကို ဆက္သြယ္စုံစမ္း၍ ေမးျမန္းၾကည့္ရာတြင္ မဟုတ္မွန္ေၾကာင္းသိရၿပီး လိမ္လည္သြားသူက ယုံၾကည္ေအာင္ေျပာဆို လိမ္လည္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

မိဘမဲ့ဘုန္းေတာ္ႀကီးသင္ စားသင္ေက်ာင္းတစ္ေက်ာင္းထံမွ ျမင့္ျမတ္နာမည္ကို အလြဲသံုးစားလုပ္ၿပီး ေငြေၾကးလိမ္လည္မႈျဖစ္ပြား 4

မိဘမဲ့ဘုန္းေတာ္ႀကီးသင္ စားသင္ေက်ာင္းတစ္ေက်ာင္းထံမွ ျမင့္ျမတ္နာမည္ကို အလြဲသံုးစားလုပ္ၿပီး ေငြေၾကးလိမ္လည္မႈျဖစ္ပြား 5

လက္ရွိအခ်ိန္တြင္ ဆရာေတာ္ဦးသုမနမွာ ျပည္ၿမိဳ႕သို႔ႂကြေရာက္ေန၍ ျပည္ၿမိဳ႕အမွတ္၂ စခန္း၌ အေၾကာင္းၾကားထားေၾကာင္းႏွင့္ ဆရာေတာ္ေက်ာင္းတြင္မူလတန္းေက်ာင္းသား ၂၁၂ ေယာက္ မူလြန္ေက်ာင္းသား ၆၆ ေယာက္ ဆရာဆရာမ ၁၃ ေယာက္ႏွင့္ ႏို႔စို႔ကေလး ဆယ္ေယာက္တို႔ကို ေကြၽးေမြးျပဳစုေစာင့္ေရွာက္ေနရသျဖင့္လႉဒါန္းထားေသာေငြမ်ားအား လိမ္လည္သြားသည့္ မသမာသူမ်ားအားသိရွိပါက ဖုန္းနံပါတ္ ၀၉၇၇၇၆၄၀၆၆၂ သို႔ ဆက္သြယ္အေၾကာင္းၾကားေပးႏိုင္ပါေၾကာင္း ဆရာေတာ္ကမိန႔္ၾကားသည္။ ခရက္ဒစ္ျမန္မာႏ်ဴးမားကက္

Unicode Version

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် သင်္ခရိုင် မိဘမဲ့ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆရာတော် ဦးသုမနထံမှ ဇူလိုင် ၁၁ ရက်နေ့လယ် ၁၂ နာရီအချိန်၌သရုပ်ဆောင်မြင့်မြတ်နာမည်ကို အသုံးပြု၍ ငွေ ၇ သိန်း ၇ သောင်း လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း ဆရာတော်ထံမှသိရှိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်နံနက် ၁၀ နာရီ၌ “ကျွန်တော်သရုပ်ဆောင်မြင့်မြတ်ပါ။

ဆရာတော်ကျောင်းကို ဆန်အိတ် ၁၂၀ လှူချင်လို့ပါ ဆိုပြီးဖုန်းဆက်တယ်။ ၁၁ နာရီမှာ နောက်ထပ် ကားသမားပါ မြင့်မြတ်က ဆန်အိတ်ပို့ခိုင်းထားတာပါ။အခုကားက တိုက်ကြီးမှာ လေးကျိုးသွားလို့ မလာနိုင်သေးတာပါ ဆိုပြီးဖုန်းဆက်တယ်။ ကိုမြင့်မြတ်ဆိုသူက ဖုန်းထပ်ဆက်တယ် တပည့်တော် မေမြို့မှာ ကားရိုက်နေလို့ကားသမားကိုငွေ ၂၇၀၀၀၀ ကျပ်လွှဲပေးလိုက်ပါ ဆိုလို့ ဆရာတော်လည်း လွှဲပေးလိုက်တယ်။ ၁၄ ရက်နေ့မှာ တပည့်တော် မအေးသောင်း ပုလဲဝင်းတို့နဲ့ ကလေးတွေပျော်အောင် သီချင်းလာဆိုပြမယ် ယုံအောင်ပြောပြီးငွေ ၅ သိန်းထပ်လွှဲခိုင်းလို့ လွှဲပေးလိုက်တယ်” ဟု ဆရာတော်ဦးသုမနက မိန့်ကြားသည်။

ထို့ပြင် ဆရာတော်ကို ဘယ်မြို့မှာလဲမေး၍ ဆရာတော်က မန္တလေးမှာဟုဖြေကြားခဲ့ရာမေမြို့ကိုလာခဲ့ပါ ငွေလာပေးမည်ပြော၍ မေမြို့ကန်တော်ကြီး၌ စောင့်ခဲ့ရာတွင် လာရောက်ခြင်းမရှိ၍ ငွေလွှဲခဲ့သည့် Wave Money ဆိုင်သို့မေးမြန်းကြည့်ရာ လှိုင်သာယာ အမှတ် ၂ ရပ်ကွက် ပီမိုးနင်းလမ်းရွှေယမင်းစတိုးဆိုင်ရှိ Wave Money ကိုယ်စားလှယ်ထံမှ အမည်မသိသူတစ်ဦးက လာရောက်ထုတ်ယူသွားကြောင်း သိရှိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာတော်ဦးသုမနမှ သရုပ်ဆောင်မြင့်မြတ်၏ ဖုန်းနံပါတ်ကို ဆက်သွယ်စုံစမ်း၍ မေးမြန်းကြည့်ရာတွင် မဟုတ်မှန်ကြောင်းသိရပြီး လိမ်လည်သွားသူက ယုံကြည်အောင်ပြောဆို လိမ်လည်သွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဆရာတော်ဦးသုမနမှာ ပြည်မြို့သို့ကြွရောက်နေ၍ ပြည်မြို့အမှတ်၂ စခန်း၌ အကြောင်းကြားထားကြောင်းနှင့် ဆရာတော်ကျောင်းတွင်မူလတန်းကျောင်းသား ၂၁၂ ယောက် မူလွန်ကျောင်းသား ၆၆ ယောက် ဆရာဆရာမ ၁၃ ယောက်နှင့် နို့စို့ကလေး ဆယ်ယောက်တို့ကို ကျွေးမွေးပြုစုစောင့်ရှောက်နေရသဖြင့်လှူဒါန်းထားသောငွေများအား လိမ်လည်သွားသည့် မသမာသူများအားသိရှိပါက ဖုန်းနံပါတ် ၀၉၇၇၇၆၄၀၆၆၂ သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ပါကြောင်း ဆရာတော်ကမိန့်ကြားသည်။