မင်း​သွေးကို နှုတ်​ဆက်​အနမ်း​ပေးလိုက်​တဲ့ ​ဖော်​ကာ

သရုပ်ဆောင် မင်းသွေးနဲ့ ညီ အကိုလိုပေါင်းလာခဲ့တဲ့ ဖော်ကာ ဒီသေဆုံးမှုကြီးကို ရုတ်တရက်လက်ခံနိုင်စွမ်းမရှိခဲ့ပါဘူး။ မင်းသွေးမူးလဲပြီး ဆေးရုံရောက်နေခဲ့တယ်လို့ ဖုန်းဆက်တဲ့အချိန်မှာတောင် စနေခဲ့တယ်လို့ပဲ ထင်မှတ်ခဲ့သူတစ်ဦးပါ။ ပါရမီဆေးရုံကိုအပြေးလိုက်သွားပေမယ့် မမီခဲ့ပါဘူး။ မင်းသွေးနဲ့ ဖော်ကာတို့ဟာ တွေ့ဖြစ်ကြရင်တောင် တစ်ယောက်နဲ့ တစ်ယောက် အမြဲဆဲဆိုပြောပြီး ပေါင်းသင်းနေရလောက်အောင် ရင်းနှီးလွန်းကြသူတွေလည်းဖြစ်ပါတယ်။

မင်း​သွေးကို နှုတ်​ဆက်​အနမ်း​ပေးလိုက်​တဲ့ ​ဖော်​ကာ 1

ခရီးထွက်တိုင်း ဖော်ကာအတွက် လက်ဆောင်တွေ အမြဲပါပါလာတတ်တဲ့ မင်းသွေးတစ်ယောက် ဒီတစ်ခေါက်မှာတော့ ခါတိုင်းနဲ့မတူတဲ့ ထူးဆန်းတဲ့လက်ဆောင်လေးပါလာခဲ့ပါတယ်။ ခါတိုင်းတွေလို သူကြိုက်တတ်တဲ့ စွပ်ကျယ်လေးတွေ ဝယ်လာပေးခဲ့တာမဟုတ်ဘဲ ကားရေမွေးလေး လက်ဆောင်ပေးခဲ့တာပါ။ သူငယ်ချင်းအဖြစ် ရင်းနှီးကျွမ်းဝင်လာတာ (၈) နှစ်ရှိခဲ့ပြီဖြစ်ပေမယ့် ပိစိလေးတည်းက ပေါင်းလာခဲ့သလို ခံစားရတယ်လို့လည်း ဖော်ကာက ဝမ်းနည်းစွာပြောပြပါသေးတယ်။

မင်း​သွေးကို နှုတ်​ဆက်​အနမ်း​ပေးလိုက်​တဲ့ ​ဖော်​ကာ 2

အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ယူထားချင်ပေမယ့် သူသေဆုံးတယ်ဆိုတာကို လက်မခံချင်လို့ ဓာတ်ပုံတောင်မရိုက်ခဲ့ပါဘူးလို့ ဖော်ကာတစ်ယောက် မျက်ရည်တွေနဲ့ ပြောလာပါသေးတယ်။မင်းသွေးရဲ့ သေဆုံးမှုကို လက်မခံနိုင်ပေမယ့် သူ့ကို ပိုက်တွေဆွဲဖြုတ်နေကြတဲ့အချိန်မှာတော့ တကယ်ပဲထွက်သွားပြီဆိုတာကို လက်ခံလိုက်ရပါတယ်။“ပိုက်တွေဖြုတ်တာ မြင်တော့မှ တကယ်ဆုံးသွားပြီ တကယ်ထွက်သွားပြီဆိုတာကို သိလိုက်တော့တယ်။ ကျတော် စေ့စေ့မကြည့်ရဲသေးဘူး။ ပါရမီမှာတုန်းကပဲ ခေါင်းလေးတွေပွတ်ပေးပြီးနှုတ်ဆက်ကြတယ်။ အဲတခေါက်တုန်းကပဲ ဒီကောင့်ကို ကျတော်ဖက်ပြီးနမ်းလိုက်တယ်။ ဒီကောင့်ကို ကျတော်တခါမှမနမ်းဖူးဘူး။ ထိုးနေကျ လက်မောင်းထိုးလိုက်နဲ့။ ပထမဆုံးနဲ့ နောက်ဆုံးနမ်းတာဖြစ်သွားတာပေါ့။ ဒီကောင့်နဖူးလေးကိုပဲ နမ်းလိုက်တယ်။ ကျတော် ရခိုင်လိုပဲ ဆုတောင်းပေးလိုက်တယ်။”

မင်း​သွေးကို နှုတ်​ဆက်​အနမ်း​ပေးလိုက်​တဲ့ ​ဖော်​ကာ 3

မင်းသွေးသေဆုံးသွားတာနဲ့ပတ်သက်ပြီးတော့လည်း မဟုတ်မမှန်တဲ့ ကောလဟာလသတင်းတွေကို သူငယ်ချင်းဖြစ်သူ ဖော်ကာက ပြတ်ပြတ်သားသားဖြေရှင်းပေးလိုက်ပါတယ်။“ပြောကြတာတွေ တွေ့တယ်။ အဲဒါလုံးဝမဟုတ်ပါဘူး။ မူးယစ်ဆေးမပြောနဲ့ အရက်တောင်မသောက်ဘူး ကျတော့်သူငယ်ချင်းက။ အိမ်မှာမွေးနေ့ကျလို့ အချင်းချင်းသောက်ကြစားကြရင်တောင် ဘီယာ ၂ ဗူးယုတ်စွအဆုံးပဲ အဲဒါတောင် အတင်းတိုက်မှသောက်တဲ့သူပါ။ သူဒီဘဝမှာ ဒီလောက်ပဲပါလာလို့ ဒီလိုဆုံးတယ်လို့ပဲ သဘောထားရမယ်လို့ ထင်ပါတယ်”သူငယ်ချင်းဆိုတဲ့သံယောဇဉ်ဟာ မိသားစုဝင်တစ်ယောက်ကိုဆုံးရှုံးရသလိုပဲ ခံစားရတယ်ဆိုတာ ဖော်ကာရဲ့ ဖြေကြားချက်လေးတွေထဲမှာ တွေ့မြင်နိုင်ပါတယ်။

We Love Cele