ဘာ Brand မှ မသုံးပဲ လှ​နေတာပါဆိုတဲ့ ​ဘေဘီ​မောင်
ဘာ Brand မှ မသုံးပဲ လှ​နေတာပါဆိုတဲ့ ​ဘေဘီ​မောင် 1
ဘာ Brand မှ မသုံးပဲ လှ​နေတာပါဆိုတဲ့ ​ဘေဘီ​မောင် 2
ဘာ Brand မှ မသုံးပဲ လှ​နေတာပါဆိုတဲ့ ​ဘေဘီ​မောင် 3
ဘာ Brand မှ မသုံးပဲ လှ​နေတာပါဆိုတဲ့ ​ဘေဘီ​မောင် 4
ဘာ Brand မှ မသုံးပဲ လှ​နေတာပါဆိုတဲ့ ​ဘေဘီ​မောင် 5
Unicode Version
ဘေဘီမောင်ဟာဆိုရင် အဆိုတော်သားဂန်းရဲ့ တစ်ဦးတည်းသောချစ်သူလေးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ပိုင်ဆိုင်ထားတာပါနော်…။ မြန်မာဝတ်စုံလေးတွေကိုလည်း ရိုးယဉ်စွာ ဝတ်ဆင်လေ့ရှိပြီး ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်…။ ဗီဒီယိုဇာတ်ကားများစွာတင်လည်း ပါဝင်ခဲ့ပြီး ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်…။ ဘေဘီမောင်ဟာဆိုရင် သဘောထားကောင်းသူဖြစ်ပြီး စိတ်သဘောထားကောင်းတဲ့အတွက်ကြောင့် တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်…။
ဘေဘီမောင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး….၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်းလက်ခံရိုက်ကူးထားတာဖြစ်ပါတယ်…။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး အောင်မြင်စွာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာကို မြင်တွေ့ရမှာပါ…။ အဆိုဝါသနာပါတဲ့ ဘေဘီမောင်ဟာဆိုရင် ချစ်သူသားဂန်းနဲ့အတူ နှစ်ကိုယ်တော် တေးသီချင်းတွေ ပြုလုပ်ဖို့လည်းစီစဉ်နေတာဖြစ်ပါတယ်…။ gym ဝါသနာပါတဲ့ သူတို့စုံတွဲလေးဟာဆိုရင် အတွဲညီညီ ဆော့ကစားလေ့ရှိပြီး ပရိသတ်တွေကို ပြသပေးလေ့ရှိတာဖြစ်ပါတယ်…။
ဘေဘီမောင်ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်….။ အခုတစ်ခါမှာဆိုရင်လည်း “တစ်နေ့ထက်တစ်နေ့ရုပ်လှချင်းထက် စိတ်လှအောင်ပိုနေရမယ်လို့လူကြီးတွေကဆုံးမထားတယ် ဘုရားတရားမမေ့ရင်လည်းဘာbrandမှသုံးစရာမလိုပဲမျက်နှာလေးကကြည်ကြည်လင်လင်လေးနဲ့ချစ်ဖို့ကောင်းတယ်တဲ့” ဆိုတဲ့ status လေးနဲ့အတူ တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။Myanmarload