ဘာသာစကား ၆ မ်ိဳးေလာက္ထိ ေျပာႏုိင္တယ္ဆုိတဲ့ အမြန္းရဲ႕ ဘာသာစကားစေကး

ႏိုင္ငံေက်ာ္ အႏုပညာရွင္ တေယာက္ျဖစ္တဲ့ အဆိုေတာ္ အမြန္းကိုေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း သိထားၾကမွာပါ။ အမြန္းကေတာ့ အရည္အခ်င္းရွိတဲ့ လူငယ္ တေယာက္ျဖစ္သလို ထြက္လာတဲ့ သီခ်င္းေတြ MTV ေတြ အားလံုးကလည္း လံုးဝကို အမိုက္စားပါပဲ။ သူ႔အေနနဲ႔ အဆိုေတာ္ အျပင္လက္ရွိမွာေတာ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြ ရိုက္ေနျပီး သရုပ္ေဆာင္ဖက္ကို ပိုျပီးလုပ္လာတာကို ေတြ႔ရပါတယ္။ ဒါေၾကာင့္အမြန္းတေယာက္ကေတာ့ သူ႔ရဲ့ အႏုပညာလႈပ္ရွားမႈေတြနဲ႔ သူ႔ရဲ့ ထူးျခားခ်က္ေတြ အေၾကာင္းေျပာၾကားလာခဲ့ပါတယ္။

ဘာသာစကား ၆ မ်ိဳးေလာက္ထိ ေျပာႏုိင္တယ္ဆုိတဲ့  အမြန္းရဲ႕ ဘာသာစကားစေကး 1

အမြန္းကေတာ့ Sunday နဲ႔ အင္တာဗ်ဳးတြင္ “အမြန္းက ႏိုင္ငံျခားဘာသာ တကၠသိုလ္မွာ ရုရွားနဲ႔ ဘြဲ႔ရထားတာပါ။ အမြန္းက ၃ ႏွစ္တာ ကာလသင္ထားတာဆိုေတာ့ အဂၤလိပ္စကားလို ေန႔စဥ္မသံုးေနတာေၾကာင့္ မ်ားမ်ားေျပာဖို႔ေတာ့ လိုပါတယ္။ အဂၤလိပ္ဆိုရင္ ေန႔တိုင္းသံုးတယ္ေလ။ ရုရွားကေတာ့ နည္းနည္းစဥ္းစားျပီးမွ သံုးတာမ်ိဳးေပါ့။ ရုရွားကို ဘာလို႔ ေရြးခ်ယ္ျဖစ္တာလည္းဆိုေတာ့ အမြန္းက ဆယ္တန္းတုန္းက အဂၤလိပ္စာ ဂုဏ္ထူးပါတယ္။ ဒါေပမယ့္ UFL တကၠသိုလ္ကို သြားေတာ့ အဂၤလိပ္စာသင္ခြင့္မရဘူး။ အမြန္းရဲ့ အမွတ္ေပါင္းက အဲ့ေလာက္မမ်ားဘူး ျဖစ္ေနတာ။ အဲ့ေတာ့ ေက်ာင္းတက္ဖုိ႔ေတာ့ မီတယ္။ အဂၤလိပ္စာတတ္ဖို႔ေတာ့ မမီဘူး။ အဲ့ေတာ့ဘာပဲ ျဖစ္ျဖစ္ ဘာသာစကား တခုတတ္တယ္ဆိုျပီးေတာ့ ရုရွားဘာသာကို ယူလိုက္တာပါ။ ျပီးေတာ့မွ အမြန္းၾကိဳက္သြားတာ။ ငါသင္လိုက္တာ မွန္ပါလားေပါ့။ အဂၤလိပ္ဆိုရင္ေတာင္ အျပင္မွာေလ့လာလို႔ ရတယ္”

ဘာသာစကား ၆ မ်ိဳးေလာက္ထိ ေျပာႏုိင္တယ္ဆုိတဲ့  အမြန္းရဲ႕ ဘာသာစကားစေကး 2

“အမြန္းသင္ခဲ့တဲ့ ေလ့လာခဲ့တဲ့ ဘာသာစကားေတြဆိုရင္ ျပင္သစ္ရွိတယ္။ ရုရွားရွိတယ္။ ဂ်ပန္ရွိတယ္။ ျပီးေတာ့ ကခ်င္နဲ႔ အဂၤလိပ္လည္း ပါပါတယ္။ စုစုေပါင္း ျမန္မာေရာ ပါရင္ ဘာသာစကား ၆ မ်ိဳးတက္တာေပါ့”

ဘာသာစကား ၆ မ်ိဳးေလာက္ထိ ေျပာႏုိင္တယ္ဆုိတဲ့  အမြန္းရဲ႕ ဘာသာစကားစေကး 3

ခ်စ္သူနဲ႔ ပံုေတြ သိပ္မတင္ျဖစ္တာနဲ႔ ပတ္သက္ျပီး “ခါတိုင္းကလည္း သိပ္ျပီးေတာ့ မတင္ပါဘူး။ စိတ္ကူးေလး ေပါက္မွေပါ့။ တႏွစ္မွ တပံုေလာက္ပဲရွိပါတယ္။ ဒါကလည္း Instagram မွာပဲ တင္ျဖစ္ပါတယ္။ Page ေတြမွာက်ေတာ့ Personal ပံုေလးေတြ သိပ္ျပီးေတာ့ မတင္ျဖစ္ဘူး။ ဒါကအမြန္းရဲ့ Personal ပံုစံပါပဲ။ အမြန္းကေတာ့ ေဖ်ာ္ေျဖတဲ့အရာေလးေတြကုိပဲတင့္ေလ့ ရွိတာပါ။ သရုပ္ေဆာင္လုပ္ဖို႔ကေတာ့ စိတ္လည္းဝင္စားတယ္။ ဝါသနာလည္း ပါပါတယ္။ ဆက္ျပီးေတာ့လည္း သရုပ္ေဆာင္လုပ္သြားဖို႔အတြက္လည္း ရွိပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။Nanmalgyi

Unicode Version

နိုင်ငံကျော် အနုပညာရှင် တယောက်ဖြစ်တဲ့ အဆိုတော် အမွန်းကိုတော့ တော်တော်များများလည်း သိထားကြမှာပါ။ အမွန်းကတော့ အရည်အချင်းရှိတဲ့ လူငယ် တယောက်ဖြစ်သလို ထွက်လာတဲ့ သီချင်းတွေ MTV တွေ အားလုံးကလည်း လုံးဝကို အမိုက်စားပါပဲ။ သူ့အနေနဲ့ အဆိုတော် အပြင်လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်နေပြီး သရုပ်ဆောင်ဖက်ကို ပိုပြီးလုပ်လာတာကို တွေ့ရပါတယ်။ ဒါကြောင့်အမွန်းတယောက်ကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ သူ့ရဲ့ ထူးခြားချက်တွေ အကြောင်းပြောကြားလာခဲ့ပါတယ်။

အမွန်းကတော့ Sunday နဲ့ အင်တာဗျုးတွင် “အမွန်းက နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ ရုရှားနဲ့ ဘွဲ့ရထားတာပါ။ အမွန်းက ၃ နှစ်တာ ကာလသင်ထားတာဆိုတော့ အင်္ဂလိပ်စကားလို နေ့စဉ်မသုံးနေတာကြောင့် များများပြောဖို့တော့ လိုပါတယ်။ အင်္ဂလိပ်ဆိုရင် နေ့တိုင်းသုံးတယ်လေ။ ရုရှားကတော့ နည်းနည်းစဉ်းစားပြီးမှ သုံးတာမျိုးပေါ့။ ရုရှားကို ဘာလို့ ရွေးချယ်ဖြစ်တာလည်းဆိုတော့ အမွန်းက ဆယ်တန်းတုန်းက အင်္ဂလိပ်စာ ဂုဏ်ထူးပါတယ်။ ဒါပေမယ့် UFL တက္ကသိုလ်ကို သွားတော့ အင်္ဂလိပ်စာသင်ခွင့်မရဘူး။ အမွန်းရဲ့ အမှတ်ပေါင်းက အဲ့လောက်မများဘူး ဖြစ်နေတာ။ အဲ့တော့ ကျောင်းတက်ဖို့တော့ မီတယ်။ အင်္ဂလိပ်စာတတ်ဖို့တော့ မမီဘူး။ အဲ့တော့ဘာပဲ ဖြစ်ဖြစ် ဘာသာစကား တခုတတ်တယ်ဆိုပြီးတော့ ရုရှားဘာသာကို ယူလိုက်တာပါ။ ပြီးတော့မှ အမွန်းကြိုက်သွားတာ။ ငါသင်လိုက်တာ မှန်ပါလားပေါ့။ အင်္ဂလိပ်ဆိုရင်တောင် အပြင်မှာလေ့လာလို့ ရတယ်”

“အမွန်းသင်ခဲ့တဲ့ လေ့လာခဲ့တဲ့ ဘာသာစကားတွေဆိုရင် ပြင်သစ်ရှိတယ်။ ရုရှားရှိတယ်။ ဂျပန်ရှိတယ်။ ပြီးတော့ ကချင်နဲ့ အင်္ဂလိပ်လည်း ပါပါတယ်။ စုစုပေါင်း မြန်မာရော ပါရင် ဘာသာစကား ၆ မျိုးတက်တာပေါ့”

ချစ်သူနဲ့ ပုံတွေ သိပ်မတင်ဖြစ်တာနဲ့ ပတ်သက်ပြီး “ခါတိုင်းကလည်း သိပ်ပြီးတော့ မတင်ပါဘူး။ စိတ်ကူးလေး ပေါက်မှပေါ့။ တနှစ်မှ တပုံလောက်ပဲရှိပါတယ်။ ဒါကလည်း Instagram မှာပဲ တင်ဖြစ်ပါတယ်။ Page တွေမှာကျတော့ Personal ပုံလေးတွေ သိပ်ပြီးတော့ မတင်ဖြစ်ဘူး။ ဒါကအမွန်းရဲ့ Personal ပုံစံပါပဲ။ အမွန်းကတော့ ဖျော်ဖြေတဲ့အရာလေးတွေကိုပဲတင့်လေ့ ရှိတာပါ။ သရုပ်ဆောင်လုပ်ဖို့ကတော့ စိတ်လည်းဝင်စားတယ်။ ဝါသနာလည်း ပါပါတယ်။ ဆက်ပြီးတော့လည်း သရုပ်ဆောင်လုပ်သွားဖို့အတွက်လည်း ရှိပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။Nanmalgyi