ဘယ်လိုပင်ဝေဖန်သံတွေ ရှိနေပါစေ သားသမီးတွေကြောင့် ဝေဖန်သံတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူးဆိုတဲ့ မေမေ ခိုင်နှင်းဝေ
ဘယ်လိုပင်ဝေဖန်သံတွေ ရှိနေပါစေ သားသမီးတွေကြောင့် ဝေဖန်သံတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူးဆိုတဲ့ မေမေ ခိုင်နှင်းဝေ 1
ဘယ်လိုပင်ဝေဖန်သံတွေ ရှိနေပါစေ သားသမီးတွေကြောင့် ဝေဖန်သံတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူးဆိုတဲ့ မေမေ ခိုင်နှင်းဝေ 2
ဘယ်လိုပင်ဝေဖန်သံတွေ ရှိနေပါစေ သားသမီးတွေကြောင့် ဝေဖန်သံတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူးဆိုတဲ့ မေမေ ခိုင်နှင်းဝေ 3
Unicode Version
ပရဟိတလုပ်ငန်းတွေမှာ ရော အနုပညာအလုပ်တွေမှာပါ အောင်မြင်နေတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ကလေးများရဲ့ မေမေခိုင်နှင်းဝေကတော့ သားသမီးလေးတွေရဲ့ အပြုံးလေးတွေကြောင့် ပင်ပန်းသော်လည်း ရုန်းကန်ရတာမမောပါ။ သားသမီးအရင်းလည်း မဟုတ်ဘဲ ဆိုတဲ့ပြစ်တင်ဝေဖန်သံတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူးဆိုတဲ့အကြောင်းကို သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ်။
“သမီးလေးလို့ခေါ်နေရတာကိုက ကျွန်မအတွက် အဓိပ္ပါယ်တွေပြည့်စုံနေသလိုခံစားရပါတယ်။တချို့တွေပြောကြတယ် , ဟန်ဆောင်နေတယ်တဲ့ တချို့တွေပြောကြတယ် ကိုယ့် သား,သမီးအရင်းမှမဟုတ်တာတဲ့ တချို့တွေပြောကြတယ် , ပေါ်ပြူလာဖြစ်ချင်လို့တဲ့ ဒီမေးခွန်းတွေ,ပြစ်တင်ဝေဖန်သံတွေ ကျွန်မ ဂရုစိုက်ဖို့ အချိန်မရှိဘူး။ဘာဖြစ်လို့လဲဆိုတော့သမီးလေး သိတတ်တဲ့အရွယ်ရောက်ရင် ငါ့အမေက ငါ့ကို ချစ်ခြင်းမေတ္တာတရားကြီးမားပါလားဆိုတာ ကျွန်မသမီးလေး နှလုံးသားနဲ့ နားလည်ခံစားတတ်စေဖို့ ကျွန်မ အစွမ်းကုန်ကြိုးစားရမယ်လေ” ဆိုပြီးတော့ လူတွေပစ်တင်ပြောဆိုနေတာတွေကို ဂရုမစိုက်ဘဲ ချစ်ခြင်းမေတ္တာတွေကို အပြည့် အဝပေးမယ်ဆိုတာကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပြီးတော့
“လူတွေပြောသလိုမဟုတ်ဘူးဆိုတာ ကျွန်မ ရဲ့ သား,သမီးတွေ အားလုံး နားလည်ခံစားစေရမယ် ကျွန်မ ရဲ့ ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့သမီးလေး ကို ကြည့်ပြီး ဖြူစင်တဲ့အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာဆိုတာကို ပိုပိုပြီး သိလာတယ်။ မေမေ့ရင်ခွင်ထဲမှာ မေမေ့ရဲ့ ချစ်ခြင်းတွေနဲ့ လုံခြုံအေးချမ်းပါစေ သမီးလေးရေ” ဆိပြီးတော့လည်း မေမေတစ်ယောက်ရဲ့ ရင်ခွင်က ဘယ်လောက်အေးချမ်းနေတယ်ဆိုတာကိုလည်းဆက်ပြီးတော့ ဖော်ပြထားပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ သားသမီးလေးတွေကိုချစ်တဲ့အပေါ် ပြစ်တင်ဝေဖန်သံတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူးဆိုတဲ့ မေမေခိုင်နှင်းဝေ အတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။Celegabar