ဘယ္ဒါရိုက္တာကမွ ေခၚမသံုးေတာ့တဲ့ လူၾကမ္းသရုပ္ေဆာင္ေတြကို ရုပ္ရွင္ေခၚရိုက္ေနတဲ့ ယုန္ေလး

သရုပ္ေဆာင္အလုပ္ကို ဝါသနာပါလြန္းေပမယ့္ ဘယ္ဒါရိုက္တာကမွ ေခၚမသံုးေတာ့တာေၾကာင့္ အဆင္မေျပတဲ့ အေျခအေနေရာက္ေနၾကတဲ့ အရံသရုပ္ေဆာင္ေတြ လက္ရွိအနုပညာေလာကမွာ အမ်ားၾကီး ရွိေနတာ ေတြ႔ရပါတယ္။ ဒါရိုက္တာတစ္ဦးအေနနဲ႔ ရုပ္ရွင္ေတြရိုက္ကူးေနတဲ့ ယုန္ေလးကေတာ့ အဆိုပါ အရံသရုပ္ေဆာင္ေတြရဲ႕အခက္အခဲကို ျမင္ေတြ႔ေနရလို႔ သူ႔ရဲ႕ရုပ္ရွင္အသစ္မွာ ေနရာေလးတစ္ေနရာကေန ေခၚရိုက္ေပးေနတာ ေတြ႔ရပါတယ္။ ဘယ္သူကမွ မေခၚခ်င္တဲ့ အရံသရုပ္ေဆာင္ေတြကို အေရးတယူ ရုပ္ရွင္ေခၚရိုက္ေနတဲ့ ယုန္ေလးကေတာ့ တကယ့္ကို စိတ္ထားမြန္ျမတ္သူတစ္ဦးပါပဲေနာ္။

ဘယ္ဒါရိုက္တာကမွ ေခၚမသံုးေတာ့တဲ့ လူၾကမ္းသရုပ္ေဆာင္ေတြကို ရုပ္ရွင္ေခၚရိုက္ေနတဲ့ ယုန္ေလး 1

ဘယ္ဒါရိုက္တာကမွ ေခၚမသံုးေတာ့တဲ့ လူၾကမ္းသရုပ္ေဆာင္ေတြကို ရုပ္ရွင္ေခၚရိုက္ေနတဲ့ ယုန္ေလး 2

မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ ဘယ္ဒါရိုက္တာကမွ ေခၚမသံုးေတာ့တဲ့ လူၾကမ္းသရုပ္ေဆာင္ေတြကို သူ႔ရဲ႕ရုပ္ရွင္အသစ္မွာ ပါဝင္သရုပ္ေဆာင္ခိုင္းတဲ့ ယုန္ေလးရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ယုန္ေလးကေတာ့ “MC က View လိုက္ ကြ်န္ေတာ္က ေခၚရိုက္လိုက္နဲ႔ ဟုတ္ေတာ့ဟုတ္ေနၿပီ ေပ်ာ္ေနတာေတြ ျမင္ရေတာ့ ပီတိျဖစ္မိပါသည္ ။” ဆိုျပီး အနုပညာသမားအခ်င္းခ်င္း ေပ်ာ္ရႊင္ေနၾကတာေတြ ျမင္ရေတာ့ ပီတိျဖစ္မိိတဲ့အေၾကာင္းကို ေရးသားထားပါေသးတယ္။

ဘယ္ဒါရိုက္တာကမွ ေခၚမသံုးေတာ့တဲ့ လူၾကမ္းသရုပ္ေဆာင္ေတြကို ရုပ္ရွင္ေခၚရိုက္ေနတဲ့ ယုန္ေလး 3

ဘယ္ဒါရိုက္တာကမွ ေခၚမသံုးေတာ့တဲ့ လူၾကမ္းသရုပ္ေဆာင္ေတြကို ရုပ္ရွင္ေခၚရိုက္ေနတဲ့ ယုန္ေလး 4

ယုန္ေလးရဲ႕အေၾကာင္းကိုေတာ့ ပရိသတ္ေတြကလည္း သေဘာက်လြန္းလို႔ ခ်ီးမြမ္းေျပာဆိုေနၾကတာေတြလည္း ေတြ႔ရပါတယ္ေနာ္။

ဘယ္ဒါရိုက္တာကမွ ေခၚမသံုးေတာ့တဲ့ လူၾကမ္းသရုပ္ေဆာင္ေတြကို ရုပ္ရွင္ေခၚရိုက္ေနတဲ့ ယုန္ေလး 5

အဆိုေတာ္တစ္ဦးအေနနဲ႔ ပရိသတ္ေတြရဲ႕လက္ခံအားေပးျခင္းကို ရရွိထားတဲ့ ယုန္ေလးကေတာ့ အခုဆိုရင္ သရုပ္ေဆာင္အလုပ္သာမကပဲ ဒါရိုက္တာတစ္ဦးအေနနဲ႔ပါ ဇာတ္ကားေတြရိုက္ကူးေနရျပီပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ယုန္ေလးက သူကိုယ္တိုင္ ဒါရိုက္တာလုပ္ျပီး ရိုက္ကူးေနတဲ့ “Mafia City” ရုပ္ရွင္ဇာတ္ကားၾကီးထဲမွာ လူၾကမ္းသရုပ္ေဆာင္ေတြ အမ်ားၾကီးကို ေနရာေပးထားတာပါ။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း စိတ္ထားေကာင္းတဲ့ ယုန္ေလးေၾကာင့္ ေပ်ာ္ေနၾကတဲ့ အရံသရုပ္ေဆာင္ေတြကို သေဘာက်ရင္ Share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။Momolay

Unicode Version

သရုပ်ဆောင်အလုပ်ကို ဝါသနာပါလွန်းပေမယ့် ဘယ်ဒါရိုက်တာကမှ ခေါ်မသုံးတော့တာကြောင့် အဆင်မပြေတဲ့ အခြေအနေရောက်နေကြတဲ့ အရံသရုပ်ဆောင်တွေ လက်ရှိအနုပညာလောကမှာ အများကြီး ရှိနေတာ တွေ့ရပါတယ်။ ဒါရိုက်တာတစ်ဦးအနေနဲ့ ရုပ်ရှင်တွေရိုက်ကူးနေတဲ့ ယုန်လေးကတော့ အဆိုပါ အရံသရုပ်ဆောင်တွေရဲ့အခက်အခဲကို မြင်တွေ့နေရလို့ သူ့ရဲ့ရုပ်ရှင်အသစ်မှာ နေရာလေးတစ်နေရာကနေ ခေါ်ရိုက်ပေးနေတာ တွေ့ရပါတယ်။ ဘယ်သူကမှ မခေါ်ချင်တဲ့ အရံသရုပ်ဆောင်တွေကို အရေးတယူ ရုပ်ရှင်ခေါ်ရိုက်နေတဲ့ ယုန်လေးကတော့ တကယ့်ကို စိတ်ထားမွန်မြတ်သူတစ်ဦးပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဘယ်ဒါရိုက်တာကမှ ခေါ်မသုံးတော့တဲ့ လူကြမ်းသရုပ်ဆောင်တွေကို သူ့ရဲ့ရုပ်ရှင်အသစ်မှာ ပါဝင်သရုပ်ဆောင်ခိုင်းတဲ့ ယုန်လေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ယုန်လေးကတော့ “MC က View လိုက် ကျွန်တော်က ခေါ်ရိုက်လိုက်နဲ့ ဟုတ်တော့ဟုတ်နေပြီ ပျော်နေတာတွေ မြင်ရတော့ ပီတိဖြစ်မိပါသည် ။” ဆိုပြီး အနုပညာသမားအချင်းချင်း ပျော်ရွှင်နေကြတာတွေ မြင်ရတော့ ပီတိဖြစ်မိတဲ့အကြောင်းကို ရေးသားထားပါသေးတယ်။

ယုန်လေးရဲ့အကြောင်းကိုတော့ ပရိသတ်တွေကလည်း သဘောကျလွန်းလို့ ချီးမွမ်းပြောဆိုနေကြတာတွေလည်း တွေ့ရပါတယ်နော်။

အဆိုတော်တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့လက်ခံအားပေးခြင်းကို ရရှိထားတဲ့ ယုန်လေးကတော့ အခုဆိုရင် သရုပ်ဆောင်အလုပ်သာမကပဲ ဒါရိုက်တာတစ်ဦးအနေနဲ့ပါ ဇာတ်ကားတွေရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယုန်လေးက သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးနေတဲ့ “Mafia City” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လူကြမ်းသရုပ်ဆောင်တွေ အများကြီးကို နေရာပေးထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း စိတ်ထားကောင်းတဲ့ ယုန်လေးကြောင့် ပျော်နေကြတဲ့ အရံသရုပ်ဆောင်တွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။Momolay

Be the first to comment

Leave a Reply

Your email address will not be published.


*