ဗိုလ်ချုပ်ရုပ်ရှင်ကို တစ်ကမ္ဘာလုံး ဖြန့်နိုင်ရင် ပိုကောင်းမယ်ဆိုတဲ့ ဒေါ်ဆွေဇင်ထိုက်
ဗိုလ်ချုပ်ရုပ်ရှင်ကို တစ်ကမ္ဘာလုံး ဖြန့်နိုင်ရင် ပိုကောင်းမယ်ဆိုတဲ့ ဒေါ်ဆွေဇင်ထိုက် 1
ဗိုလ်ချုပ်ရုပ်ရှင်ကို တစ်ကမ္ဘာလုံး ဖြန့်နိုင်ရင် ပိုကောင်းမယ်ဆိုတဲ့ ဒေါ်ဆွေဇင်ထိုက် 2
ဗိုလ်ချုပ်ရုပ်ရှင်ကို တစ်ကမ္ဘာလုံး ဖြန့်နိုင်ရင် ပိုကောင်းမယ်ဆိုတဲ့ ဒေါ်ဆွေဇင်ထိုက် 3
Unicode Version
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္ထိကို ရုပ်ရှင်ရိုက်ဖို့ အသံလွှင့်လာခဲ့တဲ့ အခုလောက်ဆိုရင် ပိတ်ကားပေါ် ရောက်သင့်နေတဲ့ အချိန် ရောက်နေပါပြီ။ ပြင်ဆင်ရတဲ့အပိုင်း သရုပ်ဆောင် ရွေးချယ်ရတဲ့အပိုင်းမှာ သေချာလေး စိစစ်ရတာကြောင့် နှောင့်နှေးတာ ဖြစ်နိုင်ချေ ရှိပေမဲ့ ဒါရိုက်တာ လူမင်းကတော့ ၅ လ အတွင်း အပြီး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဇာတ်ညွှန်းပိုင်း ၊ အဝတ်အစားပိုင်း ပြီးသလောက် နီးပါးဖြစ်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကိုတော့ စက်တင်ဘာလကုန်မှာ စတင် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်ပြီး နိုင်ငံသားတစ်ယောက်အနေနဲ့ ထင်မြင်ယူဆချက်ကိုတော့ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ခုလို ပြောသွားပါတယ်။
“ကို ထွန်းအောင်ဇော်တော့ ပြောပြနေတာ တွေ့ပါတယ်။ လုပ်ရင်လည်း ဖြစ်ပါတယ်။ သူက တစ်ချို့ ကိစ္စတွေမှာ CGI သုံးရလိမ့်မယ် ထင်တယ်လေ။ CGI က အချိန်ပေးရတာပေါ့။
နိုင်ငံသားတစ်ယောက်အနေနဲ့ epic drama ပေါ့နော်။ လူတစ်ယောက်ရဲ့ ဘဝကို ပြတဲ့အခါမှာတော့ ဒီကာရိုက်တာက တကယ့်ကို တုနှိုင်းမမှီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြသလို့ ကောင်းပါတယ်။ တစ်ကမ္ဘာလုံးကို ဖြန့်နိုင်တဲ့ အနေအထား ဖြစ်မယ်ဆိုရင် ပိုကောင်းပါတယ်။” ဆိုပြီးပြောပြသွားပါတယ်။Nanmalgyi