ဖိုးခ်စ္​နဲ႔ သူၾကားမွာ ထား႐ွိထားတဲ့ ကတိတစ္​ခုကို ​ေျပာျပလာတဲ့ ထြန္​းထြန္​း

အကေကာင္းသလို ေဘာလုံးကန္ရာမွာလည္း ေကာင္းမြန္တဲ့ ေ႐ႊမန္းသားေလး ဖိုးခ်စ္ကေတာ့ ၿပီးခဲ့တဲ့ ေမလတ၁ရက္ေန႔က သူရဲ႕ခ်စ္သူနဲ႔ေစ့စပ္ေၾကာင္းလမ္းပြဲကို လႈိင္းဘြဲ႕ၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီလိုက်င္းပျပဳလုပ္လိုက္တဲ့အေပၚမွာ အံ့အားသင့္သြားတဲ့ လူေတြကေတာ့ ပရိသတ္ေတြတင္မဟုတ္ပါဘူး ။ အႏုပညာရပ္ဝန္းကလူေတြလည္းပါပါတယ္။ အႏုပညာရပ္ဝန္းက လူတစ္ေယာက္ျဖစ္တဲ့အျပင္ ဖိုးခ်စ္နဲ႔ ေဘာလုံးကန္ေဖာ္ကန္ဘက္လည္းျဖစ္တဲ့ ထြန္းထြန္းက Myanmar Celebrity နဲ႔အင္တာဗ်ဴးတစ္ခုမွာ သူနဲ႔ဖိုးခ်စ္ၾကားက ကတိတစ္ခုအေၾကာင္းေျပာျပသြားခဲ့ပါတယ္။ သူတို႔ၾကားမွာရွိတဲ့ ကတိကဘာျဖစ္မလဲဆိုတာကို ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးသိေအာင္ျျပန္လည္ေျပာျပေပးလိုက္ပါတယ္။

ဖိုးခ်စ္​နဲ႔ သူၾကားမွာ ထား႐ွိထားတဲ့ ကတိတစ္​ခုကို ​ေျပာျပလာတဲ့ ထြန္​းထြန္​း 1

“ဆရာခ်စ္က အကုန္လုံးကို Surprise လုပ္သြားတာ က်ေနာ္ေတာင္Amazingျဖစ္သြားတယ္။ Online မွာတက္လာမွသိတယ္။ ဖုန္းဆက္ေတာ့ အဆက္အသြယ္မရေသးဘူး ။ ဘာပဲျဖစ္ျဖစ္ေတာ့ ေျပာထားတယ္ေလအရင္ ကတည္းက ဆရာခ်စ္ ဦးရင္ က်ေနာ္လမ္းေလွ်ာက္ေပးမယ္ က်ေနာ္ဦးရင္ဆရာခ်စ္လမ္းေလွ်ာက္ေပးရမယ္ဆိုေတာ့ ။ သူဦးေတာ့ က်ေနာ္ေလွ်ာက္ေပးရမယ္ထင္တယ္။ သူကအလုပ္အရမ္းမ်ားတယ္ဗ်။ က်ေနာ္တို႔နဲ႔ ေဘာလုံးကန္မွေတြ႕တယ္။ က်ေနာ္တို႔နဲ႔ေဘာလုံးကန္ရင္ ေန႔ခင္းဘက္ေတြလည္းကန္ ညက်ရင္ခဏေလးအိပ္ၿပီးတညလုံးလည္းဇာတ္ေတြက ။ ၿပီးရင္ သဘင္ဥကၠဌလုပ္ေနေတာ့ အစည္းအေဝးေတြတက္နဲ႔ေတာ္ေတာ္အလုပ္လုပ္ႏိုင္တယ္ ။ ဆိုေတာ့ Respect ပါအခုလိုမ်ိဳး အခုလိုမ်ိဳးဘဝတစ္ခုအတြက္ထူေထာင္ဖို႔အတြက္စၿပီးႀကိဳးစားၿပီျဖစ္တဲ့အတြက္ တကယ္လည္းဂုဏ္ယူပါတယ္။ ေလးလည္းေလးစားပါတယ္။ ဝမ္းလည္းဝမ္းသာပါတယ္။” ဆိုၿပီး ဖိုးခ်စ္ေစ့စပ္သြားတဲ့အေပၚမွာ သူရဲ႕ပီတိေတြကိုေျပာျပသြားခဲ့ပါတယ္။

ဖိုးခ်စ္​နဲ႔ သူၾကားမွာ ထား႐ွိထားတဲ့ ကတိတစ္​ခုကို ​ေျပာျပလာတဲ့ ထြန္​းထြန္​း 2

ဖိုးခ်စ္​နဲ႔ သူၾကားမွာ ထား႐ွိထားတဲ့ ကတိတစ္​ခုကို ​ေျပာျပလာတဲ့ ထြန္​းထြန္​း 3

ေနာက္ၿပီးသူ႔ရဲ႕လက္တေလ အႏုပညာလႈပ္ရွားမႈေတြကိုလည္း “ ဒီႏွစ္ထဲမွာ က်ေနာ္တအားႀကိဳးစားရမယ့္ကားေတြ ေလးကားေလာက္ရွိတယ္။ အဲ့ဒီအတြက္ ဒါ႐ိုက္တာေတြေရာ ပ႐ိုဂ်ဴဆာေတြေရာက အင္တာဗ်ဴးေတြမွာ ႐ိုက္ဖို႔လိုက္ပဲေျပာထားပါလို႔ ထအသိေပးခိုင္းေတာ့ က်ေနာ့္မွာ တျခားဟာေတြေျပာလို႔မရပဲျဖစ္ေနတာ”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

Unicode Version

အကကောင်းသလို ဘောလုံးကန်ရာမှာလည်း ကောင်းမွန်တဲ့ ရွှေမန်းသားလေး ဖိုးချစ်ကတော့ ပြီးခဲ့တဲ့ မေလတ၁ရက်နေ့က သူရဲ့ချစ်သူနဲ့စေ့စပ်ကြောင်းလမ်းပွဲကို လှိုင်းဘွဲ့မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလိုကျင်းပပြုလုပ်လိုက်တဲ့အပေါ်မှာ အံ့အားသင့်သွားတဲ့ လူတွေကတော့ ပရိသတ်တွေတင်မဟုတ်ပါဘူး ။ အနုပညာရပ်ဝန်းကလူတွေလည်းပါပါတယ်။ အနုပညာရပ်ဝန်းက လူတစ်ယောက်ဖြစ်တဲ့အပြင် ဖိုးချစ်နဲ့ ဘောလုံးကန်ဖော်ကန်ဘက်လည်းဖြစ်တဲ့ ထွန်းထွန်းက Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာ သူနဲ့ဖိုးချစ်ကြားက ကတိတစ်ခုအကြောင်းပြောပြသွားခဲ့ပါတယ်။ သူတို့ကြားမှာရှိတဲ့ ကတိကဘာဖြစ်မလဲဆိုတာကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင် ပြန်လည်ပြောပြပေးလိုက်ပါတယ်။

“ဆရာချစ်က အကုန်လုံးကို Surprise လုပ်သွားတာ ကျနော်တောင်Amazingဖြစ်သွားတယ်။ Online မှာတက်လာမှသိတယ်။ ဖုန်းဆက်တော့ အဆက်အသွယ်မရသေးဘူး ။ ဘာပဲဖြစ်ဖြစ်တော့ ပြောထားတယ်လေအရင် ကတည်းက ဆရာချစ် ဦးရင် ကျနော်လမ်းလျှောက်ပေးမယ် ကျနော်ဦးရင်ဆရာချစ်လမ်းလျှောက်ပေးရမယ်ဆိုတော့ ။ သူဦးတော့ ကျနော်လျှောက်ပေးရမယ်ထင်တယ်။ သူကအလုပ်အရမ်းများတယ်ဗျ။ ကျနော်တို့နဲ့ ဘောလုံးကန်မှတွေ့တယ်။ ကျနော်တို့နဲ့ဘောလုံးကန်ရင် နေ့ခင်းဘက်တွေလည်းကန် ညကျရင်ခဏလေးအိပ်ပြီးတညလုံးလည်းဇာတ်တွေက ။ ပြီးရင် သဘင်ဥက္ကဌလုပ်နေတော့ အစည်းအဝေးတွေတက်နဲ့တော်တော်အလုပ်လုပ်နိုင်တယ် ။ ဆိုတော့ Respect ပါအခုလိုမျိုး အခုလိုမျိုးဘဝတစ်ခုအတွက်ထူထောင်ဖို့အတွက်စပြီးကြိုးစားပြီဖြစ်တဲ့အတွက် တကယ်လည်းဂုဏ်ယူပါတယ်။ လေးလည်းလေးစားပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။” ဆိုပြီး ဖိုးချစ်စေ့စပ်သွားတဲ့အပေါ်မှာ သူရဲ့ပီတိတွေကို ပြောပြသွားခဲ့ပါတယ်။

နောက်ပြီးသူ့ရဲ့လက်တလေ အနုပညာလှုပ်ရှားမှုတွေကိုလည်း “ ဒီနှစ်ထဲမှာ ကျနော်တအားကြိုးစားရမယ့်ကားတွေ လေးကားလောက်ရှိတယ်။ အဲ့ဒီအတွက် ဒါရိုက်တာတွေရော ပရိုဂျူဆာတွေရောက အင်တာဗျူးတွေမှာ ရိုက်ဖို့လိုက်ပဲပြောထားပါလို့ ထအသိပေးခိုင်းတော့ ကျနော့်မှာ တခြားဟာတွေပြောလို့မရပဲဖြစ်နေတာ”ဆိုပြီးပြောပြသွားခဲ့ပါတယ်။