ဖခင္ကို အဝတ္ေလွ်ာ္သည့္ သစ္သားတုတ္ႏွင့္ ရိုက္သတ္တဲ့သား

မိုးေကာင္းၿမိဳ႕နယ္အတြင္း ယမန္ေန႔က အိပ္ေပ်ာ္ေနသည့္ ဖခင္ကို သားျဖစ္သူမွ အဝတ္ေလွ်ာ္သည့္ သစ္သားတုတ္ႏွင့္ ရိုက္သျဖင့္ ဖခင္ျဖစ္သူမွာ ေသဆံုးသြားေၾကာင္း မိုးေကာင္းၿမိဳ႕မွ ရဲစခန္းမွ သိရသည္။

အခင္းျဖစ္ပြားသည့္ေန႔တြင္ ေသဆံုးသူ၏ ဇနီးျဖစ္သူ မစိမ္းစိမ္းေလးသည္ သားျဖစ္သူ အျပစ္ျဖစ္မည္ စိုးရိမ္သျဖင့္ ခင္ပြန္း ျဖစ္သူကို မိုးေကာင္းျပည္သူ႕ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး မိုးေကာင္းၿမိဳ႕မရဲစခန္းတြင္ အမည္မသိသူမ်ားက ရိုက္ႏွက္သြားသည္ဟု လိမ္လည္၍ မဟုတ္မမွန္ သတင္းေပး တိုင္တန္းခဲ့ေသာ္လည္း အျဖစ္မွန္ စစ္ေဆးေပၚေပါက္ခဲ့သည္။

ဖခင္ကို အဝတ္ေလွ်ာ္သည့္ သစ္သားတုတ္ႏွင့္ ရိုက္သတ္တဲ့သား 1

ျဖစ္စဥ္မွာ ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕၊ၿမိဳ႕ဦးရပ္ကြက္တြင္ စက္တင္ဘာ (၉)ရက္ ည(၉)နာရီခန္႔က မစိမ္းစိမ္းေအး(ခ)အန္းေခ်ာ၊ (၃၆)ႏွစ္သည္ ခင္ပြန္းျဖစ္သူူေဇာ္လင္းထြန္း၊ (၃၉)ႏွစ္ စကားမ်ားရန္ျဖစ္ၿပီး မစိမ္းစိမ္းေအးသည္ အိပ္ခန္းအတြင္းသို႔ ဝင္ေရာက္ကာ အိပ္ေပ်ာ္သြားစဥ္ နာရီဝက္ခန႔္အၾကာတြင္ ခင္ပြန္းျဖစ္သူ ေဇာ္လင္းထြန္း၏ “အား” ဟု ေအာ္ဟစ္သံၾကားရ၍ အိပ္ယာမွ လန႔္နိုးကာ ခင္ပြန္းျဖစ္သူ အခန္းအတြင္းသို႔ ဝင္ေရာက္ၾကည့္ရႈရာခင္ပြန္းျဖစ္သူတြင္ ဦးေခါင္းဝဲဘက္ေစာင္းတြင္ ေပါက္ၿပဲေသြးထြက္ဒဏ္ရာ ႏွာေခါင္းေသြးထြက္ ဒဏ္ရာမ်ားျဖင့္ ေတြ႕ရၿပီး သားျဖစ္သူ ေဇာ္ဟိန္း၊ (၁၆)ႏွစ္ခန႔္လက္ထဲတြင္ အဝတ္ေလွ်ာ္သည့္ သစ္သားတုတ္အား ကိုင္လ်ွက္ေတြ႕ရၿပီးသားျဖစ္သူမွ “အေမေအးေဆးေန”ျပန္ေျပာၿပီး ေနအိမ္ေပၚမွ ဆင္းသြားခဲ့သည္။

မစိမ္းစိမ္းေလးသည္ အိပ္ယာတြင္ ေမွာက္လ်က္လဲေနသည့္ ခင္ပြန္းအား ဒဏ္ရာမ်ားကို ေရျဖင့္ ေဆးေၾကာေပးၿပီး ၾကမ္းခင္းေပၚတြင္ ေပက်ံေနသည့္ ေသြးမ်ားကိုလည္း ေရျဖင့္ေဆးေၾကာကာ ခဲအိုျဖစ္သူအား သြားေရာက္ေခၚေဆာင္၍ ခင္ပြန္း ျဖစ္သူကို မိုးေကာင္းျပည္သူ႕ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး သားျဖစ္သူ အျပစ္ျဖစ္ မည္စိုးရိမ္သျဖင့္ မိုးေကာင္းၿမိဳ႕မ ရဲစခန္းတြင္လိမ္လည္၍ မဟုတ္မမွန္ သတင္းေပးတိုင္တန္းခဲ့ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

ဖခင္ကို အဝတ္ေလွ်ာ္သည့္ သစ္သားတုတ္ႏွင့္ ရိုက္သတ္တဲ့သား 2

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုးေကာင္းၿမိဳ႕မရဲစခန္းမွမဟုတ္မမွန္ သတင္းေပးတိုင္တန္းသူ မစိမ္းစိမ္းေအး(ခ)အန္းေခ်ာႏွင့္ ျပစ္မႈက်ဴးလြန္သူ ေဇာ္ဟိန္း၊ (၁၆)ႏွစ္ တို႔အား အမႈႀကီးအမွတ္စဥ္ ၃/၂၀၁၉ (ပ) ၉၈/၂၀၁၉၊ ရာဇသတ္ႀကီး – ၃၀၂/ ၁၁၄/ ၂၁၁ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။ခ်ိဳေမာင္

Unicode Version

မိုးကောင်းမြို့နယ်အတွင်း ယမန်နေ့က အိပ်ပျော်နေသည့် ဖခင်ကို သားဖြစ်သူမှ အဝတ်လျှော်သည့် သစ်သားတုတ်နှင့် ရိုက်သဖြင့် ဖခင်ဖြစ်သူမှာ သေဆုံးသွားကြောင်း မိုးကောင်းမြို့မှ ရဲစခန်းမှ သိရသည်။

အခင်းဖြစ်ပွားသည့်နေ့တွင် သေဆုံးသူ၏ ဇနီးဖြစ်သူ မစိမ်းစိမ်းလေးသည် သားဖြစ်သူ အပြစ်ဖြစ်မည် စိုးရိမ်သဖြင့် ခင်ပွန်း ဖြစ်သူကို မိုးကောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မိုးကောင်းမြို့မရဲစခန်းတွင် အမည်မသိသူများက ရိုက်နှက်သွားသည်ဟု လိမ်လည်၍ မဟုတ်မမှန် သတင်းပေး တိုင်တန်းခဲ့သော်လည်း အဖြစ်မှန် စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့၊မြို့ဦးရပ်ကွက်တွင် စက်တင်ဘာ (၉)ရက် ည(၉)နာရီခန့်က မစိမ်းစိမ်းအေး(ခ)အန်းချော၊ (၃၆)နှစ်သည် ခင်ပွန်းဖြစ်သူူဇော်လင်းထွန်း၊ (၃၉)နှစ် စကားများရန်ဖြစ်ပြီး မစိမ်းစိမ်းအေးသည် အိပ်ခန်းအတွင်းသို့ ဝင်ရောက်ကာ အိပ်ပျော်သွားစဉ် နာရီဝက်ခန့်အကြာတွင် ခင်ပွန်းဖြစ်သူ ဇော်လင်းထွန်း၏ “အား” ဟု အော်ဟစ်သံကြားရ၍ အိပ်ယာမှ လန့်နိုးကာ ခင်ပွန်းဖြစ်သူ အခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုရာခင်ပွန်းဖြစ်သူတွင် ဦးခေါင်းဝဲဘက်စောင်းတွင် ပေါက်ပြဲသွေးထွက်ဒဏ်ရာ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် တွေ့ရပြီး သားဖြစ်သူ ဇော်ဟိန်း၊ (၁၆)နှစ်ခန့်လက်ထဲတွင် အဝတ်လျှော်သည့် သစ်သားတုတ်အား ကိုင်လျှက်တွေ့ရပြီးသားဖြစ်သူမှ “အမေအေးဆေးနေ”ပြန်ပြောပြီး နေအိမ်ပေါ်မှ ဆင်းသွားခဲ့သည်။

မစိမ်းစိမ်းလေးသည် အိပ်ယာတွင် မှောက်လျက်လဲနေသည့် ခင်ပွန်းအား ဒဏ်ရာများကို ရေဖြင့် ဆေးကြောပေးပြီး ကြမ်းခင်းပေါ်တွင် ပေကျံနေသည့် သွေးများကိုလည်း ရေဖြင့်ဆေးကြောကာ ခဲအိုဖြစ်သူအား သွားရောက်ခေါ်ဆောင်၍ ခင်ပွန်း ဖြစ်သူကို မိုးကောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သားဖြစ်သူ အပြစ်ဖြစ် မည်စိုးရိမ်သဖြင့် မိုးကောင်းမြို့မ ရဲစခန်းတွင်လိမ်လည်၍ မဟုတ်မမှန် သတင်းပေးတိုင်တန်းခဲ့ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့မရဲစခန်းမှမဟုတ်မမှန် သတင်းပေးတိုင်တန်းသူ မစိမ်းစိမ်းအေး(ခ)အန်းချောနှင့် ပြစ်မှုကျူးလွန်သူ ဇော်ဟိန်း၊ (၁၆)နှစ် တို့အား အမှုကြီးအမှတ်စဉ် ၃/၂၀၁၉ (ပ) ၉၈/၂၀၁၉၊ ရာဇသတ်ကြီး – ၃၀၂/ ၁၁၄/ ၂၁၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ချိုမောင်

Be the first to comment

Leave a Reply

Your email address will not be published.


*