ပုဂံဟာ ကန္႔ကြက္သူမရွိ ကမာၻ႕အေမြအႏွစ္စာရင္းဝင္ႏုိင္ခဲ့တာျဖစ္ေၾကာင္း ေျပာျပလာတဲ့ မေအးေသာင္း

ေအး၀တ္ရည္ေသာင္းကေတာ႕ အနုပညာေလာကမွာ ေအာင္ျမင္စြာရပ္တည္ေနတဲ႕ ျမန္မာနိုင္ငံရဲ႕ထိပ္တန္းမင္းသမီးတစ္လက္ပဲျဖစ္ပါတယ္။လတ္တေလာမွာ ေအး၀တ္ရည္ေသာင္းက နွလံုးသားထဲက ပုဂံအဖြဲ႕နဲ႕အတူ အဇာဘိုင္ဂ်န္ ယူနက္စကို အစည္းအေဝးကိုတတ္ေရာက္ခဲ႕တာျဖစ္ျပီး ျမန္မာတို႕ရဲ႕ နွလံုးသားလို႕ဆိုရေလာက္တဲ႕ ပုဂံေျမကို ကမၻာ႕အေမြအနွစ္စာရင္း၀င္ျဖစ္ေအာင္စြမ္းေဆာင္ခဲ႕ျပီး ေအာင္ျမင္မႈေတြနဲ႕အတူ ျမန္မာျပည္ကိုျပန္လည္ေရာက္ရွိလာတာပဲျဖစ္ပါတယ္။

ပုဂံဟာ ကန္႔ကြက္သူမရွိ ကမာၻ႕အေမြအႏွစ္စာရင္းဝင္ႏုိင္ခဲ့တာျဖစ္ေၾကာင္း ေျပာျပလာတဲ့ မေအးေသာင္း 1

ပုဂံဟာ ကန္႔ကြက္သူမရွိ ကမာၻ႕အေမြအႏွစ္စာရင္းဝင္ႏုိင္ခဲ့တာျဖစ္ေၾကာင္း ေျပာျပလာတဲ့ မေအးေသာင္း 2

ေအး၀တ္ရည္ေသာင္းနဲ႕အတူ နွလံုးသားထဲကပုဂံအဖြဲ႕ ျမန္မာျပည္ကိုျပန္ေရာက္လာခ်ိန္မွာ ျမန္မာျပည္သူျပည္သားေတြကလည္း ေသာင္းေသာင္းဖ်ဖ်ၾကိဳဆိုၾကတာပဲျဖစ္ပါတယ္။ေအး၀တ္ရည္ေသာင္းက ပုဂံကို ကမၻာ႕ အေမြအနွစ္စာရင္း၀င္ခဲ႕တာနဲ႕ပတ္သက္ျပီး”ပုဂံကတကယ္ကို ျမန္မာေတြရဲ႕ ႏွလံုးသားကပဲေပါ႕ေနာ္။အဲ႕ဒါေၾကာင္႕မို႕ တကယ္ကို နွလံုးသားနဲ႕ ေပ်ာ္ရႊင္ပါတယ္။ နွလံုးသားနဲ႕ ပီတိျဖစ္ပါတယ္။အရမ္းလည္းဂုဏ္ယူပါတယ္။”လို႕ေျပာၾကားလာခဲ႕ပါတယ္။

ပုဂံဟာ ကန္႔ကြက္သူမရွိ ကမာၻ႕အေမြအႏွစ္စာရင္းဝင္ႏုိင္ခဲ့တာျဖစ္ေၾကာင္း ေျပာျပလာတဲ့ မေအးေသာင္း 3

ပုဂံဟာ ကန္႔ကြက္သူမရွိ ကမာၻ႕အေမြအႏွစ္စာရင္းဝင္ႏုိင္ခဲ့တာျဖစ္ေၾကာင္း ေျပာျပလာတဲ့ မေအးေသာင္း 4

ပုဂံဟာ ကန္႔ကြက္သူမရွိ ကမာၻ႕အေမြအႏွစ္စာရင္းဝင္ႏုိင္ခဲ့တာျဖစ္ေၾကာင္း ေျပာျပလာတဲ့ မေအးေသာင္း 5

“ေၾကညာတဲ႕ အခ်ိန္မွာေတာ႕ တျခားနိုင္ငံေတြက ကန္႔ကြက္တာကိုေတာ႕အမတို႕မၾကားခဲ႕ရဘူး။(၇)နိုင္ငံလံုးကေထာက္ခံတယ္ တခ်ိဳ႕နိုင္ငံေတြက်ေတာ႕ ပုဂံကို စာရင္း၀င္ျပီးျပီလို႕ေတာင္ထင္တဲ႕နိုင္ငံေတြေတာင္ရွိတယ္ဆိုေတာင္ ဒါကေတာ႕ ၀မ္းသာစရာပါပဲ။”ဆိုျပီးပုဂံကို ကမၻာ႕အေမြအနွစ္စာရင္း၀င္ေၾကာင္းေၾကညာခ်ိန္မွာလည္း ကန္႕ကြက္ခဲ႕တဲ႕ နိုင္ငံမရွိဘဲစာရင္း၀င္ခဲ႕တာလို႕ ေျပာၾကားခဲ႕ျပီး “တျခားနိုင္ငံေတြဆိုလို႕ရွိရင္ တခ်ိဳ႕နိုင္ငံကကန္ကကြက္တယ္ တခ်ိဳ႕နိုင္ငံကေထာက္ခံတယ္။တစ္နာရီေလာက္ကို အေျခအတင္ျဖစ္ၾကတဲ႕ နိုင္ငံေတြလည္းရွိတယ္ဆိုေတာ႕ အေတြ႕အၾကံဳေတြကေတာ႕ အမ်ားၾကီးပါပဲလို႕”ေျဖၾကားခဲ႕ပါေသးတယ္။ပရိသတ္ၾကီးေရ ျမန္မာနိုင္ငံကို ေအာင္ျမင္မႈေတြနဲ႕ ျပန္ေရာက္လာတဲ႕ မေအးေသာင္းနဲ႕ နွလံုးသားထဲကပုဂံအဖြဲ႕အတြက္ ဂုဏ္ျပဳစကားေလးေတြေျပာသြားေပးပါဦးေနာ္။CeleGabar

Unicode Version

အေးဝတ်ရည်သောင်းကတော့ အနုပညာလောကမှာ အောင်မြင်စွာရပ်တည်နေတဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။လတ်တလောမှာ အေးဝတ်ရည်သောင်းက နှလုံးသားထဲက ပုဂံအဖွဲ့နဲ့အတူ အဇာဘိုင်ဂျန် ယူနက်စကို အစည်းအဝေးကိုတတ်ရောက်ခဲ့တာဖြစ်ပြီး မြန်မာတို့ရဲ့ နှလုံးသားလို့ဆိုရလောက်တဲ့ ပုဂံမြေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်အောင်စွမ်းဆောင်ခဲ့ပြီး အောင်မြင်မှုတွေနဲ့အတူ မြန်မာပြည်ကိုပြန်လည်ရောက်ရှိလာတာပဲဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းနဲ့အတူ နှလုံးသားထဲကပုဂံအဖွဲ့ မြန်မာပြည်ကိုပြန်ရောက်လာချိန်မှာ မြန်မာပြည်သူပြည်သားတွေကလည်း သောင်းသောင်းဖျဖျကြိုဆိုကြတာပဲဖြစ်ပါတယ်။အေးဝတ်ရည်သောင်းက ပုဂံကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ခဲ့တာနဲ့ပတ်သက်ပြီး”ပုဂံကတကယ်ကို မြန်မာတွေရဲ့ နှလုံးသားကပဲပေါ့နော်။အဲ့ဒါကြောင့်မို့ တကယ်ကို နှလုံးသားနဲ့ ပျော်ရွှင်ပါတယ်။ နှလုံးသားနဲ့ ပီတိဖြစ်ပါတယ်။အရမ်းလည်းဂုဏ်ယူပါတယ်။”လို့ပြောကြားလာခဲ့ပါတယ်။

“ကြေညာတဲ့ အချိန်မှာတော့ တခြားနိုင်ငံတွေက ကန့်ကွက်တာကိုတော့အမတို့မကြားခဲ့ရဘူး။(၇)နိုင်ငံလုံးကထောက်ခံတယ် တချို့နိုင်ငံတွေကျတော့ ပုဂံကို စာရင်းဝင်ပြီးပြီလို့တောင်ထင်တဲ့နိုင်ငံတွေတောင်ရှိတယ်ဆိုတောင် ဒါကတော့ ဝမ်းသာစရာပါပဲ။”ဆိုပြီးပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ကြောင်းကြေညာချိန်မှာလည်း ကန့်ကွက်ခဲ့တဲ့ နိုင်ငံမရှိဘဲစာရင်းဝင်ခဲ့တာလို့ ပြောကြားခဲ့ပြီး “တခြားနိုင်ငံတွေဆိုလို့ရှိရင် တချို့နိုင်ငံကကန်ကကွက်တယ် တချို့နိုင်ငံကထောက်ခံတယ်။တစ်နာရီလောက်ကို အခြေအတင်ဖြစ်ကြတဲ့ နိုင်ငံတွေလည်းရှိတယ်ဆိုတော့ အတွေ့အကြုံတွေကတော့ အများကြီးပါပဲလို့”ဖြေကြားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ မြန်မာနိုင်ငံကို အောင်မြင်မှုတွေနဲ့ ပြန်ရောက်လာတဲ့ မအေးသောင်းနဲ့ နှလုံးသားထဲကပုဂံအဖွဲ့အတွက် ဂုဏ်ပြုစကားလေးတွေပြောသွားပေးပါဦးနော်။CeleGabar