ပရိတ်​သတ်​​တွေ မထင်​မှတ်​ထားတဲ့သူနဲ့ မင်္ဂလာဓာတ်​​​ပုံ​လေး​တွေ ချပြလာတဲ့ ဖြူဖြူ ​ထွေး
ပရိတ်​သတ်​​တွေ မထင်​မှတ်​ထားတဲ့သူနဲ့ မင်္ဂလာဓာတ်​​​ပုံ​လေး​တွေ ချပြလာတဲ့ ဖြူဖြူ ​ထွေး 1
ပရိတ်​သတ်​​တွေ မထင်​မှတ်​ထားတဲ့သူနဲ့ မင်္ဂလာဓာတ်​​​ပုံ​လေး​တွေ ချပြလာတဲ့ ဖြူဖြူ ​ထွေး 2
ပရိတ်​သတ်​​တွေ မထင်​မှတ်​ထားတဲ့သူနဲ့ မင်္ဂလာဓာတ်​​​ပုံ​လေး​တွေ ချပြလာတဲ့ ဖြူဖြူ ​ထွေး 3
ပရိတ်​သတ်​​တွေ မထင်​မှတ်​ထားတဲ့သူနဲ့ မင်္ဂလာဓာတ်​​​ပုံ​လေး​တွေ ချပြလာတဲ့ ဖြူဖြူ ​ထွေး 4
ပရိတ်​သတ်​​တွေ မထင်​မှတ်​ထားတဲ့သူနဲ့ မင်္ဂလာဓာတ်​​​ပုံ​လေး​တွေ ချပြလာတဲ့ ဖြူဖြူ ​ထွေး 5
ပရိတ်​သတ်​​တွေ မထင်​မှတ်​ထားတဲ့သူနဲ့ မင်္ဂလာဓာတ်​​​ပုံ​လေး​တွေ ချပြလာတဲ့ ဖြူဖြူ ​ထွေး 6
Unicode Version
ဟာသသရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် ရိုးသားဖြူစင်လွန်းတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ ပကာသနတွေနဲ့ ဟန်ဆောင်မှုတွေမရှိဘဲ ဘဝကို ပျော်ပျော်ရွှင်ရွှင်လေး ဖြတ်သန်းနေတဲ့ ဖြူဖြူထွေးက မိဘကို လုပ်ကျွေးနေတဲ့ သမီးလိမ္မာလေးလည်း ဖြစ်ပါတယ်။ အခုဆိုရင် ဖြူဖြူထွေးက မြန်မာနိုင်ငံအနှံ့ ခရီးတွေထွက်ရင်း ပွဲအခမ်းအနားတွေမှာ ပါဝင်ဖျော်ဖြေပေးနေရတာပဲ ဖြစ်ပါတယ်။
ကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ ” Myanmar Influencer Awards 2018 ” ဆုပေးပွဲကြီးမှာလည်း ဖြူဖြူထွေးက “Celebrity Influencer Award Winner ” ဆုကြီးကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အခုလည်း ဖြူဖြူထွေးက “Aroma” စတူဒီယိုမှာ မင်္ဂလာဝတ်စုံနဲ့ ရိုက်ကူးရေးပြုလုပ်နေတာ တွေ့ရပါတယ်။ ဖြူဖြူထွေးက ” သတို့သမီးလေးဖြူဖြူထွေး Aroma ရယ် ကြိုက်မိပါရဲ့” ဆိုပြီး မင်္ဂလာဝတ်စုံလေးနဲ့ စုံတွဲပုံရိပ်လေးတွေကို ချပြထားတာ ဖြစ်ပါတယ်။
ဖြူဖြူထွေးက ပရိသတ်တွေမထင်မှတ်ထားတဲ့သူနဲ့ မင်္ဂလာပုံရိပ်လေးကို ချပြလိုက်တာကြောင့် အားလုံးက အံ့အားသင့်ခဲ့ရပါတယ်။ အမှန်တကယ်မှာတော့ ဖြူဖြူထွေးက ယောက်ျားလေးလိုပုံစံပြောင်းပြီး နှစ်ကိုယ်ခွဲကာ Wedding ပုံရိပ်လေးတွေကို ရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်။ အမြဲတမ်း ပျော်ရွှင်နေတဲ့ ဖြူဖြူထွေးကတော့ သတို့သမီးဝတ်စုံလေးနဲ့ အရမ်းချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။Myanmarload