ပရိတ်သတ်တွေ ပါးစပ်မပိတ်ရအောင် ပွဲကျစေအုံးမယ့် မင်းသားမင်းသမီးအစုံနဲ့ ဘာလာလာ ရုပ်ရှင်ကားကြီး
ပရိတ်သတ်တွေ ပါးစပ်မပိတ်ရအောင် ပွဲကျစေအုံးမယ့် မင်းသားမင်းသမီးအစုံနဲ့ ဘာလာလာ ရုပ်ရှင်ကားကြီး 1
ပရိတ်သတ်တွေ ပါးစပ်မပိတ်ရအောင် ပွဲကျစေအုံးမယ့် မင်းသားမင်းသမီးအစုံနဲ့ ဘာလာလာ ရုပ်ရှင်ကားကြီး 2
ပရိတ်သတ်တွေ ပါးစပ်မပိတ်ရအောင် ပွဲကျစေအုံးမယ့် မင်းသားမင်းသမီးအစုံနဲ့ ဘာလာလာ ရုပ်ရှင်ကားကြီး 3
ပရိတ်သတ်တွေ ပါးစပ်မပိတ်ရအောင် ပွဲကျစေအုံးမယ့် မင်းသားမင်းသမီးအစုံနဲ့ ဘာလာလာ ရုပ်ရှင်ကားကြီး 4
ပရိတ်သတ်တွေ ပါးစပ်မပိတ်ရအောင် ပွဲကျစေအုံးမယ့် မင်းသားမင်းသမီးအစုံနဲ့ ဘာလာလာ ရုပ်ရှင်ကားကြီး 5
Unicode Version
နိုင်ငံကျော် အကယ်ဒမီများရှင်ဖြစ်ကြတဲ့ မြင့်မြတ်နဲ့ သက်မွန်မြင့်တို့က အနုပညာလမ်းမပေါ်မှာ အောင်မြင်မှုတွေ ကိုယ်စီရရှိနေသူပဲ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ သက်မွန်မြင့်က ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်လို့ထိပ်တန်းမင်းသား၊ မင်းသမီးတွေအဖြစ် ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ သက်မွန်မြင့်တို့ နှစ်ယောက်တွဲပြီး အနုပညာလှုပ်ရှားမှုကို ကြည့်ချင်ကြတဲ့ ပရိသတ်တွေအတွက် “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
“ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက်ကူးပုံဖော်ထားပြီး နာမည်ကြီး မင်းသား၊ မင်းသမီးတွေဖြစ်တဲ့ အကယ်ဒမီမြင့်မြတ်၊ အကယ်ဒမီ ကျော်ကျော်ဗို၊ ရဲလေးနဲ့ အကယ်ဒမီ သက်မွန်မြင့်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
“ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးက ဟာသဇာတ်မြူးရုပ်ရှင် ဖြစ်တာမို့ အခြားသော ဟာသသရုပ်ဆောင်တွေကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရမှာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Offical Trailer ကို မျှဝေပေးလိုက်ပါတယ်နော်။
“ဘာလာလာ” ရုပ်ရှင်ဇာတ်ကား Offical Trailer “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ Trailer နဲ့တင် တော်တော် ရယ်နေရပြီနော်။ “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာလ (၁၉) ရက်နေ့မှာ စတင် ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ကြပါနဲံနော်။
Be the first to comment
Leave a Reply
Your email address will not be published.
*