ပရဟိတလုပ္ေနတာ နွစ္နွစ္ေက်ၾကာေနၿပီဆိုတဲ့ သင္းသင္း

ပရဟိတ မင္းသားၾကီး ေဝဠဳေက်ာ္နဲ႔ ပတ္သက္ျပီး ပရိသတ္ေတြ သတိထားမိလာတဲ့ အလွမယ္ သင္းသင္းကေတာ့ လက္ရွိခ်ိန္ထိကို လူေတာ္ေတာ္မ်ားမ်ားရဲ့ ေဝဖန္မႈေတြကို ရင္ဆိုင္ေနရေသးတာ ျဖစ္ပါတယ္။ သင္းသင္းကေတာ့ လက္ရွိမွာ သူတေယာက္ထဲ မိဘေတြကို ရုန္းကန္ရွာေကြ်းေနရျပီး သူ႔ဘဝကို ေက်နပ္ေနသူူ ျဖစ္ပါတယ္။ ထို႔ေနာက္ သင္းသင္းတေယာက္ကေတာ့ ပရဟိတနဲ႔ ပတ္သက္ျပီး သူ႔ရဲ ့ထင္ျမင္ခ်က္ေတြကိုလည္း ေျပာၾကားသြား ခဲ့ပါတယ္။

ပရဟိတလုပ္ေနတာ နွစ္နွစ္ေက်ၾကာေနၿပီဆိုတဲ့ သင္းသင္း 1

သင္းသင္းကေတာ့ 8 day နဲ႔ အင္တာဗ်ဴးတြင္ အလွဴလုပ္တုန္းက ေဝဖန္ၾကမႈအေပၚ “လွဴတဲ့အပိုင္းမွာက ပရဟိတဆိုတာ ေပၚပင္လုပ္ေနဖို႔ မလိုဘူးရွင့္။ ဒါက က်မခံယူထားတဲ့ စိတ္ပါ။ က်မကေတာ့အျမဲတမ္း ပရဟိတလုပ္ေနတာပဲေလ။ အိမ္မွာလည္း လုပ္ေနတဲ့ အပိုင္းေတြ ရွိပါတယ္။ ဒီဟာၾကီးသြားမွ ဟိုဟာၾကီးသြားမွ မဟုတ္ပါဘူး။ ဒါေပမယ့္ လိုအပ္တဲ့ေနရာမွာ အရမ္းျဖည့္ဆည္းေပးခ်င္တယ္။

ပရဟိတလုပ္ေနတာ နွစ္နွစ္ေက်ၾကာေနၿပီဆိုတဲ့ သင္းသင္း 2

အေမေမြးကတည္းက အားနာျပီး သနားတတ္တဲ့ အက်င့္ေလးက ပါလာတာေပါ့ေနာ္။ ပရဟိတက အျမဲတမ္း ခုတံုးလုပ္သလို ျဖစ္သြားမလားေပါ့။ ဒီေခါင္းစဥ္ၾကီးက။ က်မမွာကေတာ့ လွဴခ်င္တဲ့ စိတ္ေလးေတာ့ ရွိပါတယ္။ ပရဟိတဆုိတဲ့ အဓိပၸါယ္ ေခါင္းစဥ္ၾကီးက အရမ္းနက္နဲပါတယ္။ သိေစခ်င္တယ္။ ျပီးေတာ့ က်မကလည္း အခုမွလုပ္တာမဟုတ္ပါဘူး။ အရင္ကတည္းကလည္း ပရဟိတကို လက္လွမ္းမီရာ အမ်ားၾကီးလုပ္ခဲ့ဖူးပါတယ္။ ႏွစ္ႏွစ္ေက်ာ္ေနပါျပီ။ ေတာ္ေတာ္ေလးကို ၾကာေနပါျပီ။ ကိုယ့္ဘာကိုယ္လုပ္တယ္။ ကိုယ္အဆင္ေျပသလို လုပ္တယ္။ ကိုယ့္သူငယ္ခ်င္းေတြနဲ႔ လုပ္ျဖစ္ပါတယ္”

ပရဟိတလုပ္ေနတာ နွစ္နွစ္ေက်ၾကာေနၿပီဆိုတဲ့ သင္းသင္း 3

“သင္းသင္းမွာက ေဆြမ်ိဳးေတြ ဘာေတြ မလိုပါဘူး။ တခါတေလ သူမ်ားေတြက ေျပာတယ္။ နင္က အရမ္းမာနၾကီးတယ္တဲ့။ မာနၾကီးတာမွန္ပါတယ္။ ဘာလို႔ မာနၾကီးလည္းဆုိေတာ့ ေဆြမ်ိဳးဆိုတာကလည္း ေဆြရွိမွ မ်ိဳးေတာ္ခ်င္ၾကတာပါ။ တခါတေလ သူတို႔ေတြ ရွိတဲ့အခ်ိန္မွာ ကိုယ္ေတြကို ျပန္မၾကည့္ခဲ့ေတာ့ ကိုယ့္ရွိမွပဲ ကိုယ္စားရတယ္။ ဒါေၾကာင့္လည္း ဒီခ်ိန္မွာ ဘယ္သူ႔ကိုမွ အားမကိုးပါဘူး။ ကုိယ္ရွိမွ မိဘကို ေကြ်းႏိုင္မယ္။ အဓိကကေတာ့ မိဘပါပဲ။ တခ်ိဳ႔အရာေတြကေတာ့ ထိန္းရဦးမွာေပါ့။ ကိုယ္မွန္တယ္ထင္ရင္ ေပါက္ကြဲတတ္တဲ့ အက်င့္ကို အသက္ကလည္း ၃၀ နားကပ္လာျပီေလ”

ပရဟိတလုပ္ေနတာ နွစ္နွစ္ေက်ၾကာေနၿပီဆိုတဲ့ သင္းသင္း 4

ပရဟိတလုပ္ေနတာ နွစ္နွစ္ေက်ၾကာေနၿပီဆိုတဲ့ သင္းသင္း 5

ကိုယ္ရဲ့လက္ရွိ ဘဝကို ေက်နပ္လားဆိုတဲ့ အေပၚမွာေတာ့ “ေက်နပ္ပါတယ္။ သူမ်ားဘဝကို အားက်ေနလို႔မရပါဘူး။ လူတေယာက္က ကံပါလာျပီးသား။ အဲ့ေတာ့ ဘယ္သူ႔ဘဝကိုမွ အားမက်ပါဘူး။ ကိုယ္သည္သာလွ်င္ ကိုယ္ျပိဳင္ဖက္ပဲ။ က်မဒီအရြယ္ထိ မိဘကို အျပည့္အဝ လုပ္ကိုင္ေကြ်းႏိုင္တယ္။ အဲ့ေတာ့ ဒီပီတီေလးက ကိုယ့္အတြက္ မျဖတ္ႏိုင္ပါဘူး။ ကံဆိုျခင္း ကံေကာင္းျခင္းဆိုတာကေတာ့ ပါလာျပီးသားပါ။ ျပင္လို႔မရပါဘူး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။Nanmalgyi

Unicode Version

ပရဟိတ မင်းသားကြီး ဝေဠုကျော်နဲ့ ပတ်သက်ပြီး ပရိသတ်တွေ သတိထားမိလာတဲ့ အလှမယ် သင်းသင်းကတော့ လက်ရှိချိန်ထိကို လူတော်တော်များများရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရသေးတာ ဖြစ်ပါတယ်။ သင်းသင်းကတော့ လက်ရှိမှာ သူတယောက်ထဲ မိဘတွေကို ရုန်းကန်ရှာကျွေးနေရပြီး သူ့ဘဝကို ကျေနပ်နေသူူ ဖြစ်ပါတယ်။ ထို့နောက် သင်းသင်းတယောက်ကတော့ ပရဟိတနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်တွေကိုလည်း ပြောကြားသွား ခဲ့ပါတယ်။

သင်းသင်းကတော့ 8 day နဲ့ အင်တာဗျူးတွင် အလှူလုပ်တုန်းက ဝေဖန်ကြမှုအပေါ် “လှူတဲ့အပိုင်းမှာက ပရဟိတဆိုတာ ပေါ်ပင်လုပ်နေဖို့ မလိုဘူးရှင့်။ ဒါက ကျမခံယူထားတဲ့ စိတ်ပါ။ ကျမကတော့အမြဲတမ်း ပရဟိတလုပ်နေတာပဲလေ။ အိမ်မှာလည်း လုပ်နေတဲ့ အပိုင်းတွေ ရှိပါတယ်။ ဒီဟာကြီးသွားမှ ဟိုဟာကြီးသွားမှ မဟုတ်ပါဘူး။ ဒါပေမယ့် လိုအပ်တဲ့နေရာမှာ အရမ်းဖြည့်ဆည်းပေးချင်တယ်။

အမေမွေးကတည်းက အားနာပြီး သနားတတ်တဲ့ အကျင့်လေးက ပါလာတာပေါ့နော်။ ပရဟိတက အမြဲတမ်း ခုတုံးလုပ်သလို ဖြစ်သွားမလားပေါ့။ ဒီခေါင်းစဉ်ကြီးက။ ကျမမှာကတော့ လှူချင်တဲ့ စိတ်လေးတော့ ရှိပါတယ်။ ပရဟိတဆိုတဲ့ အဓိပ္ပါယ် ခေါင်းစဉ်ကြီးက အရမ်းနက်နဲပါတယ်။ သိစေချင်တယ်။ ပြီးတော့ ကျမကလည်း အခုမှလုပ်တာမဟုတ်ပါဘူး။ အရင်ကတည်းကလည်း ပရဟိတကို လက်လှမ်းမီရာ အများကြီးလုပ်ခဲ့ဖူးပါတယ်။ နှစ်နှစ်ကျော်နေပါပြီ။ တော်တော်လေးကို ကြာနေပါပြီ။ ကိုယ့်ဘာကိုယ်လုပ်တယ်။ ကိုယ်အဆင်ပြေသလို လုပ်တယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ လုပ်ဖြစ်ပါတယ်”

“သင်းသင်းမှာက ဆွေမျိုးတွေ ဘာတွေ မလိုပါဘူး။ တခါတလေ သူများတွေက ပြောတယ်။ နင်က အရမ်းမာနကြီးတယ်တဲ့။ မာနကြီးတာမှန်ပါတယ်။ ဘာလို့ မာနကြီးလည်းဆိုတော့ ဆွေမျိုးဆိုတာကလည်း ဆွေရှိမှ မျိုးတော်ချင်ကြတာပါ။ တခါတလေ သူတို့တွေ ရှိတဲ့အချိန်မှာ ကိုယ်တွေကို ပြန်မကြည့်ခဲ့တော့ ကိုယ့်ရှိမှပဲ ကိုယ်စားရတယ်။ ဒါကြောင့်လည်း ဒီချိန်မှာ ဘယ်သူ့ကိုမှ အားမကိုးပါဘူး။ ကိုယ်ရှိမှ မိဘကို ကျွေးနိုင်မယ်။ အဓိကကတော့ မိဘပါပဲ။ တချို့အရာတွေကတော့ ထိန်းရဦးမှာပေါ့။ ကိုယ်မှန်တယ်ထင်ရင် ပေါက်ကွဲတတ်တဲ့ အကျင့်ကို အသက်ကလည်း ၃၀ နားကပ်လာပြီလေ”

ကိုယ်ရဲ့လက်ရှိ ဘဝကို ကျေနပ်လားဆိုတဲ့ အပေါ်မှာတော့ “ကျေနပ်ပါတယ်။ သူများဘဝကို အားကျနေလို့မရပါဘူး။ လူတယောက်က ကံပါလာပြီးသား။ အဲ့တော့ ဘယ်သူ့ဘဝကိုမှ အားမကျပါဘူး။ ကိုယ်သည်သာလျှင် ကိုယ်ပြိုင်ဖက်ပဲ။ ကျမဒီအရွယ်ထိ မိဘကို အပြည့်အဝ လုပ်ကိုင်ကျွေးနိုင်တယ်။ အဲ့တော့ ဒီပီတီလေးက ကိုယ့်အတွက် မဖြတ်နိုင်ပါဘူး။ ကံဆိုခြင်း ကံကောင်းခြင်းဆိုတာကတော့ ပါလာပြီးသားပါ။ ပြင်လို့မရပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။Nanmalgyi