ပင္​ကိုယ္​ပံုစံနဲ႔ လံုးဝကြဲထြက္​သြားတဲ့ အိျႏၵာ​ေက်ာ္​ဇင္​ရဲ႕ ​ေယာက်ာ္​လ်ာပံုစံ​ေလး

ပရိသတ္ေတြခ်စ္ျကတဲ့ မင္းသမီးေခ်ာေလး အိျႏၵာေက်ာ္ဇင္က သူမခ်စ္တဲ့ အနုပညာလုပ္ငန္းေတြကို ဆက္တိုုက္ဆိုသလို လုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္က အနုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနရင္း သူမရဲ့ မိသားစုဘဝေလးကို အခ်ိန္မွ်တစြာနဲ့ သာယာလွပေအာင္ တည္ေထာင္ေနတာျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္က သရုပ္ေဆာင္ေျပတီဦးနဲ့အတူတူ သာယာလွပတဲ့ မိသားစုဘဝေလးကို ထူေထာင္ေနတာျဖစ္ပါတယ္။

ပင္​ကိုယ္​ပံုစံနဲ႔ လံုးဝကြဲထြက္​သြားတဲ့ အိျႏၵာ​ေက်ာ္​ဇင္​ရဲ႕ ​ေယာက်ာ္​လ်ာပံုစံ​ေလး 1

အိျႏၵာေက်ာ္ဇင္က လက္ရိွမွာေတာ့ ဒါရိုက္တာ ကိုေပါက္ ရိုက္ကူးတဲ့ “ဇာတ္လိုက္” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ျမင့္ျမတ္၊ ခိုင္သင္းၾကည္၊ ေအာင္ေရခ်မ္း၊ ထူးေအာင္၊ ေမျမင့္မိုရ္တို့နဲ့ အတူတူ ရိုက္ကူးေနတာပဲ ျဖစ္ပါတယ္။

ပင္​ကိုယ္​ပံုစံနဲ႔ လံုးဝကြဲထြက္​သြားတဲ့ အိျႏၵာ​ေက်ာ္​ဇင္​ရဲ႕ ​ေယာက်ာ္​လ်ာပံုစံ​ေလး 2

ထုိ “ဇာတ္လိုက္” ရုပ္ရွင္ဇာတ္ကားၾကီးမွာ အိျႏၵာေက်ာ္ဇင္က ကိုတိုးၾကီးဆိုတဲ့ ေယာက်ာ္းၾကီးတစ္ဦးအျဖစ္ သရုပ္ေဆာင္ထားတာပဲ ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္ရဲ့ ေယာက်ာ္လ်ာပံုစံက ေတာ္ေတာ္ေလးတူလြန္းလို့ ပရိသတ္ေတြကေတာင္ အံ့ျသခဲ့ရပါတယ္။

ဇာတ္ကားရိုက္ျပီးတဲ့ေနာက္ သူမရဲ့ ပင္ကုိယ္ပံုစံေလးအတိုင္း ေတြ့ျမင္ရတဲ့ အိျႏၵာေက်ာ္ဇင္

ပင္​ကိုယ္​ပံုစံနဲ႔ လံုးဝကြဲထြက္​သြားတဲ့ အိျႏၵာ​ေက်ာ္​ဇင္​ရဲ႕ ​ေယာက်ာ္​လ်ာပံုစံ​ေလး 3

အူဝဲကေတာ့ ေယာက်ာ္းေလးပံုစံနဲ့လည္း လံုးဝကို မုဒ္အၿပည့္နဲ့ ေယာက္်ားစစ္တစ္ေယာက္လို သရုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ အနုပညာရွင္ေတြကလည္း ၾကိုးစားပန္စား သရုပ္ေဆာင္ထားတာမုိ့ “ဇာတ္လိုက္” ရုပ္ရွင္ဇာတ္ကားၾကီးရံုတင္ရင္လည္း အားေပးၾကပါဦးေနာ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို မိုမိုေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။Momolay

Unicode Version

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုဘဝလေးကို အချိန်မျှတစွာနဲ့ သာယာလှပအောင် တည်ထောင်နေတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ပြေတီဦးနဲ့အတူတူ သာယာလှပတဲ့ မိသားစုဘဝလေးကို ထူထောင်နေတာဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ ခိုင်သင်းကြည်၊ အောင်ရေချမ်း၊ ထူးအောင်၊ မေမြင့်မိုရ်တို့နဲ့ အတူတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ထို “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အိန္ဒြာကျော်ဇင်က ကိုတိုးကြီးဆိုတဲ့ ယောကျာ်းကြီးတစ်ဦးအဖြစ် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ ယောကျာ်လျာပုံစံက တော်တော်လေးတူလွန်းလို့ ပရိသတ်တွေကတောင် အံ့သြခဲ့ရပါတယ်။

ဇာတ်ကားရိုက်ပြီးတဲ့နောက် သူမရဲ့ ပင်ကိုယ်ပုံစံလေးအတိုင်း တွေ့မြင်ရတဲ့ အိန္ဒြာကျော်ဇင်

အူဝဲကတော့ ယောကျာ်းလေးပုံစံနဲ့လည်း လုံးဝကို မုဒ်အပြည့်နဲ့ ယောက်ျားစစ်တစ်ယောက်လို သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အနုပညာရှင်တွေကလည်း ကြိုးစားပန်စား သရုပ်ဆောင်ထားတာမို့ “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ရင်လည်း အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။Momolay