နားလည္​ သည္​းခံ အသည္​းကြဲက်န္​ရတဲ့ ​ေခါတ္​ႀကီးအ​ေၾကာင္​း ​ေျပာျပလာတဲ့ ​ေဂ်​ေနာ္​

စမတ္က်တဲ့ ကိုယ္ေနဟန္ထားနဲ႔ ဆြဲေဆာင္မႈရွိတဲ့ မ်က္ႏွာေပးေၾကာင့္ ပရိသတ္ေတြ အားေပးမႈ ရရွိထားသူက စူပါေမာ္ဒယ္လ္ မာရီယာ ေဂ်ေနာ္ ျဖစ္ပါတယ္။ ေယာက်္ားေလးေတြကို စိတ္ကုန္လို႔ မိန္းကေလး အခ်င္းခ်င္း ၾကိဳက္ေတာ့မယ္ စိတ္ကူးထားတဲ့ ေဂ်ေနာ္က status ဆန္းဆန္းေလးေတြကို ေရးတင္ေလ့ ရွိပါတယ္။ လက္ရွိအခ်ိန္မွာ ေယာက်္ားေလးေတြအတြက္ အခြင့္အေရး မေပးဘဲ မိန္းကေလးခ်င္းၾကိဳက္ဖို႔ ဆံုးျဖတ္ထားတဲ့ အေၾကာင္း ေဂ်ေနာ္က ခုလို ေျပာျပသြားပါတယ္။

နားလည္​ သည္​းခံ အသည္​းကြဲက်န္​ရတဲ့ ​ေခါတ္​ႀကီးအ​ေၾကာင္​း ​ေျပာျပလာတဲ့ ​ေဂ်​ေနာ္​ 1

အခ်စ္ဟာ စိန္ေျပးတမ္း ကစားေနတာ မဟုတ္ေၾကာင္း တင္ထားတဲ့ status နဲ႔ ပတ္သက္ျပီး ေဂ်ေနာ္က ခုလို ေျပာျပသြားပါတယ္။“အခ်စ္ဟာ လိုက္လို႔ ေျပးတာလား ေအာ္..ေျပးလို႔ လိုက္တာလားဆိုေတာ့ ေနာ္တို႔က စိန္ေျပးတမ္း လိုက္တမ္း ကစားေနတာေတာ့ မဟုတ္ဘူးေပါ့ေနာ္။ ကိုယ့္ဆီကေန ထြက္ေျပးသြားတဲ့သူ ကိုယ့္ရင္ခြင္မွာ မေပ်ာ္လို႔မွ ထြက္ေျပးသြားတဲ့သူ တစ္ေယာက္ကို လိုက္မေနေတာ့ဘူး။ လႊတ္ေပးလိုက္တယ္။ ေနာက္လူရင္ခြင္မွာ ေပ်ာ္ရႊင္ပါေစေပါ့။” ဆိုျပီး ေျပာျပသြားပါတယ္။

နားလည္​ သည္​းခံ အသည္​းကြဲက်န္​ရတဲ့ ​ေခါတ္​ႀကီးအ​ေၾကာင္​း ​ေျပာျပလာတဲ့ ​ေဂ်​ေနာ္​ 2

မိန္းမခ်င္း ၾကိဳက္ဖို႔ စဥ္းစားရတဲ့ အေၾကာင္းရင္းကိုလည္း ေဂ်ေနာ္က ခုလို ေျပာသြားပါတယ္။“ေယာက်္ားေတြကို ၾကိဳက္ရတာ နည္းနည္းေၾကာက္လာသလိုပဲ။ အဲ့ဒါေၾကာင့္မုိ႔ မိန္းကေလးအခ်င္းခ်င္း ၾကိဳက္လိုက္ရင္ ပုိေကာင္းမယ္ ထင္တယ္။ မိန္းကေလးအခ်င္းခ်င္းပဲ Rs တင္မို႔ စဥ္းစားေနတယ္။ ေနာ့္ကို ခ်စ္တဲ့ မိန္းကေလးေတြက အမ်ားၾကီးပဲ။ ၾကိဳက္တဲ့လူေတြမွ အမ်ားၾကီးပဲ။” လို႔ ဆိုပါတယ္။

နားလည္​ သည္​းခံ အသည္​းကြဲက်န္​ရတဲ့ ​ေခါတ္​ႀကီးအ​ေၾကာင္​း ​ေျပာျပလာတဲ့ ​ေဂ်​ေနာ္​ 3

နားလည္​ သည္​းခံ အသည္​းကြဲက်န္​ရတဲ့ ​ေခါတ္​ႀကီးအ​ေၾကာင္​း ​ေျပာျပလာတဲ့ ​ေဂ်​ေနာ္​ 4

နားလည္သည္းခံ အသည္းကြဲက်န္တဲ့ ေခတ္ၾကီး ျဖစ္ေၾကာင္းလည္း ေဂ်ေနာ္က ခုလို သံုးသပ္သြားပါတယ္။“ေခတ္ၾကီးက နားလည္သည္းခံ အသည္းကြဲက်န္ ၊ နားလည္မႈေတြေပးလိုက္ သည္းခံမႈေတြေပးလိုက္ ေသခ်ာတယ္ ခဏၾကာျပီဆိုရင္ အသည္းကြဲျပီး က်န္ခဲ့မွာဆုိေတာ့ မလုပ္ႏိုင္ေတာ့ဘူး။ မိန္းကေလးကက်ေတာ့ သူငယ္ခ်င္းလို ေပါင္းလို႔ ရတယ္။ ညီအစ္မလို ေပါင္းလို႔ ရတယ္။ မိန္းကေလးအခ်င္းခ်င္း RS ျဖစ္တယ္ ဆိုတာက ေနာက္ဆံုး တစ္ေယာက္နဲ႔ တစ္ေယာက္ သေဘာထားခ်င္း မတိုက္ဆိုင္လို႔ လမ္းခဲြသြားတယ္ ဆိုရင္ေတာင္မွ ထိခိုက္စရာ လံုးဝ မရွိဘူး။ ဒါေၾကာင့္ အခုအခ်ိန္မွာ ေယာက်္ားေလးေတြအတြက္ chance မရွိေသးဘူး။ Single is the best ပါပဲ။” လို႔ ဆိုပါတယ္။

Unicode Version

စမတ်ကျတဲ့ ကိုယ်နေဟန်ထားနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာပေးကြောင့် ပရိသတ်တွေ အားပေးမှု ရရှိထားသူက စူပါမော်ဒယ်လ် မာရီယာ ဂျေနော် ဖြစ်ပါတယ်။ ယောကျ်ားလေးတွေကို စိတ်ကုန်လို့ မိန်းကလေး အချင်းချင်း ကြိုက်တော့မယ် စိတ်ကူးထားတဲ့ ဂျေနော်က status ဆန်းဆန်းလေးတွေကို ရေးတင်လေ့ ရှိပါတယ်။ လက်ရှိအချိန်မှာ ယောကျ်ားလေးတွေအတွက် အခွင့်အရေး မပေးဘဲ မိန်းကလေးချင်းကြိုက်ဖို့ ဆုံးဖြတ်ထားတဲ့ အကြောင်း ဂျေနော်က ခုလို ပြောပြသွားပါတယ်။

အချစ်ဟာ စိန်ပြေးတမ်း ကစားနေတာ မဟုတ်ကြောင်း တင်ထားတဲ့ status နဲ့ ပတ်သက်ပြီး ဂျေနော်က ခုလို ပြောပြသွားပါတယ်။“အချစ်ဟာ လိုက်လို့ ပြေးတာလား အော်..ပြေးလို့ လိုက်တာလားဆိုတော့ နော်တို့က စိန်ပြေးတမ်း လိုက်တမ်း ကစားနေတာတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ့်ဆီကနေ ထွက်ပြေးသွားတဲ့သူ ကိုယ့်ရင်ခွင်မှာ မပျော်လို့မှ ထွက်ပြေးသွားတဲ့သူ တစ်ယောက်ကို လိုက်မနေတော့ဘူး။ လွှတ်ပေးလိုက်တယ်။ နောက်လူရင်ခွင်မှာ ပျော်ရွှင်ပါစေပေါ့။” ဆိုပြီး ပြောပြသွားပါတယ်။

မိန်းမချင်း ကြိုက်ဖို့ စဉ်းစားရတဲ့ အကြောင်းရင်းကိုလည်း ဂျေနော်က ခုလို ပြောသွားပါတယ်။“ယောကျ်ားတွေကို ကြိုက်ရတာ နည်းနည်းကြောက်လာသလိုပဲ။ အဲ့ဒါကြောင့်မို့ မိန်းကလေးအချင်းချင်း ကြိုက်လိုက်ရင် ပိုကောင်းမယ် ထင်တယ်။ မိန်းကလေးအချင်းချင်းပဲ Rs တင်မို့ စဉ်းစားနေတယ်။ နော့်ကို ချစ်တဲ့ မိန်းကလေးတွေက အများကြီးပဲ။ ကြိုက်တဲ့လူတွေမှ အများကြီးပဲ။” လို့ ဆိုပါတယ်။

နားလည်သည်းခံ အသည်းကွဲကျန်တဲ့ ခေတ်ကြီး ဖြစ်ကြောင်းလည်း ဂျေနော်က ခုလို သုံးသပ်သွားပါတယ်။“ခေတ်ကြီးက နားလည်သည်းခံ အသည်းကွဲကျန် ၊ နားလည်မှုတွေပေးလိုက် သည်းခံမှုတွေပေးလိုက် သေချာတယ် ခဏကြာပြီဆိုရင် အသည်းကွဲပြီး ကျန်ခဲ့မှာဆိုတော့ မလုပ်နိုင်တော့ဘူး။ မိန်းကလေးကကျတော့ သူငယ်ချင်းလို ပေါင်းလို့ ရတယ်။ ညီအစ်မလို ပေါင်းလို့ ရတယ်။ မိန်းကလေးအချင်းချင်း RS ဖြစ်တယ် ဆိုတာက နောက်ဆုံး တစ်ယောက်နဲ့ တစ်ယောက် သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲသွားတယ် ဆိုရင်တောင်မှ ထိခိုက်စရာ လုံးဝ မရှိဘူး။ ဒါကြောင့် အခုအချိန်မှာ ယောကျ်ားလေးတွေအတွက် chance မရှိသေးဘူး။ Single is the best ပါပဲ။” လို့ ဆိုပါတယ်။