ဒီအသက်ဒီအရွယ်မှာ သူငယ်ချင်းတွေနဲ့ ဒီလိုကစားနိုင်တာ ဆုလာဘ်တစ်ခုပါပဲဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်
ဒီအသက်ဒီအရွယ်မှာ သူငယ်ချင်းတွေနဲ့ ဒီလိုကစားနိုင်တာ ဆုလာဘ်တစ်ခုပါပဲဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် 1
ဒီအသက်ဒီအရွယ်မှာ သူငယ်ချင်းတွေနဲ့ ဒီလိုကစားနိုင်တာ ဆုလာဘ်တစ်ခုပါပဲဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် 2ဒီအသက်ဒီအရွယ်မှာ သူငယ်ချင်းတွေနဲ့ ဒီလိုကစားနိုင်တာ ဆုလာဘ်တစ်ခုပါပဲဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် 3
ဒီအသက်ဒီအရွယ်မှာ သူငယ်ချင်းတွေနဲ့ ဒီလိုကစားနိုင်တာ ဆုလာဘ်တစ်ခုပါပဲဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် 4
ဒီအသက်ဒီအရွယ်မှာ သူငယ်ချင်းတွေနဲ့ ဒီလိုကစားနိုင်တာ ဆုလာဘ်တစ်ခုပါပဲဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် 5
ဒီအသက်ဒီအရွယ်မှာ သူငယ်ချင်းတွေနဲ့ ဒီလိုကစားနိုင်တာ ဆုလာဘ်တစ်ခုပါပဲဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် 6
ဒီအသက်ဒီအရွယ်မှာ သူငယ်ချင်းတွေနဲ့ ဒီလိုကစားနိုင်တာ ဆုလာဘ်တစ်ခုပါပဲဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် 7
ဒီအသက်ဒီအရွယ်မှာ သူငယ်ချင်းတွေနဲ့ ဒီလိုကစားနိုင်တာ ဆုလာဘ်တစ်ခုပါပဲဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် 8
Unicode
အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ နှစ်ပေါင်းအတော်ကြာ အောင်မြင်ခဲ့တဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲတစ်ဦးပါပဲ။
မနေ့က စက်တင်ဘာလ (၆) ရက်နေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းမှာ ကျင်းပပြုလုပ်မည့် Royal Club Cup 2019 အနုပညာရှင်ပေါင်းစုံလေးသင်းပတ်လည်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီးမှာ Music FC အသင်းကနေ ပါဝင်ကစားပေးခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ဘောလုံးပွဲမှ သူ့ရဲ့ အမှတ်တရတွေကို အခုလိုပဲပြောပြလာပါတယ်။
“အသင်းလိုက်အားကစားပြိုင်ပွဲက တကိုယ်တော်စင်မြင့်ဖျော်ဖြေပွဲထက်တောင်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတယ်။ စင်ပေါ်မှာ ကိုယ်ညံ့ရင် ကိုယ်ပဲခံရတာ ။ အသင်းလိုက်ပြိုင်တဲ့အခါ ကိုယ်ညံ့ရင် တစ်သင်းလုံးခံရတယ်။ Team Work ဆိုတာ တစ်ယောက်မှားရင် အမှားရဲ့ဒဏ်ကို အားလုံးအတူတူ ဝေမျှယူကြတာမျိုးပါပဲ။”
“တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖြည့်ဆည်းပြီး တစ်ယောက်ရဲ့ အားသာချက်ကို တစ်ယောက်က ပံ့ပိုးရတာမျိုးလည်းဖြစ်ပါတယ်။””ဘာပဲပြောပြော ကျနော်တော့ ကစားရတာပျော်တယ်။
ကျနော့်ကို ဘောလုံးအသင်းထဲဆွဲထည့်လာတဲ့ သူတွေကိုလည်း ကျေးဇူးတင်တယ် ကျနော့်အတွက်တော့ ဒီအသက်ဒီအရွယ်မှာ ဒီလိုသူငယ်ချင်းမိတ်ဆွေတွေ ဂီတရောင်းရင်းတွေနဲ့ တစ်သွေးတည်းတစ်သားတည်း နေခွင့်ရတာ ကစားနေနိုင်တာ ဆုလာဘ်တစ်ခုပါပဲ။”
“မနေ့ကပွဲမှာ လာရောက်အားပေးကြတဲ့ မန္တလေးက ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အချစ်များစွာဖြင့် Sai Sai Kham Leng” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ပြောထားပါတယ်။
စိုင်းစိုင်းတို့ Music FC ကတော့ Model FC အသင်းကို ရှုံးနိမ့်သွားပေမယ့် တတိယနေရာအတွက် ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုင်းစိုင်းခမ်းလှိုင်တို့ရဲ့ Music FC ကို အားပေးကြပါဦးနော်။
Be the first to comment
Leave a Reply
Your email address will not be published.
*