ဒီဇိုင်နာ ငြိမ်းကို ကိုယ်တိုင် ဦးစီးပြီး မော်ဒယ်အမိုက်စားတွေနဲ့ ချပြမယ့် Wedding Fair ကုShow ပွဲ

ငြိမ်းကိုကတော့အောင်မြင်နေတဲ့ နိုင်ငံကျော်ဒီဇိုင်နာတွေထဲက တစ်ယောက်အပါအ၀င်ဖြစ်ပြီးတော့ အနုပညာရှင် ညီအကိုမောင်နှမတွေအတွက် ဖက်ရှင် ဖန်တီးတဲ့ နေရာမှာစိတ်ကူးဥာဏ်နဲ့အတူ ဖန်တီးမှုအားကောင်းတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။

ဒီဇိုင်နာ ငြိမ်းကို ကိုယ်တိုင် ဦးစီးပြီး မော်ဒယ်အမိုက်စားတွေနဲ့ ချပြမယ့် Wedding Fair ကုShow ပွဲ 1


မအေးသောင်း

ဒီဇိုင်နာ ငြိမ်းကို ကိုယ်တိုင် ဦးစီးပြီး မော်ဒယ်အမိုက်စားတွေနဲ့ ချပြမယ့် Wedding Fair ကုShow ပွဲ 2

 


ဒီဇိုင်နာ ငြိမ်းကို ကိုယ်တိုင် ဦးစီးပြီး မော်ဒယ်အမိုက်စားတွေနဲ့ ချပြမယ့် Wedding Fair ကုShow ပွဲ 3

သင်ဇာဝင့်ကျော်

ဒီဇိုင်နာ ငြိမ်းကို ကိုယ်တိုင် ဦးစီးပြီး မော်ဒယ်အမိုက်စားတွေနဲ့ ချပြမယ့် Wedding Fair ကုShow ပွဲ 4


ခြူးလေး

ဒီဇိုင်နာ ငြိမ်းကို ကိုယ်တိုင် ဦးစီးပြီး မော်ဒယ်အမိုက်စားတွေနဲ့ ချပြမယ့် Wedding Fair ကုShow ပွဲ 5


ဒီဇိုင်နာ ငြိမ်းကို ကိုယ်တိုင် ဦးစီးပြီး မော်ဒယ်အမိုက်စားတွေနဲ့ ချပြမယ့် Wedding Fair ကုShow ပွဲ 6


Unicode
ငြိမ်းကိုကတော့အောင်မြင်နေတဲ့ နိုင်ငံကျော်ဒီဇိုင်နာတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီးတော့ အနုပညာရှင် ညီအကိုမောင်နှမတွေအတွက် ဖက်ရှင် ဖန်တီးတဲ့ နေရာမှာစိတ်ကူးဉာဏ်နဲ့အတူ ဖန်တီးမှုအားကောင်းတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ကျင်းပနေမြဲဖြစ်တဲ့ Wedding Fair Show ပွဲ မှာကျင်းပမယ့်” မြန်မာ့ဓလေ့နဲ့ ခေတ်သစ်မင်္ဂလာဆောင်” အခန်းကဏ္ဍမှာ ငြိမ်းကိုတစ်ယောက်သူရဲ့ ကိုယ်ပိုင် ဒီဇိုင်းတွေနဲ့ တင်ဆက်မှာ ဖြစ်ပြီး Show မှာ ပါဝင်ကူညီလျှောက်လှမ်းမည့် မော်ဒယ်အမိုက်စားတွေကတော့

မအေးသောင်း

မအေးသောင်းကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ ဝန်းရံကို ပိုင်ဆိုင်ရရှိထားတဲ့ မင်းသမီး တစ်လက်လို့ ဆိုနိုင်ပါတယ်။ မြန်မာတို့ရဲ့ ပုဂံဟာ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အောင် အဇာဘိုင်ဂျန်နိုင်ငံ ဘာကုမြို့တွင် ကျင်းပသော (၄၃) ကြိမ်မြောက် UNESCO အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။လာမည့် ငြိမ်းကိုရဲ့ Show ပွဲမှာတော့ပွဲအဖွင့်မှာ ပုရိသတွေရဲ့ အချစ်တော် မအေးသောင်းက ဦးဆောင်လျှောက်လှမ်းသွားမှာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်

ဘော်ဒီကောက်ကြောင်းလှပမှုတွေကြောင့် ပုရိသတွေရဲ့ ဝန်းရံမှုကို ပိုင်ဆိုင်ရရှိထားတဲ့ မတ်မတ်သင်ဇာကတော့အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို မော်ဒယ်တစ်ယောက်လည်းဖြစ်ပါတယ်။ Sexy ကျကျနဲ့ နေထိုင်တတ်တာကြောင့် ပုရိသတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာလို့လည်း ပြောနိုင်ပါတယ်။ လက်ရှိမှာတော့ ဒီဇိုင်နာ ငြိမ်းကိုရဲ့ မြန်မာ့ဓလေ့နဲ့ ခေတ်သစ်မင်္ဂလာဆောင်’ Show မှာ အထူးခြားဆုံးအဖြစ် ယူတို့ရဲ့အသဲ မတ်မတ်သင်ဇာက ပါဝင်ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ခြူးလေး

MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေ အောင်မြင်မှုတွေဆက်တိုက် ရှိနေတဲ့ ခြူးလေးကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်အချစ်တွေကို သိမ်းပိုက်ရရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ “ချစ်ရပါသောနွေ”ရုပ်သံဇာတ်လမ်းတွဲမှာ ပရိသတ်တွေမျက်ရည်မဆည်နိုင်လောက်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ပရိသတ်အချစ်ကို ဆက်လက်ရရှိခဲ့တာဖြစ်ပါတယ်။

ယခုလက်ရှိမာတော့ ဒီဇိုင်နာ ငြိမ်းကိုရဲ့ မော်ဒယ်အမိုက်စားတွေနဲ့ ချပြမယ့် Show ပွဲမှာ အဓိက မော်ဒယ်တစ်ယောက်နေရာကနေ ပါဝင်ကူညီသွားမှာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။ Credit – CeleGabar / Source : Nyein Ko