ဒိတ်ဒိတ်ကြဲ အလှမယ်(၃)ယောက်အပြင် ထိုင်းအလှမယ် SunSun နဲ့အတူ ရုပ်ရှင်ရိုက်ကူးမည့် မြင့်မြတ်
ဒိတ်ဒိတ်ကြဲ အလှမယ်(၃)ယောက်အပြင် ထိုင်းအလှမယ် SunSun နဲ့အတူ ရုပ်ရှင်ရိုက်ကူးမည့် မြင့်မြတ် 1
ဒိတ်ဒိတ်ကြဲ အလှမယ်(၃)ယောက်အပြင် ထိုင်းအလှမယ် SunSun နဲ့အတူ ရုပ်ရှင်ရိုက်ကူးမည့် မြင့်မြတ် 2
ဒိတ်ဒိတ်ကြဲ အလှမယ်(၃)ယောက်အပြင် ထိုင်းအလှမယ် SunSun နဲ့အတူ ရုပ်ရှင်ရိုက်ကူးမည့် မြင့်မြတ် 3
ဒိတ်ဒိတ်ကြဲ အလှမယ်(၃)ယောက်အပြင် ထိုင်းအလှမယ် SunSun နဲ့အတူ ရုပ်ရှင်ရိုက်ကူးမည့် မြင့်မြတ် 4
ဒိတ်ဒိတ်ကြဲ အလှမယ်(၃)ယောက်အပြင် ထိုင်းအလှမယ် SunSun နဲ့အတူ ရုပ်ရှင်ရိုက်ကူးမည့် မြင့်မြတ် 5
Credit – CeleGabar
ဒိတ်ဒိတ်ကြဲ အလှမယ်(၃)ယောက်အပြင် ထိုင်းအလှမယ် SunSun နဲ့အတူ ရုပ်ရှင်ရိုက်ကူးမည့် မြင့်မြတ် 6
Unicode
မြင့်မြတ်က တော့ ဆယ်စုနှစ်တစ်ခုအကြာအာင်မြင်လာတဲ့ မင်းသားတစ်လက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်လို့ ဖြစ်နိုင်ပါတယ်။
အမျိုးသားအနုပညာရှင်တွေထဲမှာလည်း ယောကျာ်းလေးပရိသတ်အများဆုံးမင်းသားလို့ဆိုနိုင်သလို ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး ဟာသပိုင်းမှာသာမက ဒရမ်မာပိုင်းမှာလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။
သူရိုက်ကူးခဲ့တဲ့ “ဂျင်းကောင်”ဆိုတဲ့ ကာရိုက်တာကြောင့် မြင့်မြတ်ကို ပရိသတ်တွေကချစ်စနိုးနဲ့ “ဂျင်းကောင်” လို့ ခေါ်ဆိုကြပြီး လက်ရှိမှာ ချောမောလှတဲ့ဇနီး လေးနဲ့အတူ ” ဘေဘီ ဂျင်းကောင်လေး “ကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်သူလည်းဖြစ်ပါတယ်။
လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အလှမယ်(၃)ယောက် ဖြစ်တဲ့ နန်းခင်ဇေယျာ၊ ထက်ထက်ထွန်း၊ ရွှေအိမ်စည်တို့အပြင် ထိုင်းနိုင်ငံက နိုင်ငံကျော်အလှမယ် Maeya Sun Sun ကပါ ပါဝင်လို့ ” သရွီး”ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ မြင့်မြတ်ကခေါင်းဆောင်မင်သားတစ်ယောက်အနေနဲ့ ပါဝင် ရိုက်ကူးမှာ ဖြစ်ပါတယ်။
မြင့်မြတ်အပြင် ဒိတ်ဒိတ်ကြဲ အလှမယ်တွေချည်း စုစည်းပွဲထုတ်ကာ ရိုက်ကူးမယ့် ပါဝင်မယ့် ရုပ်ရှင်ကားကြီး ဖြစ်တာကြောင့် ဘယ်လိုဇာတ်အိမ် ဇာတ်လမ်းတွေနဲ့ပုံဖော်ပြီး ရိုက်ကူးမလဲ ဆိုတာ ပရိသတ်တွေက အထူးစိတ်ဝင်တစားရှိနေကြတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း “သရွီး”ဆိုတဲ့ ရုပ်ရှင်ကားကြီးထွက်လာရင် အားပေးမယ်ဆိုရင် မှတ်ချက်ပေးခဲ့ပါဦးနော်။ Source:Goon Sein
Credit – CeleGabar
Be the first to comment
Leave a Reply
Your email address will not be published.
*