ထိုင်းနိုင်ငံမှာ ရိုက်ကူးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တဲ့ မနော
ထိုင်းနိုင်ငံမှာ ရိုက်ကူးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တဲ့ မနော 1
ထိုင်းနိုင်ငံမှာ ရိုက်ကူးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တဲ့ မနော 2
ထိုင်းနိုင်ငံမှာ ရိုက်ကူးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တဲ့ မနော 3
ထိုင်းနိုင်ငံမှာ ရိုက်ကူးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တဲ့ မနော 4
ထိုင်းနိုင်ငံမှာ ရိုက်ကူးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တဲ့ မနော 5
ထိုင်းနိုင်ငံမှာ ရိုက်ကူးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တဲ့ မနော 6
Unicode Version
မြန်မာ့သံတေးသီချင်းမြောက်များစွာကို သီဆိုအောင်မြင်ထားတဲ့ အဆိုတော် မနောကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ ပရိသတ်တွေရင်ထဲအထိရောက်ခဲ့တဲ့ တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း တေးသီချင်းအသစ်တွေထပ်မံထုတ်လုပ်လျှက်ရှိတာတွေ့ရပါတယ်။ မနောရဲ့ သီချင်းတွေထဲမှာတော့ “ဗိုလ်အောင်ဒင်၊ မိချော” သီချင်းတွေကတော့ ပရိသတ်တွေနားထဲမှာ ယနေ့အထိစွဲထင်နေဆဲဖြစ်မယ်ထင်ပါတယ်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး အလှူအတန်းနဲ့ ကုသိုလ်ရေးတွေမှာ အမြဲပါဝင်တက်သူတစ်ယောက်ဖြစ်ကာ နေ့စဉ်ကောင်းမှုကုသိုလ်တွေလုပ်ဆောင်တက်သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ မနောကတော့ သီချင်းအသစ်တွေထပ်မံလုပ်ဆောင်နေပြီး ပရိသတ်တွေအတွက် မကြာမီပြသနိုင်ရန်ကြိုးစားလျှက်ရှိကြောင်း သိရပါတယ်။ ဒီကနေ့မှာလည်း မနောကတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ရောက်ရှိနေပြီး ရိုက်ကူးမှုတွေပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။
တေးသံရှင်မနောရဲ့ စာသားလေးကတော့ “သီချင်းအသစ်လေးလာတော့မယ် ထိုင်နိုင်ငံ ဘန်ကောက်မှာ ရိုက်ကူးရေးလေး လုပ်ခဲ့တယ်။ကျွန်တော်တို့ မြန်မာတွေတော်တော်များများဟာသူများနိုင်ငံမှာအလုပ်သမားဘဝနဲ့ငွေရှာနေရတာ မြင်ရသိရတော့စိတ်ထဲမကောင်းဘူးဗျာ နောက်နှစ်တွေမှာ ပညာရှင်ဘဝနဲ့သွားနိုင်အောင် ကြိုးစားကြပါ။သူငယ်ချင်းတို့ရေ ဒီထက်မကအောင်မြင်ပါစေငွေတွေစုပြီးကိုယ့်ပြည်ကိုယ့်ရွာအမြန်ပြန်နိုင်ပါစေ မိသားစုနဲ့အတူနေထိုင်နိုင်ပါစေဗျာ” ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် မနောရဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို အားပေးဖို့ မျှဝေပေးလိုက်ပါတယ်နော်။Myanmarload
Be the first to comment
Leave a Reply
Your email address will not be published.
*