ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေကြားမှာသာမက ထိုင်းမဂ္ဂဇင်းတွေမှာပါ ဟိုးလေးတကျော်ကျော်နဲ့ ဖော်ပြခြင်းခံခဲ့ရတဲ့ ပိုင်တံခွန်
ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေကြားမှာသာမက ထိုင်းမဂ္ဂဇင်းတွေမှာပါ ဟိုးလေးတကျော်ကျော်နဲ့ ဖော်ပြခြင်းခံခဲ့ရတဲ့ ပိုင်တံခွန် 1
ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေကြားမှာသာမက ထိုင်းမဂ္ဂဇင်းတွေမှာပါ ဟိုးလေးတကျော်ကျော်နဲ့ ဖော်ပြခြင်းခံခဲ့ရတဲ့ ပိုင်တံခွန် 2
ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေကြားမှာသာမက ထိုင်းမဂ္ဂဇင်းတွေမှာပါ ဟိုးလေးတကျော်ကျော်နဲ့ ဖော်ပြခြင်းခံခဲ့ရတဲ့ ပိုင်တံခွန် 3
ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေကြားမှာသာမက ထိုင်းမဂ္ဂဇင်းတွေမှာပါ ဟိုးလေးတကျော်ကျော်နဲ့ ဖော်ပြခြင်းခံခဲ့ရတဲ့ ပိုင်တံခွန် 4
ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေကြားမှာသာမက ထိုင်းမဂ္ဂဇင်းတွေမှာပါ ဟိုးလေးတကျော်ကျော်နဲ့ ဖော်ပြခြင်းခံခဲ့ရတဲ့ ပိုင်တံခွန် 5
Unicode
လတ်တလောမှာတော့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေ အရူးအမူးကို စိတ်ဝင်တစားနဲ့အားပေးခြင်းကိုခံနေခဲ့ရပါတယ်နော်။
သူ့ရဲ့ ထူးခြားပြီးဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ ဖမ်းစားခြင်းခံနေရတဲ့ မိန်းကလေးပရိတ်သတ်တွေဆိုတာဟာလည်း ဒုနဲ့ဒေးပါပဲနော်။ ယောက်ျားပီသပြီး ဗလခပ်တောင့်တောင့်နဲ့ ကောင်ချောလေးမို့ ပြည်ပကပရိတ်သတ်တွေတင်သာမကပဲ ပြည်တွင်းမှာလည်း မိန်းကလေးတိုင်းရဲ့အသဲစွဲဖြစ်ခဲ့ရပါတယ်နော်။
ခပ်အေးအေးနေတတ်ပြီးတော့ ခွေးလေးတွေ ကြောင်လေးတွေကို ချစ်တတ်တာကလည်း မိန်းကလေးတွေရဲ့ စိတ်ကူးယဉ်မင်းသားလေးဖြစ်လာရတဲ့ အကြောင်းအရင်းတွေထဲကတစ်ချက်ပါပဲနော်။ အထာကျကျနဲ့တည်တည်ကြည်ကြည်နေတတ်တဲ့ သူမို့ နှုတ်ခမ်းနီမလေးတွေရဲ့ Crushဖြစ်နေရတာလည်း ထူးဆန်းမယ်မထင်ပါဘူးနော်။
မြန်မာနိုင်ငံတွေတင်သာမကဘဲ အခြားပြည်ပက အားပေးတဲ့ ပရိတ်သတ်ပေါင်းများစွာရှိပေမယ့် ထိုင်းနိုင်ငံက ပရိတ်သတ်တွေကတော့ ပိုင်တံခွန်ဆိုတာနဲ့ အားပေးကြမ်းပြီးသားပါပဲနော်။
အခုလည်း ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ POSHမဂ္ဂဇင်းမှာ နာမည်ကျော်တစ်ယောက်အနေနဲ့ ဖော်ပြခြင်းကိုခံခဲ့ရပါတယ်နော်။ POSH Thailand မဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကြောင့် သူရဲ့ပရိတ်သတ်တွေနဲ့ ထိုင်းက နှုတ်ခမ်းနီမလေးတွေဟာ နှလုံးသားတွေ လှုပ်ခါယမ်းကာ ရင်ခုန်သံတွေဗြောင်းဆန်အောင် ပျော်ခဲ့ကြရပါတယ်နော်။
ကဲ… အားလုံးသဲသဲလှုပ်အချစ်ပိုနေရတဲ့ ပိုင်တံခွန်ဟာ မကြာခင်ရက်ပိုင်းမှာလည်း ဘန်ကောက်မှာ ထိုင်းကသူ့ရဲ့ ချစ်ပရိတ်သတ်တွေနဲ့ Fan Meetingလုပ်ဖို့ ရှိပါသေးတယ်လို့ သတင်းကောင်းပါးလိုက်ပါရစေနော်။ credit
Be the first to comment
Leave a Reply
Your email address will not be published.
*