ထင္မွတ္မထားရေလာက္ေအာင္ကို ႏုပ်ိဳလွပေနေသးတဲ့ ေမသန္းႏု

ခ်စ္ပရိတ္သတ္ႀကီးေရ… ၾကာရွည္လွၿပီျဖစ္တဲ့ အႏုပညာသက္တမ္းတစ္ေလွ်ာက္မွာ ပရိတ္သတ္ေတြရဲ႕ ခ်စ္ခင္အားေပးျခင္း လက္ခုပ္သံေတြကို ရရွိပိုင္ဆိုင္ထားတဲ့ ဂႏၲဝင္မင္းသမီးႀကီး ေမသန္းႏုကို ပရိတ္သတ္ေတြအားလုံသိၿပီးသားပါေနာ္။ အကယ္ဒမီမ်ားရွင္လည္းျဖစ္ၿပီးေတာ့ သူမ လူငယ္ဘဝကတည္းက သူမခ်စ္တဲ့အႏုပညာေလာကထဲကို ေျခစုံပစ္ဝင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္။

ထင္မွတ္မထားရေလာက္ေအာင္ကို ႏုပ်ိဳလွပေနေသးတဲ့ ေမသန္းႏု 1

ထင္မွတ္မထားရေလာက္ေအာင္ကို ႏုပ်ိဳလွပေနေသးတဲ့ ေမသန္းႏု 2

သူမပါဝင္ သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ ၾသကၤန္မိုး ဆိုတဲ့ တစ္ေခတ္တခါက ဂႏၲဝင္႐ုပ္ရွင္ဇာတ္ကားႀကီးဟာလည္း အခုအခ်ိန္ထိ နာမည္ႀကီးလူႀကိဳက္မ်ားေနဆဲပါပဲေနာ္။ သူမ်ားရဲ႕ အႏုပညာသက္တမ္းမွာ အခက္အခဲေပါင္းစုံနဲ႔ေတြ႕ခဲ့ရေပမယ့္ အားမေလ်ာ့ဘဲႀကိဳးစားကာ အရည္အခ်င္းရွိတဲ့ လူငယ္အႏုပညာရွင္ေတြကိုလည္း လက္တြဲေခၚၿပီးေျမေထာင္ေျမႇာက္ေပးခဲ့ပါေသးတယ္ေနာ္။

ထင္မွတ္မထားရေလာက္ေအာင္ကို ႏုပ်ိဳလွပေနေသးတဲ့ ေမသန္းႏု 3

ထင္မွတ္မထားရေလာက္ေအာင္ကို ႏုပ်ိဳလွပေနေသးတဲ့ ေမသန္းႏု 4

ဇရာေထာင္းလာတဲ့အခါ အေတာ္မ်ားမ်ားဟာအႏုပညာေလာကကေနထြက္ခြာၿပီး မိသားစုေတြကိုအခ်ိန္ေပးကာ ေအးေအးခ်မ္းခ်မ္းေနသြားတတ္ၾကေပမယ့္ သူမကေတာ့ သူမခ်စ္တဲ့အႏုပညာအလုပ္ကိုဖက္တြယ္ထားဆဲပါပဲေနာ္။ ဒါေပမယ့္ ဆုေတာင္းေကာင္းတယ္လို႔ပဲဆိုရမလား အခုထိ လူငယ္ေလးလိုပဲ ေပါ့ေပါ့ပါးပါးနဲ႔ သြက္လက္ႏုပ်ိဳေနတာကလည္း အက်ိဳးထူးတစ္ခုပါပဲေနာ္။ ကဲ… ထင္မထားရေလာက္ေအာင္ ႏုပ်ိဳလွပေနဆဲျဖစ္တဲ့ အန္တီ ေမသန္းႏုရဲ႕ က်က္သေရရွိရွိလွေနတဲ့ပုံရိပ္ေလးေတြကို သူမကိုခ်စ္တဲ့ပရိတ္သတ္ေတြအတြက္ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။Myamarload

Unicode Version

ချစ်ပရိတ်သတ်ကြီးရေ… ကြာရှည်လှပြီဖြစ်တဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးခြင်း လက်ခုပ်သံတွေကို ရရှိပိုင်ဆိုင်ထားတဲ့ ဂန္တဝင်မင်းသမီးကြီး မေသန်းနုကို ပရိတ်သတ်တွေအားလုံသိပြီးသားပါနော်။ အကယ်ဒမီများရှင်လည်းဖြစ်ပြီးတော့ သူမ လူငယ်ဘဝကတည်းက သူမချစ်တဲ့အနုပညာလောကထဲကို ခြေစုံပစ်ဝင်လာခဲ့တာပဲဖြစ်ပါတယ်နော်။

သူမပါဝင် သရုပ်ဆောင်ခဲ့ဖူးတဲ့ သြင်္ကန်မိုး ဆိုတဲ့ တစ်ခေတ်တခါက ဂန္တဝင်ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း အခုအချိန်ထိ နာမည်ကြီးလူကြိုက်များနေဆဲပါပဲနော်။ သူများရဲ့ အနုပညာသက်တမ်းမှာ အခက်အခဲပေါင်းစုံနဲ့တွေ့ခဲ့ရပေမယ့် အားမလျော့ဘဲကြိုးစားကာ အရည်အချင်းရှိတဲ့ လူငယ်အနုပညာရှင်တွေကိုလည်း လက်တွဲခေါ်ပြီးမြေထောင်မြှောက်ပေးခဲ့ပါသေးတယ်နော်။

ဇရာထောင်းလာတဲ့အခါ အတော်များများဟာအနုပညာလောကကနေထွက်ခွာပြီး မိသားစုတွေကိုအချိန်ပေးကာ အေးအေးချမ်းချမ်းနေသွားတတ်ကြပေမယ့် သူမကတော့ သူမချစ်တဲ့အနုပညာအလုပ်ကိုဖက်တွယ်ထားဆဲပါပဲနော်။ ဒါပေမယ့် ဆုတောင်းကောင်းတယ်လို့ပဲဆိုရမလား အခုထိ လူငယ်လေးလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ သွက်လက်နုပျိုနေတာကလည်း အကျိုးထူးတစ်ခုပါပဲနော်။ ကဲ… ထင်မထားရလောက်အောင် နုပျိုလှပနေဆဲဖြစ်တဲ့ အန်တီ မေသန်းနုရဲ့ ကျက်သရေရှိရှိလှနေတဲ့ပုံရိပ်လေးတွေကို သူမကိုချစ်တဲ့ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Myamarload