တိုးလို့မပေါက်အောင် ကြိုဆိုအားပေးကြတဲ့ ရေစကြိုမြို့ကပရိသတ်တွေကြောင့် ကြည်နူးမဆုံးဖြစ်နေတဲ့ ရွှေကစ်
တိုးလို့မပေါက်အောင် ကြိုဆိုအားပေးကြတဲ့ ရေစကြိုမြို့ကပရိသတ်တွေကြောင့် ကြည်နူးမဆုံးဖြစ်နေတဲ့ ရွှေကစ် 1
တိုးလို့မပေါက်အောင် ကြိုဆိုအားပေးကြတဲ့ ရေစကြိုမြို့ကပရိသတ်တွေကြောင့် ကြည်နူးမဆုံးဖြစ်နေတဲ့ ရွှေကစ် 2
တိုးလို့မပေါက်အောင် ကြိုဆိုအားပေးကြတဲ့ ရေစကြိုမြို့ကပရိသတ်တွေကြောင့် ကြည်နူးမဆုံးဖြစ်နေတဲ့ ရွှေကစ် 3 တိုးလို့မပေါက်အောင် ကြိုဆိုအားပေးကြတဲ့ ရေစကြိုမြို့ကပရိသတ်တွေကြောင့် ကြည်နူးမဆုံးဖြစ်နေတဲ့ ရွှေကစ် 4
တိုးလို့မပေါက်အောင် ကြိုဆိုအားပေးကြတဲ့ ရေစကြိုမြို့ကပရိသတ်တွေကြောင့် ကြည်နူးမဆုံးဖြစ်နေတဲ့ ရွှေကစ် 5
တိုးလို့မပေါက်အောင် ကြိုဆိုအားပေးကြတဲ့ ရေစကြိုမြို့ကပရိသတ်တွေကြောင့် ကြည်နူးမဆုံးဖြစ်နေတဲ့ ရွှေကစ် 6
Unicode
စာရေးဆရာမကြီး ခင်ခင်ထူးရဲ့အအောင်မြင်ဆုံး ဝတ္တုတွေထဲက တစ်ပုဒ်ဖြစ်တဲ့ “ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ဝတ္တုကိုတော့ ဒါရိုက်တာ မီးပွားက ရုပ်ရှင်အဖြစ် အသက်သွင်းတော့မှာမို့ ပရိသတ်တွေအားလုံးက ရင်ခုန်စွာ စောင့်မျှော်နေကြရတာပါ။
အဆိုပါ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့် အနုပညာရှင်တွေကလည်း တကယ့် ဒိတ်ဒိတ်ကြဲတွေမို့ ခင်နှောင်းနဲ့ ကိုကျီးညိုဇာတ်ရုပ်ကို ဘယ်လိုအမိုက်စား ပုံဖော်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ လတ်တလောမှာတော့ ဝတ်မှုံရွှေရည်က ရုပ်ရှင်ရိုက်ဖို့ ရေစကြိုသို့ ရောက်ရှိနေပြီဖြစ်ပြီး အားပေးကြမ်းလှတဲ့ နယ်ခံပရိသတ်တွေကြောင့် အံ့အားသင့်ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ဝတ္ထုကို အသက်သွင်းဖို့ သရုပ်ဆောင်တွေက အကောင်းဆုံး ကြိုးစားသွားမယ်လို့ ယုံကြည်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
ချစ်ဖို့ကောင်းတဲ့ ရေစကြိုက နယ်ခံပရိသတ်တွေကတော့ ဝတ်မှုံရွှေရည်ကို ကားကြီးထဲအထိ တိုးပြီး အားပေးကြမ်းခဲ့ကြတာပါ။အဆိုပါ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုကျီးညိုအဖြစ် သရုပ်ဆောင်ဖို့အတွက် မင်းသား ဒေါင်းက ရေစကြိုမြို့နယ် ဖြုံဘူးရွာမှာ သွားရောက် နေထိုင်နေတာဖြစ်ပြီး၊ ခင်နှောင်းအဖြစ်သရုပ်ဆောင်မယ့် ဝတ်မှုံရွှေရည်ကလည်း တစ်လတိတိ လူမှုကွန်ယက်တွေ၊ တခြားသော ရိုက်ကူးရေးတွေကို နားပြီး ရေစကြိုမှာနေထိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ဝတ္ထုကို အသက်သွင်းဖို့ သရုပ်ဆောင်တွေက အကောင်းဆုံး ကြိုးစားသွားမယ်လို့ ယုံကြည်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ credit – momolay