တရားရွိတဲ့ အန္တီဝါကိုၾကည့္ျပီး ရင္ထဲေအးခ်မ္းမိတယ္ဆိုတဲ့ ခိုင္နွင္းေဝ

တစ္ခ်ိန္က ပရိသတ္ေတြ ရဲ႕ ခ်စ္ခင္အားေပးျခင္းမ်ားစြာ ရရွိခဲ့တဲ့ ႏိုင္ငံေက်ာ္ ရုပ္ရွင္သရုပ္ေဆာင္ အကယ္ဒမီ ေဒၚဝါဝါဝင္းေရႊ ဟာ ဆိုရင္ ခုအခ်ိန္ထိ ရုပ္ရွင္ဇာတ္ကားႀကီး တစ္ခ်ိဳ႕မွာ ပါဝင္သရုပ္ေဆာင္ ေနတုန္း ျဖစ္သလို ခုအခ်ိန္ ထိ လွေနတုန္းပါ။

တရားရွိတဲ့ အန္တီဝါကိုၾကည့္ျပီး ရင္ထဲေအးခ်မ္းမိတယ္ဆိုတဲ့ ခိုင္နွင္းေဝ 1

ျပီးခဲ့တဲ့၂၃ရက္ေန႔ ၇ : ၁၂ မိနစ္မွာ ေဒၚဝါဝါဝင္းေရႊ ရဲ႕ ခင္ပြန္း ဦးသန္းထြဋ္ ကြယ္လြန္သြားတာေၾကာင့္ ပရိသတ္ေတြအားလံုးနဲ႔ အႏုပညာရွင္ေတြပါ စိတ္မေကာင္းျဖစ္ေနၾကတာပါ။ လတ္တေလာမွာေတာ့ ခိုင္နွင္းေဝက အန္တီဝါကို သြားေရာက္အားေပးစကားေျပာခဲ့တာေတြ႔ရျပီး၊ ခင္ပြန္း ကြယ္လြန္သြားတာေတာင္ တည္တည္ျငိမ္ျငိမ္နဲ႔ တရားရွိလြန္းတဲ့ ေဒၚဝါဝါဝင္းေရႊကို ၾကည့္ျပီး ရင္ထဲေအးခ်မ္းမိတဲ့အေၾကာင္း ေျပာျပခဲ့ပါေသးတယ္။

တရားရွိတဲ့ အန္တီဝါကိုၾကည့္ျပီး ရင္ထဲေအးခ်မ္းမိတယ္ဆိုတဲ့ ခိုင္နွင္းေဝ 2

ပရိသတ္ေတြအတြက္ အန္တီဝါကို သြားေရာက္အားေပးစကားဆိုခဲ့ၾကတဲ့ ခိုင္နွင္းေဝတို႔ သူငယ္ခ်င္းေတြရဲ႕ပံုရိပ္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

တရားရွိတဲ့ အန္တီဝါကိုၾကည့္ျပီး ရင္ထဲေအးခ်မ္းမိတယ္ဆိုတဲ့ ခိုင္နွင္းေဝ 3

ခို္င္နွင္းေဝကေတာ့ “အန္တီဝါ ရဲ႕ အမ်ိဳးသား မင္းသားႀကီး ဦးသန္းထြဠ္ ကြယ္လြန္သြားလို႔ မိသားစုနဲ႔ ထပ္တူ ဝမ္းနည္းစိတ္မေကာင္း ျဖစ္မိပါတယ္ရွင္ …တရားရွိတဲ့ အန္တီဝါ ကိုၾကည့္ၿပီးလဲ ရင္ထဲေအးခ်မ္းမိပါတယ္…အန္ကယ္ႀကီး ေကာင္းရာဘံုဘဝေရာက္ရွိပါေစ…” ဆိုျပီး အန္တီဝါဆီ သြားေရာက္ခဲ့တဲ့ သူမတို႔သူငယ္ခ်င္းေတြရဲ႕ပံုရိပ္ေတြကို ေဝမွ်ေပးထားတာပါ။

တရားရွိတဲ့ အန္တီဝါကိုၾကည့္ျပီး ရင္ထဲေအးခ်မ္းမိတယ္ဆိုတဲ့ ခိုင္နွင္းေဝ 4

အန္တီ ဝါဝါဝင္းေရႊကိုေတာ့ သရုပ္ေဆာင္ မင္းသားႀကီး ဦးညြန္႔ဝင္း ကလည္းအားေပးစကားလာေရာက္ေျပာခဲ့သလို ၊ ဦးေနေအာင္မိသားစု ၊ ခ်စ္ခ်စ္ေဇာ္၊ လူမင္းနဲ႔ ဇနီး၊ေျပတီဦး နဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံ နဲ႔ အႏုပညာရွင္ တစ္ခ်ိဳ႕လာေရာက္အားေပးခဲ့ၾကပါေသးတယ္။

တရားရွိတဲ့ အန္တီဝါကိုၾကည့္ျပီး ရင္ထဲေအးခ်မ္းမိတယ္ဆိုတဲ့ ခိုင္နွင္းေဝ 5 တရားရွိတဲ့ အန္တီဝါကိုၾကည့္ျပီး ရင္ထဲေအးခ်မ္းမိတယ္ဆိုတဲ့ ခိုင္နွင္းေဝ 6

အရမ္းကို တည္ျငိမ္လြန္းတဲ့ အန္တီဝါကေတာ့ တကယ့္ကို တရားရွိသူတစ္ဦးပါပဲေနာ္…။ ပရိသတ္ေတြလည္း အန္တီ ဝါဝါဝင္းေရႊရဲ႕ အမ်ိဳးသား မင္းသားႀကီး ဦးသန္းထြဠ္တစ္ေယာက္ ေကာင္းရာဘံုဘဝမွာ ေအးခ်မ္းပါေစလို႔ ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။ credit

တရားရွိတဲ့ အန္တီဝါကိုၾကည့္ျပီး ရင္ထဲေအးခ်မ္းမိတယ္ဆိုတဲ့ ခိုင္နွင္းေဝ 7

Unicode
တစ်ချိန်က ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးခြင်းများစွာ ရရှိခဲ့တဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေ ဟာ ဆိုရင် ခုအချိန်ထိ ရုပ်ရှင်ဇာတ်ကားကြီး တစ်ချို့မှာ ပါဝင်သရုပ်ဆောင် နေတုန်း ဖြစ်သလို ခုအချိန် ထိ လှနေတုန်းပါ။

ပြီးခဲ့တဲ့၂၃ရက်နေ့ ၇ : ၁၂ မိနစ်မှာ ဒေါ်ဝါဝါဝင်းရွှေ ရဲ့ ခင်ပွန်း ဦးသန်းထွဋ် ကွယ်လွန်သွားတာကြောင့် ပရိသတ်တွေအားလုံးနဲ့ အနုပညာရှင်တွေပါ စိတ်မကောင်းဖြစ်နေကြတာပါ။ လတ်တလောမှာတော့ ခိုင်နှင်းဝေက အန်တီဝါကို သွားရောက်အားပေးစကားပြောခဲ့တာတွေ့ရပြီး၊ ခင်ပွန်း ကွယ်လွန်သွားတာတောင် တည်တည်ငြိမ်ငြိမ်နဲ့ တရားရှိလွန်းတဲ့ ဒေါ်ဝါဝါဝင်းရွှေကို ကြည့်ပြီး ရင်ထဲအေးချမ်းမိတဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။

ပရိသတ်တွေအတွက် အန်တီဝါကို သွားရောက်အားပေးစကားဆိုခဲ့ကြတဲ့ ခိုင်နှင်းဝေတို့ သူငယ်ချင်းတွေရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေကတော့ “အန်တီဝါ ရဲ့ အမျိုးသား မင်းသားကြီး ဦးသန်းထွဠ် ကွယ်လွန်သွားလို့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းစိတ်မကောင်း ဖြစ်မိပါတယ်ရှင် …တရားရှိတဲ့ အန်တီဝါ ကိုကြည့်ပြီးလဲ ရင်ထဲအေးချမ်းမိပါတယ်…အန်ကယ်ကြီး ကောင်းရာဘုံဘဝရောက်ရှိပါစေ…” ဆိုပြီး အန်တီဝါဆီ သွားရောက်ခဲ့တဲ့ သူမတို့သူငယ်ချင်းတွေရဲ့ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

အန်တီ ဝါဝါဝင်းရွှေကိုတော့ သရုပ်ဆောင် မင်းသားကြီး ဦးညွန့်ဝင်း ကလည်းအားပေးစကားလာရောက်ပြောခဲ့သလို ၊ ဦးနေအောင်မိသားစု ၊ ချစ်ချစ်ဇော်၊ လူမင်းနဲ့ ဇနီး၊ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ နဲ့ အနုပညာရှင် တစ်ချို့လာရောက်အားပေးခဲ့ကြပါသေးတယ်။

အရမ်းကို တည်ငြိမ်လွန်းတဲ့ အန်တီဝါကတော့ တကယ့်ကို တရားရှိသူတစ်ဦးပါပဲနော်…။ ပရိသတ်တွေလည်း အန်တီ ဝါဝါဝင်းရွှေရဲ့ အမျိုးသား မင်းသားကြီး ဦးသန်းထွဠ်တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။ credit

Be the first to comment

Leave a Reply

Your email address will not be published.


*