တမင္ေဖာ္ၿပီး အျမင္မတင့္တယ္ေအာင္ ဝတ္ေနတာ မဟုတ္ပါဘူးဆုိတဲ့ ရွင္ယြန္းျမတ္

ရွင္ယြန္းျမတ္ဆိုတဲ့ ေမာ္ဒယ္သရုပ္ေဆာင္ေလးကေတာ့ ခ်စ္ဖုိ႔ေကာင္းတဲ့မ်က္နွာေလးနဲ႔ အသည္းယားစရာအမူအရာေလးေတြအျပင္ ေတာင့္တင္းေျဖာင့္စင္းတဲ့ကုိယ္ေနဟန္ထားေလးကုိ ပုိင္ဆိုင္ထားသူပါ။ သူ႔ရဲ႕ လွပတဲ့ ကုိယ္ခႏၶာေကာက္ေၾကာင္းေၾကာင့္ ပုရိသေတြစြဲမက္ရသူေလးအျဖစ္ ပရိသတ္ေတြၾကားမွာေရပန္းစားလာတယ္ဆိုရင္လည္းမမွားပါဘူး။ ရွင္ယြန္းျမတ္က မၾကာေသးမီက အင္တာဗ်ဴးမွာ လွေအာင္တမင္ခဲြဲစိတ္ထားတာမရွိတဲ့အေၾကာင္းနဲ႔ ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြနဲ႔ပတ္သက္ျပီး ေျပာၾကားသြားခဲ့ပါတယ္။

တမင္ေဖာ္ၿပီး အျမင္မတင့္တယ္ေအာင္ ဝတ္ေနတာ မဟုတ္ပါဘူးဆုိတဲ့ ရွင္ယြန္းျမတ္ 1

ရွင္ယြန္းျမတ္က လွေအာင္တမင္ခြဲစိတ္ထားတာမရွိေၾကာင္းနဲ႔ ခြဲစိတ္ခ်င္တာေလးေတာ့ရွိတယ္လို႔ “ရွင္ယြန္း လွေအာင္ဆိုျပီးေတာ့ တမင္ခြဲစိတ္ျပဳျပင္ထားတာေတာ့မရွိပါဘူး။ ဒါေပမယ့္ ရွင္ယြန္း မ်က္ရစ္ေလးေတာ့လုပ္ခ်င္တယ္။ ရွင္ယြန္းတို႔က်ေတာ့ ဒီတိုင္းၾကည့္ရင္ မ်က္ရစ္ရွိတယ္ဆိုေပမယ့္ eyeshadow ေတြျခယ္လိုက္တဲ့အခ်ိန္က်ေတာ့ မ်က္ရစ္က ဝင္သြားတယ္။ မ်က္ရစ္ထူထူေလးဆိုပုိလွတယ္ေပါ့။ သူမ်ားေတြလွသလုိလွခ်င္ေတာ့မ်က္ရစ္ေလးေတာ့လုပ္ခ်င္တယ္။မ်က္ရစ္ကလည္းၾကည့္ေတာ့သာဘာမွမဟုတ္တာ မွားသြားလို႔ရွိရင္မ်က္ရစ္တစ္ဖက္နဲ႔တစ္ဖက္မညီတာေလးေတြျဖစ္တတ္တယ္ေပ့ါ။ ရွင္ယြန္းက ေသေသခ်ာခ်ာေလး ေဆးခန္းေကာင္းေကာင္းမွာ စိ္တ္ခ်ရတဲ့အေနအထားေလးျဖစ္ေအာင္လုိ႔ရွင္ယြန္းကလုပ္ခ်င္တယ္”လုိ႔ ေျပာျပထားပါတယ္။

တမင္ေဖာ္ၿပီး အျမင္မတင့္တယ္ေအာင္ ဝတ္ေနတာ မဟုတ္ပါဘူးဆုိတဲ့ ရွင္ယြန္းျမတ္ 2

ရွင္ယြန္းျမတ္က ေတာင့္တင္းေျဖာင့္စင္းတဲ့ ခႏၶာကုိယ္နဲ႔ပတ္သက္ျပီး Gym ေဆာ့ျဖစ္တဲ့အေၾကာင္း “ရွင္ယြန္းက Gym ကေတာ့ ေဆာ့ျဖစ္တယ္။ ရွင္ယြန္းက six packs ေတြဘာေတြေတာ့ရခ်င္တာေပါ့။ကုိယ္ကေတာ့ Gym မမွန္တဲ့လူဆိုေတာ့ အဆီေတြအကုန္လံုးက်ျပီး Body Shape ေလးျပန္ေပၚေအာင္ပဲေဆာ့ေနပါတယ္”လို႔ေျပာျပထားပါတယ္။

တမင္ေဖာ္ၿပီး အျမင္မတင့္တယ္ေအာင္ ဝတ္ေနတာ မဟုတ္ပါဘူးဆုိတဲ့ ရွင္ယြန္းျမတ္ 3

ရွင္ယြန္းျမတ္က ေဝဖန္ေနၾကတဲ့လူေတြနဲ႔ပတ္သက္ျပီးေတာ့ “လူဆိုတာ ကိုယ့္ရဲ႕ျဖစ္တည္မႈကုိယ့္ရဲ႕ရပ္တည္မႈကုိုကိုယ္ကုိယ္တိုင္သာအသိဆံုးေပါ့ေနာ္။ သူမ်ားကုိလုိက္ေျပာေနမယ့္အစား ရွင္ယြန္းဆိုရင္သူမ်ားကုိ အျပဳသေဘာနဲ႔ေတာင္မွမေဝဖန္ေတာ့ဘူး။ လူဆိုတာသူ႔အေၾကာင္းနဲ႔သူရွိတယ္”လို႔ ေျပာထားျပီး တမင္ေဖာ္ျပီးမ်က္စိအျမင္မတင့္တယ္ေအာင္ဝတ္ေနတာမဟုတ္ဘူးလို႔လည္း “ရွင္ယြန္းက ေဘာ္ဒီေကာက္ေၾကာင္းေပၚတဲ့အဝတ္အစားမ်ိဳးနဲ႔မွပုိလိုက္တယ္လို႔လည္းထင္တယ္။အဲ့လုိအဝတ္အစားမ်ိဳးကုိလည္း ရွင္ယြန္းက ပုိလည္းၾကိဳက္တယ္။ အက်ႌပါးပါးေလးေတြဆိုရင္ ကင္မရာမီးနဲ႔ေတြ႕တဲ့အခါ ပါးျပီးေတာ့ ပုိေပၚတာမ်ိဳးေတြေတာ့ရွိမွာေပါ့။ အမ်ားသူငွာနဲ႔လူၾကားထဲမွာသြားတဲ့အခါမွာေတာ့အဲ့လုိေပၚေနတာမ်ိဳးေတြရွင္ယြန္းက မဝတ္ပါဘူး”လို႔လည္းေျပာျပထားပါတယ္။

တမင္ေဖာ္ၿပီး အျမင္မတင့္တယ္ေအာင္ ဝတ္ေနတာ မဟုတ္ပါဘူးဆုိတဲ့ ရွင္ယြန္းျမတ္ 4

တမင္ေဖာ္ၿပီး အျမင္မတင့္တယ္ေအာင္ ဝတ္ေနတာ မဟုတ္ပါဘူးဆုိတဲ့ ရွင္ယြန္းျမတ္ 5

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ရွင္ယြန္းကုိခ်စ္ၾကလား။ရွင္ယြန္းျမတ္ရဲ႕ေနာက္ထပ္အနုပညာလႈပ္ရွားမႈေတြကုိေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။Nanmalgyi

Unicode version

ရှင်ယွန်းမြတ်ဆိုတဲ့ မော်ဒယ်သရုပ်ဆောင်လေးကတော့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ အသည်းယားစရာအမူအရာလေးတွေအပြင် တောင့်တင်းဖြောင့်စင်းတဲ့ကိုယ်နေဟန်ထားလေးကို ပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ လှပတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းကြောင့် ပုရိသတွေစွဲမက်ရသူလေးအဖြစ် ပရိသတ်တွေကြားမှာရေပန်းစားလာတယ်ဆိုရင်လည်းမမှားပါဘူး။ ရှင်ယွန်းမြတ်က မကြာသေးမီက အင်တာဗျူးမှာ လှအောင်တမင်ခွဲစိတ်ထားတာမရှိတဲ့အကြောင်းနဲ့ ပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။

ရှင်ယွန်းမြတ်က လှအောင်တမင်ခွဲစိတ်ထားတာမရှိကြောင်းနဲ့ ခွဲစိတ်ချင်တာလေးတော့ရှိတယ်လို့ “ရှင်ယွန်း လှအောင်ဆိုပြီးတော့ တမင်ခွဲစိတ်ပြုပြင်ထားတာတော့မရှိပါဘူး။ ဒါပေမယ့် ရှင်ယွန်း မျက်ရစ်လေးတော့လုပ်ချင်တယ်။ ရှင်ယွန်းတို့ကျတော့ ဒီတိုင်းကြည့်ရင် မျက်ရစ်ရှိတယ်ဆိုပေမယ့် eyeshadow တွေခြယ်လိုက်တဲ့အချိန်ကျတော့ မျက်ရစ်က ဝင်သွားတယ်။ မျက်ရစ်ထူထူလေးဆိုပိုလှတယ်ပေါ့။ သူများတွေလှသလိုလှချင်တော့မျက်ရစ်လေးတော့လုပ်ချင်တယ်။မျက်ရစ်ကလည်းကြည့်တော့သာဘာမှမဟုတ်တာ မှားသွားလို့ရှိရင်မျက်ရစ်တစ်ဖက်နဲ့တစ်ဖက်မညီတာလေးတွေဖြစ်တတ်တယ်ပေ့ါ။ ရှင်ယွန်းက သေသေချာချာလေး ဆေးခန်းကောင်းကောင်းမှာ စိတ်ချရတဲ့အနေအထားလေးဖြစ်အောင်လို့ရှင်ယွန်းကလုပ်ချင်တယ်”လို့ ပြောပြထားပါတယ်။

ရှင်ယွန်းမြတ်က တောင့်တင်းဖြောင့်စင်းတဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး Gym ဆော့ဖြစ်တဲ့အကြောင်း “ရှင်ယွန်းက Gym ကတော့ ဆော့ဖြစ်တယ်။ ရှင်ယွန်းက six packs တွေဘာတွေတော့ရချင်တာပေါ့။ကိုယ်ကတော့ Gym မမှန်တဲ့လူဆိုတော့ အဆီတွေအကုန်လုံးကျပြီး Body Shape လေးပြန်ပေါ်အောင်ပဲဆော့နေပါတယ်”လို့ပြောပြထားပါတယ်။

ရှင်ယွန်းမြတ်က ဝေဖန်နေကြတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ “လူဆိုတာ ကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့ရပ်တည်မှုကိုကိုယ်ကိုယ်တိုင်သာအသိဆုံးပေါ့နော်။ သူများကိုလိုက်ပြောနေမယ့်အစား ရှင်ယွန်းဆိုရင်သူများကို အပြုသဘောနဲ့တောင်မှမဝေဖန်တော့ဘူး။ လူဆိုတာသူ့အကြောင်းနဲ့သူရှိတယ်”လို့ ပြောထားပြီး တမင်ဖော်ပြီးမျက်စိအမြင်မတင့်တယ်အောင်ဝတ်နေတာမဟုတ်ဘူးလို့လည်း “ရှင်ယွန်းက ဘော်ဒီကောက်ကြောင်းပေါ်တဲ့အဝတ်အစားမျိုးနဲ့မှပိုလိုက်တယ်လို့လည်းထင်တယ်။အဲ့လိုအဝတ်အစားမျိုးကိုလည်း ရှင်ယွန်းက ပိုလည်းကြိုက်တယ်။ အင်္ကျီပါးပါးလေးတွေဆိုရင် ကင်မရာမီးနဲ့တွေ့တဲ့အခါ ပါးပြီးတော့ ပိုပေါ်တာမျိုးတွေတော့ရှိမှာပေါ့။ အများသူငှာနဲ့လူကြားထဲမှာသွားတဲ့အခါမှာတော့အဲ့လိုပေါ်နေတာမျိုးတွေရှင်ယွန်းက မဝတ်ပါဘူး”လို့လည်းပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရှင်ယွန်းကိုချစ်ကြလား။ရှင်ယွန်းမြတ်ရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။Nanmalgyi