တန်ဖိုးထားတတ်တဲ့မောင့်ကြောင့် ကျမတန်ဖိုးရှိအောင်နေပါတယ်ဆိုတဲ့ ဘေဘီမောင်
တန်ဖိုးထားတတ်တဲ့မောင့်ကြောင့် ကျမတန်ဖိုးရှိအောင်နေပါတယ်ဆိုတဲ့ ဘေဘီမောင် 1
တန်ဖိုးထားတတ်တဲ့မောင့်ကြောင့် ကျမတန်ဖိုးရှိအောင်နေပါတယ်ဆိုတဲ့ ဘေဘီမောင် 2
တန်ဖိုးထားတတ်တဲ့မောင့်ကြောင့် ကျမတန်ဖိုးရှိအောင်နေပါတယ်ဆိုတဲ့ ဘေဘီမောင် 3
တန်ဖိုးထားတတ်တဲ့မောင့်ကြောင့် ကျမတန်ဖိုးရှိအောင်နေပါတယ်ဆိုတဲ့ ဘေဘီမောင် 4
တန်ဖိုးထားတတ်တဲ့မောင့်ကြောင့် ကျမတန်ဖိုးရှိအောင်နေပါတယ်ဆိုတဲ့ ဘေဘီမောင် 5
Unicode Version
လတ်တလောမှာ ရေပန်းစားပေါ်ပြူလာဖြစ်နေတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့စုံတွဲဟာ အားလုံးရဲ့ အားကျချစ်ခင်ခြင်းကိုခံနေရတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်နော်။ ကိုယ်ပိုင် အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေကို အတိုင်းအတာတစ်ခုအထိပိုင်ဆိုင်ရရှိထားသူလေးတွေဖြစ်လို့ ပရိတ်သတ်တွေကလည်း သဘောတူထားကြပါတယ်နော်။
နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့တည်ဆောက်ထားတဲ့ Relationship လေးတစ်ခုဖြစ်တဲ့အတွက် နှစ်ယောက်စလုံးဟာ အသေးအမွှားလေးတွေအတွက်နဲ့ ဘယ်တော့မှပြဿနာဖြစ်အောင် မဖန်တီးတတ်ကြပါဘူးနော်။ လူသာငယ်ပေမယ့် တည်ငြိမ်ရင့်ကျက်မှု အသိတရားတွေအပြည့်ရှိတာကြောင့် အေးချမ်းသာယာတဲ့ ချစ်ခရီးလမ်းလေးကိုသာထာဝရပိုင်ဆိုင်နေခဲ့ရပါတယ်နော်။
ဘေဘီမောင်ကလည်း အရင်က လူငယ်ပီပီ ခေတ်နဲ့အညီ ခပ်မိမိဖက်ရှင်တွေ sexyကျကျဒီဇိုင်းလေးတွေအဝတ်များခဲ့ပေမယ့် အခုလိုတည်ငြိမ်ရင့်ကျက်တဲ့ ချစ်သူလေးရထားတဲ့အခါမှာတော့ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သူမရဲ့ပုံစံလေးကိုပါပြောင်းလဲပစ်ခဲ့ပါတယ်နော်။ ” နန်းဆန်တယ်ဆိုတာဒါမျိုးလားမောင်… တန်ဖိုးထားတတ်တဲ့မောင့်ကြောင့် ကျမတန်ဖိုးရှိအောင်နေပါတယ်လို့” ဆိုပြီးတော့ မြန်မာမလေးတစ်ယောက်ရဲ့ နန်းဆန်တဲ့အလှနဲ့ ချစ်သူလေးရဲ့ နှလုံးသားကိုထပ်မံလှုပ်ခတ်စေခဲ့ပြန်ပါတယ်နော်။ အချစ်ကြောင့်ပြောင်းလဲသွားခဲ့ပေမယ့် သူမဟာ ရင့်ကျက်တည်ငြိမ်လာတဲ့နဲ့အမျှ ငြိမ်းချမ်းတဲ့ ဘဝလေးကိုပိုပိုပြီး နှစ်သက်လာခဲ့ပါတယ်နော်။ ကဲ… လူငယ်ဆန်ဆန်မဟုတ်တော့ဘဲ မြင်သူငေးရလောက်တဲ့နန်းဆန်ဆန်အလှနဲ့ ဘေဘီရဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။ Myanmarload
Be the first to comment
Leave a Reply
Your email address will not be published.
*