တစ်စုံတစ်ယောက်နဲ့ နီးစပ်ခွင့်ရဖို့ ဆုတောင်းနေတဲ့ နေခြည်ရွှန်းလက်


တစ်စုံတစ်ယောက်နဲ့ နီးစပ်ခွင့်ရဖို့ ဆုတောင်းနေတဲ့ နေခြည်ရွှန်းလက် 1

တစ်စုံတစ်ယောက်နဲ့ နီးစပ်ခွင့်ရဖို့ ဆုတောင်းနေတဲ့ နေခြည်ရွှန်းလက် 2


တစ်စုံတစ်ယောက်နဲ့ နီးစပ်ခွင့်ရဖို့ ဆုတောင်းနေတဲ့ နေခြည်ရွှန်းလက် 3

တစ်စုံတစ်ယောက်နဲ့ နီးစပ်ခွင့်ရဖို့ ဆုတောင်းနေတဲ့ နေခြည်ရွှန်းလက် 4


Unicode Version

MRTV 4 ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ “ပုဂံ မြို့သူ ” “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန” ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲလေးတွေကနေ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ နေခြည်ရွှန်းလက် ကတော့ အနုပညာလောကထဲမှာ နေရာတစ်နေရာ ရယူထားနိုင်ခဲ့ပါပြီ။ သရုပ်ဆောင် ကောင်းသလို ချစ်စရာလဲကောင်းတာကြောင့် ယောကျာ်းလေး ပရိတ်သတ်တွေရော မိန်းကလေးပရိတ်သတ်တွေကိုပါ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေသလို ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံလေးတွေကိုလဲ Facebook ကနေတစ်ဆင့် မျှဝေပေးနေကျပါ။ ယခုလဲ ချစ်စရာကောင်းတဲ့ မြန်မာဝတ်စုံလေးနဲ့ အတူ ကျောက်ခဲလေးတွေကိုစီပြီး ဆုတစ်ခုတောင်းထားတာကို တွေ့ရပါတယ်။ “မင်းနဲ့ နီးခွင့်ရဖို့ ဆုတောင်း”ဆိုပြီး စာလေးပါ တင်ထားတာပါ။

တစ်ယောက်ယောက်နဲ့ နီးခွင့်ရဖို့ ဆုတောင်းနေတဲ့ နေခြည်ရွှန်းလက်ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ရပါတယ်။