တစ္စတစ္စ ပိုၿပီးေၾကာက္စရာေကာင္းလာတဲ့ E-စီးကရက္ အေၾကာင္း

အေမရိကန္အေျခစုိက္၊ Centre for Disease Control and Prevention မွ E-စီးကရက္ ေသာက္သုံးျခင္းေၾကာင့္ ျဖစ္ေပၚလာတဲ့ ေဘးထြက္ဆုိးက်ိဳးေတြနဲ႔ ဆက္စပ္ျဖစ္ေပၚလာတဲ့ ေသလုေမ်ာပါး အဆုတ္ေရာဂါေတြအေၾကာင္းကို စဥ္ဆက္မျပတ္ ေလ့လာေနခဲ့ရာ၊ ထိတ္လန္႔စရာ အေျဖေတြ ထြက္ေပၚလာခဲ့ပါတယ္။

တစ္စတစ္စ ပိုၿပီးေၾကာက္စရာေကာင္းလာတဲ့ E-စီးကရက္ အေၾကာင္း 1

အဲဒါကေတာ့ E-စီးကရက္ ေသာက္သုံးျခင္းေၾကာင့္ လက္ရွိအခ်ိန္မွာ လူ(၄)ေယာက္အထိ ေသဆုံးသြားၿပီလုိ႔ သိရပါတယ္။ အေမရိကန္ ျပည္နယ္ (၃၃)ခုမွာ လက္ရွိအခ်ိန္ လူေပါင္း (၄၅၀)အထိ ျပင္းထန္အဆုတ္ေရာဂါေတြနဲ႔ အသည္းအသန္ ျဖစ္ေနပါတယ္။ ဒါေပမယ့္ ေရာဂါထိန္းခ်ဳပ္ေရးစင္တာကေတာ့ ျဖစ္စဥ္ (၂၁၅)ခုကိုသာ မွတ္တမ္းတင္ထားႏုိင္ခဲ့ေသးတာပါ။

တစ္စတစ္စ ပိုၿပီးေၾကာက္စရာေကာင္းလာတဲ့ E-စီးကရက္ အေၾကာင္း 2

အဲဒီလူနာ အမ်ားစုဟာ အဆုတ္ေရာဂါေတြနဲ႔ ဆက္စပ္ေနၿပီး၊ အားလုံးဟာ E-စီးကရက္ ေသာက္သုံးျခင္းနဲ႔ THC Vaping (Tetrahydrocannabinol အေငြ႕ကို ႐ွဴသြင္းျခင္း)ေတြေၾကာင့္ ဆက္စပ္ျဖစ္ေပၚလာတာလုိ႔ ကၽြမ္းက်င္ပညာရွင္ေတြက အတည္ျပဳခဲ့တာပါ။ တကယ္ေတာ့ THC ဓာတ္ဟာ ေဆးေျခာက္ေတြမွာသာ ေတြ႕ရတာဆုိေပမယ့္ အခု e-liquid ပုံစံမ်ိဳးနဲ႔ ရေနပါၿပီ။

တစ္စတစ္စ ပိုၿပီးေၾကာက္စရာေကာင္းလာတဲ့ E-စီးကရက္ အေၾကာင္း 3

Gurnee, Illinois မွာေနထိုင္တဲ့ အသက္(၁၈)ႏွစ္အရြယ္ Adam Hergenreder ဟာ E-စီးကရက္ ေသာက္သုံးျခင္း (၂)ႏွစ္သာရွိေသးေပမယ့္၊ အဆုတ္ေရာဂါနဲ႔ ေဆးခန္းျပရေတာ့၊ သူရဲ႕အဆုတ္ဟာ ႏွစ္(၇၀)အဖုိးအုိတစ္ေယာက္ရဲ႕ အဆုတ္လုိသာ အလုပ္လုပ္ႏုိင္ေတာ့တယ္လို႔ သိရပါတယ္။

တစ္စတစ္စ ပိုၿပီးေၾကာက္စရာေကာင္းလာတဲ့ E-စီးကရက္ အေၾကာင္း 4

E-စီးကရက္ ေသာက္သုံးျခင္းေၾကာင့္ ျဖစ္ေပၚလာတဲ့ ဖ်ားနာေရာဂါကို Worrisome cluster of pulmonary diseases လုိ႔ Harvard University ေဆးဘက္ဆုိင္ရာပညာရွင္ေတြက အမည္ေပးလုိက္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပုိင္းကပဲ ဒီေရာဂါနဲ႔ Illinois မွာ လူငယ္တစ္ေယာက္ ေစာေစာစီးစီး ေသဆုံးခဲ့ရၿပီး၊ တစ္ပတ္အၾကာမွာ ေနာက္ထပ္ (၃)ေယာက္ ေသဆုံးခဲ့ရပါတယ္။

တစ္စတစ္စ ပိုၿပီးေၾကာက္စရာေကာင္းလာတဲ့ E-စီးကရက္ အေၾကာင္း 5

တစ္စတစ္စ ပိုၿပီးေၾကာက္စရာေကာင္းလာတဲ့ E-စီးကရက္ အေၾကာင္း 6

Centre for Disease Control and Prevention ကေတာ့ E-စီးကရက္ ေသာက္သုံးျခင္းကို ရပ္တန္႔ဖုိ႔ တုိက္တြန္းမႈေတြ ျပဳလုပ္ေနၿပီျဖစ္ၿပီး၊ E-စီးကရက္ ေသာက္သုံးျခင္းနဲ႔ ဆက္စပ္တဲ့ ပစၥည္းကိရိယာေတြ ထုတ္လုပ္ေရာင္းခ်မႈကိုလည္း အေမရိကန္တစ္ခြင္မွာ တားျမစ္သြားဖုိ႔ စီစဥ္မႈေတြျပဳလုပ္ေနတယ္လုိ႔ သိရပါတယ္။လင္းသုတ

Unicode Version

အမေရိကန်အခြေစိုက်၊ Centre for Disease Control and Prevention မှ E-စီးကရက် သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ သေလုမျောပါး အဆုတ်ရောဂါတွေအကြောင်းကို စဉ်ဆက်မပြတ် လေ့လာနေခဲ့ရာ၊ ထိတ်လန့်စရာ အဖြေတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒါကတော့ E-စီးကရက် သောက်သုံးခြင်းကြောင့် လက်ရှိအချိန်မှာ လူ(၄)ယောက်အထိ သေဆုံးသွားပြီလို့ သိရပါတယ်။ အမေရိကန် ပြည်နယ် (၃၃)ခုမှာ လက်ရှိအချိန် လူပေါင်း (၄၅၀)အထိ ပြင်းထန်အဆုတ်ရောဂါတွေနဲ့ အသည်းအသန် ဖြစ်နေပါတယ်။ ဒါပေမယ့် ရောဂါထိန်းချုပ်ရေးစင်တာကတော့ ဖြစ်စဉ် (၂၁၅)ခုကိုသာ မှတ်တမ်းတင်ထားနိုင်ခဲ့သေးတာပါ။

အဲဒီလူနာ အများစုဟာ အဆုတ်ရောဂါတွေနဲ့ ဆက်စပ်နေပြီး၊ အားလုံးဟာ E-စီးကရက် သောက်သုံးခြင်းနဲ့ THC Vaping (Tetrahydrocannabinol အငွေ့ကို ရှူသွင်းခြင်း)တွေကြောင့် ဆက်စပ်ဖြစ်ပေါ်လာတာလို့ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုခဲ့တာပါ။ တကယ်တော့ THC ဓာတ်ဟာ ဆေးခြောက်တွေမှာသာ တွေ့ရတာဆိုပေမယ့် အခု e-liquid ပုံစံမျိုးနဲ့ ရနေပါပြီ။

Gurnee, Illinois မှာနေထိုင်တဲ့ အသက်(၁၈)နှစ်အရွယ် Adam Hergenreder ဟာ E-စီးကရက် သောက်သုံးခြင်း (၂)နှစ်သာရှိသေးပေမယ့်၊ အဆုတ်ရောဂါနဲ့ ဆေးခန်းပြရတော့၊ သူရဲ့အဆုတ်ဟာ နှစ်(၇၀)အဖိုးအိုတစ်ယောက်ရဲ့ အဆုတ်လိုသာ အလုပ်လုပ်နိုင်တော့တယ်လို့ သိရပါတယ်။

E-စီးကရက် သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဖျားနာရောဂါကို Worrisome cluster of pulmonary diseases လို့ Harvard University ဆေးဘက်ဆိုင်ရာပညာရှင်တွေက အမည်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒီရောဂါနဲ့ Illinois မှာ လူငယ်တစ်ယောက် စောစောစီးစီး သေဆုံးခဲ့ရပြီး၊ တစ်ပတ်အကြာမှာ နောက်ထပ် (၃)ယောက် သေဆုံးခဲ့ရပါတယ်။

Centre for Disease Control and Prevention ကတော့ E-စီးကရက် သောက်သုံးခြင်းကို ရပ်တန့်ဖို့ တိုက်တွန်းမှုတွေ ပြုလုပ်နေပြီဖြစ်ပြီး၊ E-စီးကရက် သောက်သုံးခြင်းနဲ့ ဆက်စပ်တဲ့ ပစ္စည်းကိရိယာတွေ ထုတ်လုပ်ရောင်းချမှုကိုလည်း အမေရိကန်တစ်ခွင်မှာ တားမြစ်သွားဖို့ စီစဉ်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။လင်းသုတ

Be the first to comment

Leave a Reply

Your email address will not be published.


*