တစ္ခ်ိန္က အကယ္ဒမီရ ကေလးသရုပ္ေဆာင္ျဖစ္ေပမယ့္လဲ ယခု ဝပ္ေရွာ့ဆရာအျဖစ္ ရပ္တည္ေနရတဲ့ ေအာင္ထြန္းေလး

တစ္ခ်ိန္က ျမန္မာ့ရုပ္ရွင္ခ်စ္ပရိသတ္ေတြၾကားမွာ အင္မတန္ နာမည္ၾကီးခဲ့တဲ့ “အေဖတစ္ခု သားတစ္ခု” ရုပ္ရွင္ဇာတ္ကားၾကီးကို သိတဲ့သူေတြက သိၾကဦးမွာပါ။ စိန္ျမင့္နဲ့ ေအာင္ထြန္းေလးတို့ရဲ့ သရုပ္ေဆာင္ခ်က္ေတြနဲ့ ဖခင္နဲ့သားၾကားက ခ်စ္ျခင္းေမတၱာနဲ့ သံေယာဇဥ္ကို ထင္ထင္ရွားရွား ေတြ့ျမင္ရတဲ့ ဂႏၵဝင္ ရုပ္ရွင္ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။ “အေဖတစ္ခု သားတစ္ခု” ရုပ္ရွင္ဇာတ္ကားၾကီးက ဒါရိုက္တာဦးနႏၵရဲ့ အနုပညာလက္ရာေကာင္းတစ္ခုျဖစ္ျပီး စိန္ျမင့္၊ ေဆြဇင္ထိုက္၊ ဦးျမင့္ေဖနဲ့ ေအာင္ထြန္းေလးတို့က အဓိက ပါဝင္သရုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

တစ္ခ်ိန္က အကယ္ဒမီရ ကေလးသရုပ္ေဆာင္ျဖစ္ေပမယ့္လဲ ယခု ဝပ္ေရွာ့ဆရာအျဖစ္ ရပ္တည္ေနရတဲ့ ေအာင္ထြန္းေလး 1

ထို “အေဖတစ္ခု သားတစ္ခု” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပါဝင္တဲ့ ကေလးသရုပ္ေဆာင္ ေအာင္ထြန္းေလးကလည္း ၁၉၇၇ ခုနွစ္မွာ သူ့ရဲ့ပထမဆံုး ရုပ္ရွင္ဇာတ္ကားၾကီးနဲ့တင္ ကေလးသရုပ္ေဆာင္ အကယ္ဒမီဆုရွင္ ျဖစ္လို့လာပါတယ္။ ေအာင္ထြန္းေလးလိုပဲ မင္းသားၾကီးစိန္ျမင့္ကလည္း “အေဖတစ္ခု သားတစ္ခု” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရိွခဲ့ပါတယ္။

တစ္ခ်ိန္က အကယ္ဒမီရ ကေလးသရုပ္ေဆာင္ျဖစ္ေပမယ့္လဲ ယခု ဝပ္ေရွာ့ဆရာအျဖစ္ ရပ္တည္ေနရတဲ့ ေအာင္ထြန္းေလး 2

ေအာင္ထြန္းေလးက ျမန္မာ့ရုပ္ရွင္သမိုင္းရဲ့ ဒုတိယေျမာက္ ကေလးသရုပ္ေဆာင္ အကယ္ဒမီဆုရွင္ျဖစ္လို့လာျပီး အကယ္ဒမီဆုၾကီး ရရိွျပီးတဲ့ေနာက္မွ ဇာတ္ကားေပါင္း ၃၆ ကား ႐ိုက္ခဲ့ပါတယ္။ ေအာင္ထြန္းေလးရဲ့ အျခားလူသိမ်ားတဲ့ ရုပ္ရွင္ဇာတ္ကားေတြကေတာ့ “ေရႊပင္နားေတာ့ေရႊေက်း”၊ “သတၱိခဲေလးမ်ား”နဲ့ ” လိုရာဆႏၵျပည့္ပါေစ” ရုပ္ရွင္ဇာတ္ကားၾကီး စတာေတြျဖစ္ပါတယ္။

တစ္ခ်ိန္က အကယ္ဒမီရ ကေလးသရုပ္ေဆာင္ျဖစ္ေပမယ့္လဲ ယခု ဝပ္ေရွာ့ဆရာအျဖစ္ ရပ္တည္ေနရတဲ့ ေအာင္ထြန္းေလး 3

တစ္ခ်ိန္က ကေလးသရုပ္ေဆာင္အျဖစ္ လွ်မ္းလွ်မ္းေတာက္ နာမည္ၾကီးခဲ့တဲ့ အကယ္ဒမီ ေအာင္ထြန္းေလးက အခုဆိုရင္ အသက္(၅၀) ေက်ာ္အရြယ္ကို ေရာက္ရိွေနျပီး အနုပညာေလာကကေန လံုးဝေပ်ာက္ကြယ္သြားျပီပဲ ျဖစ္ပါတယ္။ ေအာင္ထြန္းေလးက ရန္ကုန္ျမိဳ့ တာေမြျမို့နယ္မွာ ဝပ္ေရွာ့ဖြင့္ျပီး နာမည္ၾကီး ဝပ္ေရွာ့ဆရာတစ္ေယာက္အျဖစ္ အသက္ေမြးဝမ္းေၾကာင္းျပုေနတယ္လို့ သိရပါတယ္။

တစ္ခ်ိန္က အကယ္ဒမီရ ကေလးသရုပ္ေဆာင္ျဖစ္ေပမယ့္လဲ ယခု ဝပ္ေရွာ့ဆရာအျဖစ္ ရပ္တည္ေနရတဲ့ ေအာင္ထြန္းေလး 4

မိုမုိေလးပရိသတ္ေတြအတြက္ အကယ္ဒမီေအာင္ထြန္းေလးရဲ့ ” လိုရာဆႏၵျပည့္ပါေစ” ရုပ္ရွင္ဇာတ္ကားမွ သရုပ္ေဆာင္ခ်က္ေတြကို အမွတ္တရ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။ ေအာင္ထြန္းေလးကေတာ့ အနုပညာေလာကကေန အျပီးတိုင္ အနားယူသြားေပမယ့္ သူကၽြမ္းက်င္တဲ့ နယ္ေျမမွာေတာ့ နာမည္ၾကီးဝပ္ေရွာ့ဆရာၾကီးျဖစ္လို့ ေနပါျပီ။ မိုမုိေလးပရိသတ္ေတြလည္း ဒီပိုစ့္ေလးကို ဖတ္ျပီး အကယ္ဒမီေအာင္ထြန္းေလးကို ျပန္လည္သတိရေအာက္ေမ့သြားမယ္ ထင္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို မိုမုိေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။Momolay

Unicode Version

တစ်ချိန်က မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ အင်မတန် နာမည်ကြီးခဲ့တဲ့ “အဖေတစ်ခု သားတစ်ခု” ရုပ်ရှင်ဇာတ်ကားကြီးကို သိတဲ့သူတွေက သိကြဦးမှာပါ။ စိန်မြင့်နဲ့ အောင်ထွန်းလေးတို့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဖခင်နဲ့သားကြားက ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ကို ထင်ထင်ရှားရှား တွေ့မြင်ရတဲ့ ဂန္ဒဝင် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ “အဖေတစ်ခု သားတစ်ခု” ရုပ်ရှင်ဇာတ်ကားကြီးက ဒါရိုက်တာဦးနန္ဒရဲ့ အနုပညာလက်ရာကောင်းတစ်ခုဖြစ်ပြီး စိန်မြင့်၊ ဆွေဇင်ထိုက်၊ ဦးမြင့်ဖေနဲ့ အောင်ထွန်းလေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ထို “အဖေတစ်ခု သားတစ်ခု” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်တဲ့ ကလေးသရုပ်ဆောင် အောင်ထွန်းလေးကလည်း ၁၉၇၇ ခုနှစ်မှာ သူ့ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးနဲ့တင် ကလေးသရုပ်ဆောင် အကယ်ဒမီဆုရှင် ဖြစ်လို့လာပါတယ်။ အောင်ထွန်းလေးလိုပဲ မင်းသားကြီးစိန်မြင့်ကလည်း “အဖေတစ်ခု သားတစ်ခု” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

အောင်ထွန်းလေးက မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ ဒုတိယမြောက် ကလေးသရုပ်ဆောင် အကယ်ဒမီဆုရှင်ဖြစ်လို့လာပြီး အကယ်ဒမီဆုကြီး ရရှိပြီးတဲ့နောက်မှ ဇာတ်ကားပေါင်း ၃၆ ကား ရိုက်ခဲ့ပါတယ်။ အောင်ထွန်းလေးရဲ့ အခြားလူသိများတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ “ရွှေပင်နားတော့ရွှေကျေး”၊ “သတ္တိခဲလေးများ”နဲ့ ” လိုရာဆန္ဒပြည့်ပါစေ” ရုပ်ရှင်ဇာတ်ကားကြီး စတာတွေဖြစ်ပါတယ်။

တစ်ချိန်က ကလေးသရုပ်ဆောင်အဖြစ် လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ အကယ်ဒမီ အောင်ထွန်းလေးက အခုဆိုရင် အသက်(၅၀) ကျော်အရွယ်ကို ရောက်ရှိနေပြီး အနုပညာလောကကနေ လုံးဝပျောက်ကွယ်သွားပြီပဲ ဖြစ်ပါတယ်။ အောင်ထွန်းလေးက ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ဝပ်ရှော့ဖွင့်ပြီး နာမည်ကြီး ဝပ်ရှော့ဆရာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတယ်လို့ သိရပါတယ်။

မိုမိုလေးပရိသတ်တွေအတွက် အကယ်ဒမီအောင်ထွန်းလေးရဲ့ ” လိုရာဆန္ဒပြည့်ပါစေ” ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင်ချက်တွေကို အမှတ်တရ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အောင်ထွန်းလေးကတော့ အနုပညာလောကကနေ အပြီးတိုင် အနားယူသွားပေမယ့် သူကျွမ်းကျင်တဲ့ နယ်မြေမှာတော့ နာမည်ကြီးဝပ်ရှော့ဆရာကြီးဖြစ်လို့ နေပါပြီ။ မိုမိုလေးပရိသတ်တွေလည်း ဒီပိုစ့်လေးကို ဖတ်ပြီး အကယ်ဒမီအောင်ထွန်းလေးကို ပြန်လည်သတိရအောက်မေ့သွားမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။Momolay

Be the first to comment

Leave a Reply

Your email address will not be published.


*