“တင်းခံထားလို့ သရုပ်ဆောင် မင်းသွေးအတွက် မငိုရသေးဘူး” ဆိုတဲ့ သရုပ်ဆောင်နေတိုး

သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားတဲ့ သတင်းက အနုပညာရှင် အသိုင်းအဝန်းနဲ့ ပရိသတ်တွေအတွက် ကြေကွဲဖွယ်ရာ တစ်ခုပါပဲ။ မင်းသားနေတိုးအတွက် ညီတစ်ယောက် ဆုံးရှုံးလိုက်ရသလို ပရိသတ်တွေအတွက်ကလည်း ချစ်ရတဲ့ အနုပညာရှင်ရဲ့ မိသားစုဝင်တစ်ယောက် ၊ သရုပ်ဆောင်ကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရသလို ခံစားရပါတယ်။

“တင်းခံထားလို့ သရုပ်ဆောင် မင်းသွေးအတွက် မငိုရသေးဘူး” ဆိုတဲ့  သရုပ်ဆောင်နေတိုး 1

နာရေးသတင်းကို အခွင့်ကောင်းယူပြီး ပေ့ခ်ျအတု ထောင်တဲ့လူတွေကြောင့် မင်းသားနေတိုးက ညီအတွက် မျက်ရည်ချူနေတဲ့ ပုံစံလုပ်ကြံရေးသားနေပေမဲ့ တကယ်တမ်း နေတိုးရဲ့ ခံစားချက် အစစ်အမှန်ကို မျက်မြင်ကြုံခဲ့ရတဲ့ ဒါရိုက်တာ သြရသက ဘယ်လိုပြောပြထားလည်းဆိုတာ ပြောချင်လွန်းလို့ပါ။

“တင်းခံထားလို့ သရုပ်ဆောင် မင်းသွေးအတွက် မငိုရသေးဘူး” ဆိုတဲ့  သရုပ်ဆောင်နေတိုး 2

 

ကိုကျော်ထွန်း (ဒါရိုက်တာ သြရသ) က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသွေးအကြောင်းနဲ့ ညီဖြစ်သူအတွက် ခံစားနေရတဲ့ နေတိုးအကြောင်းကို ခုလိုရင်ဖွင့်ထားပါတယ်။“ မင်းသွေးရေ…အစကတော့ မရေးတော့ဘူးလို့ နေတာခုတော့ မနေနိုင်လို့ ရေးလိုက်တယ်..။ ဟိုတလောက မင်းငါ့ဆီ ဖုန်းဆက်တယ်နော်..။”ဒါရိုက်တာကြီး “မုန်းစွဲကြည့်ချင်လို့”တဲ့..။ ငါက “မအားသေးဘူး သစ္စာချည်တိုင် ရိုက်နေလို့ ကားရိုက်ပြီးသွားရင် တစ်ရက်ချိန်းပြီး ပြမယ်” လို့ ဖြေခဲ့တယ်..။ ငါ့ကားရိုက်က ၂ ရက်နေ့မှာပြီးတယ်..။ မင်းက ၃ ရက်နေ့မှာ အားလုံးကို နှုတ်မဆက်ပဲ အပြီးထွက်သွားခဲ့တယ်..။ ငါ တာဝန်မကျေသလို ခံစားရတယ်ကွာ ။ မနက်ဖြန်ထက် နောက်ဘဝကပိုနီးတယ် ဆိုတာ ငါတို့အားလုံးကို မင်းအသက်နဲ့ရင်းပြီး သက်သေပြသွားခဲ့သလားကွာ..။

“တင်းခံထားလို့ သရုပ်ဆောင် မင်းသွေးအတွက် မငိုရသေးဘူး” ဆိုတဲ့  သရုပ်ဆောင်နေတိုး 3

မနေ့က မင်းရဲ့ရက်လည်ကိစ္စအတွက် ဆရာတော် အရှင်ဆန္ဒာဓိကဆီကို ငါရယ်၊ မင်းအစ်ကိုရယ်၊ ကိုလွင်မင်းအံ့ရယ် ရောက်ခဲ့ကြတယ်..။ ဆရာတော်ကမေးတယ် “ဒကာကြီးနေတိုး ငိုပြီးသွားပလား” တဲ့ ။မင်းအစ်ကို ကိုလူအေးက ဖြေရှာတယ် “မငိုရသေးပါဘူးဘုရား..တပည့်တော် တင်းခံထားပါတယ်” တဲ့ ..။ ငါ့ဖြင့် ဘေးကနေ ကြားရလိုက်ရတာ ကြက်သီးတောင် ထတယ်ကွာ..တကယ် ဟတ်ထိလွန်းလို့ပါ..။

ဆရာတော်က “ဒကာကြီးငိုစရာတွေ့လို့ ငိုဖို့ကြုံလာရင် ငိုလိုက်ပါ တင်းခံမထားပါနဲ့ ပင်ပန်းလွန်းလှပါတယ်။ ပြီးတော့ အားရပါးရ ငိုရင်းနဲ့မှ အကျိုးအကြောင်း သုံးသပ်ဆင်ခြင်ပါ “ဆိုပြီး ဖြေဆည်စရာ တရားတော်တွေကို ဟောပါတယ် ။အပြန်လမ်းတလျှောက် ငါ့ကားပေါ်မှာ မင်းအစ်ကို ကိုလူအေးဟာ သက်ပြင်းရှည်ကြီးတွေကို အကြိမ်ကြိမ်အခါခါ ခပ်စိတ်စိတ်ချရင်း ပါလာတယ် ။ ငါကြားဖူးသမျှ သက်ပြင်းချသံတွေထဲမှာတော့ အကျယ်လောင်ဆုံးပါပဲ ။ ငါလည်းဆရာတော်လို ငိုလိုက်ပါလားလို့ ပြောလိုက်ချင်ပေမယ့် ပြောမထွက်တော့ပါဘူးကွာ ။ဒါနဲ့ “နေတိုးခဏဖြစ်ဖြစ်အိပ်လိုက်ပါလား” လို့ပြောတော့ သူအိပ်ရှာတယ် ။

“တင်းခံထားလို့ သရုပ်ဆောင် မင်းသွေးအတွက် မငိုရသေးဘူး” ဆိုတဲ့  သရုပ်ဆောင်နေတိုး 4

ငါးမိနစ်လောက်နေတော့ ဆတ်ခနဲ လန့်နိုးလာပြီး ပြန်အိပ်သွားတယ် ။ နောက်ဆယ်မိနစ်လောက်နေတော့ ပြန်လန့်နိုးလာပြန်ရော ။ အင်းပေါ့လေ သူ့ကိုလည်း မယုံနိုင်စရာအိပ်မက်ဆိုးကြီးက ခြောက်လှန့်နေမှာပေါ့ ။

“တင်းခံထားလို့ သရုပ်ဆောင် မင်းသွေးအတွက် မငိုရသေးဘူး” ဆိုတဲ့  သရုပ်ဆောင်နေတိုး 5

မင်းသွေးရေ..ကြောက်ကြောက်ကြောက် ရိုက်တုန်းက”ဘဲကြီး ဒီကားရဲ့မက်ဆေ့ခ်ျက ဘာလဲ”လို့ မင်းမေးတော့ ငါက “သေခြင်းတရားဟာ လူတစ်ယောက်ဆီကို သူအပျော်ရွှင်ဆုံး အချိန်မှာလည်း ရောက်လာတတ်တယ် ဆိုတာကိုပြတာပါ” လို့ဖြေခဲ့တယ် ။ ခု မင်းပျော်ရွှင်ပေါ့ပါးနေတဲ့ အချိန်မှာ သူဟာ ရောက်လာခဲ့ပြီ ။ ငါတို့အားလုံးဆီကို ဘယ်အချိန်ရောက်လာဦးမယ် ဆိုတာဘယ်သူမှ မသိနိုင်ကြဘူး ။ တကယ်လို့ ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာခဲ့ရင်.းတခြားသူတွေတော့ မပြောတတ်ဘူး။ ငါတော့ အဆင်သင့် မဖြစ်သေးဘူးကွာ ။

“တင်းခံထားလို့ သရုပ်ဆောင် မင်းသွေးအတွက် မငိုရသေးဘူး” ဆိုတဲ့  သရုပ်ဆောင်နေတိုး 6

တကယ်က ငါဟာ “သိမိုက်”တစ်ယောက်ပါ ။ မင်းပေးသွားတဲ့ သင်ခန်းစာကို ငါ အမြတ်ထုတ်နိုင်အောင် ကြိုးစားရဦးမယ် ။မင်းသွေးရေ..မင်းရဲ့လက်သုံးစကား “အဓိပ္ပါယ်မဲ့တယ်ကွာ” ဆိုတဲ့ စကားလုံးတွေ မသုံးနှုန်းရတဲ့ ဘဝသစ်မှာ ရှင်သန်ပျော်ရွှင်ပါစေကွာ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ကျန်ရစ်သူတွေရဲ့ ခံစားချက်ကို မင်းသွေးတစ်ယောက် မြင်နိုင်ခဲ့မယ်ဆိုရင် သေချာပေါက် စိတ်မကောင်းဖြစ်နေမှာပဲလို့ တွေးဆရင်း ကောင်းရာဘုံဘဝမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် မင်းသွေးရယ်