တကၠသိုလ္ ေက်ာင္းသားဘဝကို ျပန္လည္ေရာက္ရွိသြားၾကတဲ့ လႊမ္းပိုင္နဲ႔ ေမျမင့္မိုရ္

ခ်စ္ပရိတ္သတ္ႀကီးေရ…. လတ္တေလာပရိတ္သတ္ေတြၾကားမွာေရပန္းအရမ္းစားေနတဲ့ လူငယ္အႏုပညာရွင္ျဖစ္တဲ့ လႊမ္းပိုင္နဲ႔ ေမျမင့္မိုရ္ ကိုမသိတဲ့သူမရွိပါဘူးေနာ္။ ႏွစ္ေယာက္စလုံးဟာ အႏုပညာလမ္းေၾကာင္းေပၚမွာ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ၿပီးေတာ့ အေျခတက်ျဖစ္ေနၾကၿပီး ျမန္မာႏိုင္ငံက ပရိတ္သတ္ေတြရဲ႕ အားေပးမႈေပါင္းမ်ားစြာကိုရရွိထားၾကသူေလးေတြပါ

တကၠသိုလ္ ေက်ာင္းသားဘဝကို ျပန္လည္ေရာက္ရွိသြားၾကတဲ့ လႊမ္းပိုင္နဲ႔ ေမျမင့္မိုရ္ 1

လႊမ္းပိုင္ဟာဆိုရင္ လူငယ္ပရိတ္သတ္ေတြၾကားမွာေရပန္းစားတဲ့သီခ်င္းေတြ ေခတ္ကာလေရစီးေၾကာင္းနဲ႔ အရမ္းကိုလိုက္ဖက္ကိုက္ညီတဲ့သီခ်င္းေတြကို သီဆိုတတ္တဲ့ ႏိုင္ငံေက်ာ္ Hip Hopအဆိုေတာ္တစ္ေယာက္ပါေနာ္။ ေမျမင့္မိုရ္ ဟာလည္း ေတးသီခ်င္းေတြ ႐ုပ္ရွင္ေတြ နဲ႔ဇာတ္လမ္းတြဲေပါင္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိတ္သတ္ေတြရဲ႕အားေပးမႈကို တစ္ခဲနက္ရရွိထားခဲ့တာပါေနာ္။

တကၠသိုလ္ ေက်ာင္းသားဘဝကို ျပန္လည္ေရာက္ရွိသြားၾကတဲ့ လႊမ္းပိုင္နဲ႔ ေမျမင့္မိုရ္ 2

တကၠသိုလ္ ေက်ာင္းသားဘဝကို ျပန္လည္ေရာက္ရွိသြားၾကတဲ့ လႊမ္းပိုင္နဲ႔ ေမျမင့္မိုရ္ 3

အခုဆိုရင္ သူတို႔ႏွစ္ဦးစလုံးဟာ ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ကားကိုလည္း အတူတူ႐ိုက္ကူးေနၾကပါတယ္ ခ်စ္ပရိတ္သတ္ႀကီးေရ။ ” ၾကည္ျဖဴမယ္ဆိုရင္ “ဆိုတဲ့ ဒီဇာတ္ကားႀကီးထဲမွာေတာ့ သူမတို႔ဟာ ေပ်ာ္စရာေတြျပည့္ႏွက္ေနခဲ့တဲ့ တကၠသိုလ္ေက်ာင္းသားဘဝေလးကို တစ္ဖန္ျပန္ၿပီး ေရာက္ရွိခဲ့ပါတယ္ေနာ္။ ခပ္ေအးေအးေနတတ္တဲ့ ေကာင္ေလး ျဖစ္တဲ့အဆိုေတာ္လႊမ္းပိုင္နဲ႔ ယဥ္ယဥ္ေလးနဲ႔လွတဲ့ ေမျမင့္မိုရ္တို႔ရဲ႕ ပီျပင္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြကိုလည္း ဇာတ္ကားထဲမွာမလြဲဧကန္ ျမင္ေတြ႕ရအုန္းမွာပါ။ ကဲ… ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ႐ိုက္ကြင္းအမွတ္တရပုံရိပ္ေလးေတြကိုလည္း ခ်စ္ပရိတ္သတ္ေတြအတြက္ မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္ေနာ္။Myanmarload

Unicode Version

ချစ်ပရိတ်သတ်ကြီးရေ…. လတ်တလောပရိတ်သတ်တွေကြားမှာရေပန်းအရမ်းစားနေတဲ့ လူငယ်အနုပညာရှင်ဖြစ်တဲ့ လွှမ်းပိုင်နဲ့ မေမြင့်မိုရ် ကိုမသိတဲ့သူမရှိပါဘူးနော်။ နှစ်ယောက်စလုံးဟာ အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးတော့ အခြေတကျဖြစ်နေကြပြီး မြန်မာနိုင်ငံက ပရိတ်သတ်တွေရဲ့ အားပေးမှုပေါင်းများစွာကိုရရှိထားကြသူလေးတွေပါ။

လွှမ်းပိုင်ဟာဆိုရင် လူငယ်ပရိတ်သတ်တွေကြားမှာရေပန်းစားတဲ့သီချင်းတွေ ခေတ်ကာလရေစီးကြောင်းနဲ့ အရမ်းကိုလိုက်ဖက်ကိုက်ညီတဲ့သီချင်းတွေကို သီဆိုတတ်တဲ့ နိုင်ငံကျော် Hip Hopအဆိုတော်တစ်ယောက်ပါနော်။ မေမြင့်မိုရ် ဟာလည်း တေးသီချင်းတွေ ရုပ်ရှင်တွေ နဲ့ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိထားခဲ့တာပါနော်။

အခုဆိုရင် သူတို့နှစ်ဦးစလုံးဟာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကိုလည်း အတူတူရိုက်ကူးနေကြပါတယ် ချစ်ပရိတ်သတ်ကြီးရေ။ ” ကြည်ဖြူမယ်ဆိုရင် “ဆိုတဲ့ ဒီဇာတ်ကားကြီးထဲမှာတော့ သူမတို့ဟာ ပျော်စရာတွေပြည့်နှက်နေခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘဝလေးကို တစ်ဖန်ပြန်ပြီး ရောက်ရှိခဲ့ပါတယ်နော်။ ခပ်အေးအေးနေတတ်တဲ့ ကောင်လေး ဖြစ်တဲ့အဆိုတော်လွှမ်းပိုင်နဲ့ ယဉ်ယဉ်လေးနဲ့လှတဲ့ မေမြင့်မိုရ်တို့ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်း ဇာတ်ကားထဲမှာမလွဲဧကန် မြင်တွေ့ရအုန်းမှာပါ။ ကဲ… ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းအမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိတ်သတ်တွေအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။Myanmarload

Be the first to comment

Leave a Reply

Your email address will not be published.


*