တက္ကသိုလ်​ဝင်​တန်းစာ​​​မေးပွဲကို နှစ်​ချင်း​ပေါက်​ ​အောင်​မြင်​ခဲ့တဲ့ ပိုးကြာဖြူခင်​ ​မောင်​​လေး
တက္ကသိုလ်​ဝင်​တန်းစာ​​​မေးပွဲကို နှစ်​ချင်း​ပေါက်​ ​အောင်​မြင်​ခဲ့တဲ့ ပိုးကြာဖြူခင်​ ​မောင်​​လေး 1
တက္ကသိုလ်​ဝင်​တန်းစာ​​​မေးပွဲကို နှစ်​ချင်း​ပေါက်​ ​အောင်​မြင်​ခဲ့တဲ့ ပိုးကြာဖြူခင်​ ​မောင်​​လေး 2
တက္ကသိုလ်​ဝင်​တန်းစာ​​​မေးပွဲကို နှစ်​ချင်း​ပေါက်​ ​အောင်​မြင်​ခဲ့တဲ့ ပိုးကြာဖြူခင်​ ​မောင်​​လေး 3
တက္ကသိုလ်​ဝင်​တန်းစာ​​​မေးပွဲကို နှစ်​ချင်း​ပေါက်​ ​အောင်​မြင်​ခဲ့တဲ့ ပိုးကြာဖြူခင်​ ​မောင်​​လေး 4
တက္ကသိုလ်​ဝင်​တန်းစာ​​​မေးပွဲကို နှစ်​ချင်း​ပေါက်​ ​အောင်​မြင်​ခဲ့တဲ့ ပိုးကြာဖြူခင်​ ​မောင်​​လေး 5
တက္ကသိုလ်​ဝင်​တန်းစာ​​​မေးပွဲကို နှစ်​ချင်း​ပေါက်​ ​အောင်​မြင်​ခဲ့တဲ့ ပိုးကြာဖြူခင်​ ​မောင်​​လေး 6
တက္ကသိုလ်​ဝင်​တန်းစာ​​​မေးပွဲကို နှစ်​ချင်း​ပေါက်​ ​အောင်​မြင်​ခဲ့တဲ့ ပိုးကြာဖြူခင်​ ​မောင်​​လေး 7
Unicode version
မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေကတစ်ဆင့် နာမည်ကြီးအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာဆန်တဲ့အလှပိုင်ရှင်လေး ပိုးကြာဖြူခင်က ဇာတ်ကောင်စရိုက်ကို ပီပီပြင်ပြင် ပုံဖော်ပြီး အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ဇာတ်လမ်းတွဲလေးတွေ ဆက်တိုက်ရိုက်ကူးလာရတာလည်း ဖြစ်ပါတယ်။ မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ပိုးက အလုပ်ကြိုးစားပြီး မိသားစုကို ကြည့်ရှုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။
ပိုးကြာဖြူခင်ရဲ့မောင်လေးတစ်ယောက်ဖြစ်တဲ့ အုပ်မှူးမြတ်လေးကလည်း အခုဆိုရင် ဆယ်တန်းစာမေးပွဲကြီးကို နှစ်ချင်းပေါက် အောင်မြင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပိုးရဲ့မောင်လေးက အစ်မဖြစ်သူ သွားလေရာကို အနောက်ကနေလိုက်ပြီး အားပေးကူညီလေ့ရှိတာကြောင့် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်နေတာ ဖြစ်ပါတယ်။ လိမ္မာရေးခြားရှိပြီး အစ်မစကားကို နားထောင်တာကြောင့် ပိုးကသူ့မောင်လေးကို ချစ်မဝဖြစ်နေတာပဲ ဖြစ်ပါတယ်။
အခုလည်း ပိုးက ဆယ်တန်းအောင်စာရင်း ထွက်ထွက်ချင်းမှာပဲ “Congratulations my Oak ဆယ်တန်းအောင်သွားပါပြီ “ ဆိုပြီး မောင်လေးကို ချီးကျူးဂုဏ်ပြုထားတာ တွေ့ရပါတယ်။ စာကြိုးစားပြီး နှစ်ချင်းပေါက် လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်ခဲ့တဲ့ ပိုးကြာဖြူခင်ရဲ့မောင်လေးအတွက် ပိုးရဲ့ပရိသတ်တွေကလည်း ဝိုင်းဝန်းဂုဏ်ပြုပေးထားကြပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို နှစ်ချင်းပေါက်အောင်မြင်ခဲ့တဲ့ ပိုးကြာဖြူခင်ရဲ့မောင်လေးအတွက် ချီးကျူးစကားပြောပေးခဲ့ကြဦးနော်။Myanmarload
Be the first to comment
Leave a Reply
Your email address will not be published.
*