တက်သစ်စ လူငယ်တွေနဲ့ အပြိုင်လန်းနေသေးတဲ့ ဆုပန်ထွာ
တက်သစ်စ လူငယ်တွေနဲ့ အပြိုင်လန်းနေသေးတဲ့ ဆုပန်ထွာ 1
တက်သစ်စ လူငယ်တွေနဲ့ အပြိုင်လန်းနေသေးတဲ့ ဆုပန်ထွာ 2
တက်သစ်စ လူငယ်တွေနဲ့ အပြိုင်လန်းနေသေးတဲ့ ဆုပန်ထွာ 3
တက်သစ်စ လူငယ်တွေနဲ့ အပြိုင်လန်းနေသေးတဲ့ ဆုပန်ထွာ 4
တက်သစ်စ လူငယ်တွေနဲ့ အပြိုင်လန်းနေသေးတဲ့ ဆုပန်ထွာ 5
တက်သစ်စ လူငယ်တွေနဲ့ အပြိုင်လန်းနေသေးတဲ့ ဆုပန်ထွာ 6
တက်သစ်စ လူငယ်တွေနဲ့ အပြိုင်လန်းနေသေးတဲ့ ဆုပန်ထွာ 7
တက်သစ်စ လူငယ်တွေနဲ့ အပြိုင်လန်းနေသေးတဲ့ ဆုပန်ထွာ 8
Unicode Version
ပန်ပန်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော ဆုပန်ထွာကတော့ သားဦးလေးမွေးဖွားပြီးနောက်ပိုင်း တစ်သားမွေး တစ်သွေးလှတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းလွန်းနေပါတယ်နော်..။သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ချစ်စရာကောင်းတဲ့ မျက်နှာအပြုံးချိုချိုလေးတွေနဲ့ ရိုးသားပြီးပွင့်လင်းတဲ့ သူမရဲ့ စိတ်သဘောထားလေးတွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ အချက်လေးတွေပါပဲ..။
ပန်ပန်လေးကတော့ သားလေးတစ်ယောက်ကို မွေးဖွားထားကာ ကြည်နူးသာယာပြီး အားကျပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်တွေထဲက တစ်ဦးဆိုလည်း မမှားပါဘူး..။ပရိသတ်တွေရဲ့အသည်ေးကျာ် မင်းသမီးချော ဆုပန်ထွာကတော့ သားသားလေးနဲ့အတူ မိသားစုကို အချိန်ပေးဖြစ်သလို ချစ်ပရိသတ်တွေအတွက်လည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။
အခုတစ်ခါမှာလည်း ဇွန်လ(၂)ရက်နေ့ ကျင်းပပြုလုပ်ခဲ့တဲ့ “Derma Grand Clinic..” အခမ်းအနားပွဲလေးကိုလည်း ချစ်စရာကောင်းလွန်းတဲ့ ဖက်ရှင်လေးတွေနဲ့ ကျော့ရှင်းပြီး လှသွေးကြွယ်စွာ တက်ရောက်လာပြီး ပရိသတ်တွေရဲ့အမြင်အာရုံတွေကို တစ်ကျော့ပြန် ဖမ်းစားထားပြန်ပါတယ်နော်..။လွတ်လပ်ပေါ့ပါးတဲ့ ချစ်စရာဖက်ရှင်လေးနဲ့ ကလေးတစ်ယောက်လို ပျော်မြူးနေကာ အခမ်းအနားပွဲလေးကို တက်ရောက်လာပြီး တစ်သားမွေးတစ်သွေးသားလွန်းနေတဲ့ ပန်ပန်လေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုစေကြမှာပါပဲနော်..။Myanmarload