ဆံပင်အရည်ပြန်ထားပြီး ကိုကို့စကား နားထောင်မယ်ဆိုတဲ့ နွယ်နွယ်ထွန်း
ဆံပင်အရည်ပြန်ထားပြီး ကိုကို့စကား နားထောင်မယ်ဆိုတဲ့ နွယ်နွယ်ထွန်း 1
ဆံပင်အရည်ပြန်ထားပြီး ကိုကို့စကား နားထောင်မယ်ဆိုတဲ့ နွယ်နွယ်ထွန်း 2
ဆံပင်အရည်ပြန်ထားပြီး ကိုကို့စကား နားထောင်မယ်ဆိုတဲ့ နွယ်နွယ်ထွန်း 3
ဆံပင်အရည်ပြန်ထားပြီး ကိုကို့စကား နားထောင်မယ်ဆိုတဲ့ နွယ်နွယ်ထွန်း 4
ဆံပင်အရည်ပြန်ထားပြီး ကိုကို့စကား နားထောင်မယ်ဆိုတဲ့ နွယ်နွယ်ထွန်း 5ဆံပင်အရည်ပြန်ထားပြီး ကိုကို့စကား နားထောင်မယ်ဆိုတဲ့ နွယ်နွယ်ထွန်း 6
Unicode version
ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ပုရိသတွေရဲ့ အသည်းစွဲ sexy model တစ်ဦးဖြစ်တဲ့ နွယ်နွယ်ထွန်းကို သိကြမယ်ထင်ပါတယ်နော်…။ သူမရဲ့ ပုံရိပ်လေးတွေဟာဆိုရင် အမြင်မရိုင်းဘဲ ဆွဲဆောင်မှုရှိလှပနေတာဖြစ်ပါတယ်….။ အခုနောက်ပိုင်းမှာဆိုရင်တော့ ရိုးရိုးယဉ်ယဉ် မြန်မာဆန်ဆန် ဝတ်စုံလေးတွေကို ပို၍ဆင်မြန်းလာပြီး အလှတွေပိုလာတာဖြစ်ပါတယ်…။ ရစ်ရစ်လို့အများကခေါ်ကြပြီး social media ပေါ်တွင် ပုရိသတွေရဲ့ အသည်းစွဲ မော်ဒယ်လ်တစ်ဦးပင်ဖြစ်နေပါတယ်….။ သဘောကောင်းပြီး အပြုံးချိုတဲ့အတွက်ကြောင့် တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်…။
ရစ်ရစ်ဟာ ပြည်တွင်း၊ ပြည်ပခရီးသွားလေ့ရှိပြီး ဗဟုသုတဖြစ်ဖွယ် အမှတ်တရပုံရိပ်တွေကို ပြန်လည်ဝေမျှလေ့ရှိပါတယ်…။ အမဖြစ်သူ မိုးမြင့်သဇင်နဲ့ အတူ အနုပညာလုပ်ငန်းတွေကို အောင်မြင်စွာ လုပ်ကိုင်နေပြီး ပရဟိတလုပ်ငန်းတွေမှာလည်း စိတ်ရော၊ ကိုယ်ပါနှစ်ပြီးလုပ်ကိုင်လေ့ရှိပါတယ်…။ ကြော်ငြာ၊ မဂ္ဂဇင်းတွေကို အသားပေးရိုက်ကူးတဲ့ နွယ်နွယ်ထွန်းဟာဆိုရင် သီချင်းဗီဒီယိုတွေမှာပါပါဝင်လာပါတယ်နော်…။ ရစ်ရစ်ရဲ့ အချစ်ရေးဟာ တည်ငြိမ်လျက်ရှိပြီး သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဘဝကြီးကိုဖြတ်သန်းနေတာပါ…။ ကမ်းခြေထက်က ရေကူးဝတ်စုံလေးတွေနဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း တစ်ကယ့်ကိုအမိုက်စားပါပဲနော်….။
facebook စာမျက်နှာကြီးကို အသုံးပြုလေ့ရှိတဲ့ နွယ်နွယ်ထွန်းဟာဆိုရင် ပရိသတ်တွေနဲ့ ရင်းနှီးမှုရှိအောင် အမြဲဖော်ပြပေးလေ့ရှိပါတယ်..။ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတဲ့ ရစ်ရစ်ဟာ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ official facebook acc တွင် “ဆံပင်အရှည်ထားမယ် ကိုကို့စကားနားထောင်မယ်” ဆိုတဲ့ status လေးနဲ့အတူ အဝါရောင်ဝတ်စုံလေးနဲ့ စွဲမက်ဖွယ်ပုံရိပ်တွေကို တင်ထားပြီး ပရိသတ်ကြီးအတွက် ကူးယူမျှဝေပေးလိုက်ပါတယ်….။Myanmarload