ဆယ်လီတစ်ယောက်ရဲ့ အခက်အခဲတွေကို ပြောပြလာတဲ့ ညီဘွားညီ
ဆယ်လီတစ်ယောက်ရဲ့ အခက်အခဲတွေကို ပြောပြလာတဲ့ ညီဘွားညီ 1
ဆယ်လီတစ်ယောက်ရဲ့ အခက်အခဲတွေကို ပြောပြလာတဲ့ ညီဘွားညီ 2
ဆယ်လီတစ်ယောက်ရဲ့ အခက်အခဲတွေကို ပြောပြလာတဲ့ ညီဘွားညီ 3
ဆယ်လီတစ်ယောက်ရဲ့ အခက်အခဲတွေကို ပြောပြလာတဲ့ ညီဘွားညီ 4
Unicode Version
ဗီဒီယိုဇာတ်ကားတွေ နဲ့ အခုဆိုရင် ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးတင်ဆက်နေပြီဖြစ်တဲ့ ညီဘွားညီ ကိုတော့ အားလုံးသိကြပြီဖြစ်မှာပါ ။ အခု သူနဲ့ 8 Days မီဒီယာနဲ့အင်တာဗျူးမှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင် တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ ။
ဆယ်လီတစ်ယောက်ရဲ့ ခံစားချက်တွေကို ညီဘွားညီက “ အခုတော်တော်များများပေါ့နော် ဆယ်လီတွေက သူတို့ခံစားချက်ကလေးတွေနဲ့ အစ်ကိုတို့ ခံစားချက်တွေနဲ့ တော်တော်များများ နီးစပ်တယ် ဘဝတစ်ခုကိုရိုးရိုးသားသားနဲ့ ဖြတ်သန်း တယ်။ ဖြတ်သန်းတဲ့အချိန်မှာ ဒီလို အခိုက်တန့်လေးမှာ ဖြစ်သွားတဲ့ ပြဿနာလေးတွေပေါ့ အဲ့ဒီပြဿနာလေးတွေ ဆိုတာကလည်း ကိုယ်ဖန်တီးယူတဲ့ ပြဿနာမျိုးမဟုတ်ဘဲနဲ့ ဟို ဘဝကံကြမ္မာမှာ ဒီအချိန်မှာ ဒီလိုဖြစ်ဖို့ရှိတယ် ဆိုတဲ့ကံပါလာတဲ့အတွက် ကိုယ်တို့က ရင်ဆိုင်ဖြေရှင်းရတာပေါ့ ။
အဲ့ဒီအတွက်ကိုလည်း တော်တော်အားမွေးရပါတယ် အစ်ကိုဆိုရင် ဆယ်လီစဖြစ်ပါပြီ ဆိုကတည်းက မီဒီယာတွေကို ရှောင်တယ် ။ ဘယ်မီဒီယာနဲ့မှ အစ်ကိုအင်တာဗျူးတွေ ဘာတွေမလုပ်ဖြစ်ဘူးပေါ့ ကြောက်တာပေါ့နော် ။ ကြောက်တယ်ဆိုတာ ဘာလို့လဲဆိုတော့ အဓိကကတော့ အဆဲခံရမှာကြောက်တာ နောက်ကျတော့ တဖြည်းဖြည်းနဲ့တော့ ထုံလာပါပြီ ။ အဲ့ဒီတော့ ကိုယ်တို့က တကယ်အနုပညာကိုလည်း ကြိုးစားပြီးတင်ဆက်နေတဲ့သူတွေဖြစ်တဲ့ အပြင်ကို ဆယ်လီတွေရဲ့ ဘဝမှာလည်း ဖြတ်သန်းရတာ မလွယ်ဘူးဆိုတာကိုတော့ ကိုယ်ပြောပြချင်ပါတယ် ။
အဲ့ဒီတော့ ဘာပဲဖြစ်နေဖြစ်နေ ဆယ်လီတွေပေါ်မှာ ချစ်သည်ပဲဖြစ်စေ မုန်းသည်ပဲဖြစ်စေ ချစ်ချစ်မုန်းမုန်း အားလုံးအပေါ်မှာ ကိုယ်တို့ကနေပြီး မေတ္တာ ၊ စေတနာအပြည့်နဲ့ တကယ့်အနုပညာတွေကို ဖျော်ဖြေ တင်ဆက်ပေးသွားမှာပါ”ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။Nanmalgyi