ဆင္းဆင္းရဲရဲ ဘဝကေန သားသမီးေတြအတြက္ ႀကိဳးစားခဲ့ရပံုေတြကို ေျပာျပလာတဲ့ ခင္လႈိင္

႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ကားေပါင္းမ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ သ႐ုပ္ေဆာင္ ခင္လႈိင္ကေတာ့ သူ ငယ္စဥ္အခါက အရမ္းဆင္းရဲခဲ့တာေၾကာင့္ သားသမီးေတြကို လူတန္းေစ့ ေနႏိုင္ေအာင္ ႀကိဳးစားခဲ့ရတယ္လို႔ ဆိုပါတယ္။“က်ေနာ္ မခ်မ္းသာပါဘူး။ ငယ္ငယ္တုန္းက အရမ္းဆင္းရဲခဲ့ေတာ့ က်ေနာ့္ သားသမီးေတြက်ရင္ လူတန္းေစ့ေလး ေနႏိုင္ေအာင္ ႀကိဳးစားမယ္ဆိုၿပီး ႀကိဳးစားခဲ့တယ္။ က်ေနာ့္ အမ်ိဳးသမီး ေတာ္တာလည္း ပါတယ္။ သူက စုတတ္လို႔ေပါ့။ လႉတာနဲ႔ ပတ္သက္ရင္လည္း အမ်ိဳးသမီးက ဘာမွ မေျပာပါဘူး။ စားတာလည္း ေကာင္းေကာင္း ေကြၽးပါတယ္”

ဆင္းဆင္းရဲရဲ ဘဝကေန သားသမီးေတြအတြက္ ႀကိဳးစားခဲ့ရပံုေတြကို ေျပာျပလာတဲ့ ခင္လႈိင္ 1

“က်ေနာ္တို႔က မခ်မ္းသာပါဘူး။ က်ေနာ့္ မိသားစုကို လူတန္းေစ့ ထားႏိုင္တယ္။ ကံေကာင္းခ်င္ေတာ့ က်ေနာ္ အလုပ္ေတြ ပါးခ်ိန္မွာ သမီးအလုပ္ေတြ ဝင္လာတယ္။ သားကလည္း အလုပ္ေလးေတြ အဆင္ေျပေနတယ္။ သားအႀကီးကလည္း သူ႔အလုပ္နဲ႔သူ ရွာေဖြ ေကြၽးႏိုင္ေတာ့ က်ေနာ္တို႔ ခုသာ ခံသာေတာ့ ရွိတာေပါ့။ တအိမ္လုံးမွာ တေယာက္တည္း ႐ုန္းရတာထက္စာရင္ အကုန္လုံး ဝိုင္းေလွာ္ေတာ့ ျမန္ျမန္ေရာက္တာေပါ့” လို႔ ခင္လႈိင္က ေျပာပါတယ္။

ဆင္းဆင္းရဲရဲ ဘဝကေန သားသမီးေတြအတြက္ ႀကိဳးစားခဲ့ရပံုေတြကို ေျပာျပလာတဲ့ ခင္လႈိင္ 2

တခ်ိန္က အႏုပညာေလာကမွာ “ခင္လႈိင္”လို႔ နာမည္ရွိေနခ်ိန္ ဆိုးခဲ့တာေတြေၾကာင့္ အႏုပညာေလာက ကေန အေဝးကို လႊင့္သြားခဲ့ဖူးတယ္လို႔ ခင္လႈိင္က ေျပာပါတယ္။“က်ေနာ္ တႀကိမ္ ဒီေလာကကေန လႊင့္သြားဖူးပါတယ္။ က်ေနာ္က ႐ိုက္ကြင္းကို အခ်ိန္မွန္ မေရာက္ဘူး။ အဲ့အခ်ိန္တုန္းကလည္း ခင္လႈိင္ဆိုၿပီး နာမည္ရွိေနခ်ိန္၊ အဲ့အခ်ိန္မွာ က်ေနာ္ ဆိုးခဲ့တယ္။ လုပ္ခ်င္တာလုပ္၊ အခ်ိန္မွန္လည္း မလာဘူး။ အဲ့လို ျဖစ္ရင္း က်ေနာ့္ေနရာကို သူမ်ားကို ဖယ္ေပးရတဲ့အခ်ိန္ ေရာက္လာတယ္။ က်ေနာ့္ကို လူေတြက ဖယ္လာၾကတယ္။ ပညာေတာ့ ေကာင္းတယ္။ ခင္လႈိင္နဲ႔ အလုပ္လုပ္ရတာ စိတ္ညစ္တယ္ဆိုတာ ျဖစ္လာတယ္”

ဆင္းဆင္းရဲရဲ ဘဝကေန သားသမီးေတြအတြက္ ႀကိဳးစားခဲ့ရပံုေတြကို ေျပာျပလာတဲ့ ခင္လႈိင္ 3

“က်ေနာ္ ဇာတ္ကရင္း ၃ ႏွစ္ စဥ္းစားတယ္။ ဒီေလာကကို ျပန္ဝင္ရင္ ဘယ္လိုပုံစံနဲ႔ ေနမလဲ၊ ရပ္တည္မလဲ ဆိုၿပီး ဆုံးျဖတ္တယ္။ က်ေနာ္ လူေကာင္း တေယာက္အေနနဲ႔ ရပ္တည္မလား၊ ငါနဲ႔ အလုပ္ လုပ္ခ်င္လာေအာင္ ဘယ္လိုလုပ္မလဲဆိုၿပီး က်ေနာ္ အခ်ိန္မွန္ျခင္း၊ ကတိတည္ျခင္းေတြ လုပ္ေတာ့မယ္ဆိုၿပီး လုပ္လာတယ္။ ေနာက္ အဝတ္အစား ျပင္ဆင္မႈေတြ ေသခ်ာေလး ဂ႐ုစိုက္တယ္”

“လုပ္ရမယ့္ ကာ႐ိုက္တာကို ေစတနာ ထားၿပီး လုပ္တယ္။ ထုတ္လုပ္သူေတြက အရင္လို မဟုတ္ေတာ့ဘူး။ အလုပ္လုပ္လို႔ ေကာင္းလာၿပီဆိုၿပီး သေဘာက်လာတယ္။ ေနာက္ ဘာသာေရးအားေတြလည္း ပါတာေပါ့ေနာ္။ ေနာက္ပိုင္း ဘာကားပဲ ႐ိုက္႐ိုက္၊ ထုတ္လုပ္သူေတြက က်ေနာ့္ကို သတိရၾကတယ္လို႔ ထင္ပါတယ္”လို႔ ခင္လႈိင္က ဆိုပါတယ္။

ဆင္းဆင္းရဲရဲ ဘဝကေန သားသမီးေတြအတြက္ ႀကိဳးစားခဲ့ရပံုေတြကို ေျပာျပလာတဲ့ ခင္လႈိင္ 4

အႏုပညာသက္တမ္း ၂၅ ႏွစ္ ေက်ာ္ကို ေရာက္ရွိခဲ့ၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ ခင္လႈိင္ကို ဟာသ သ႐ုပ္ေဆာင္ တေယာက္အေနနဲ႔ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ အားေပးလာခဲ့ၾကတာပါ။ သ႐ုပ္ေဆာင္ ခင္လႈိင္ဟာ အခုလက္ရွိ အခ်ိန္ထိ ပရိသတ္ ခိုင္ခိုင္မာမာနဲ႔ ရပ္တည္ေနတဲ့ သ႐ုပ္ေဆာင္ တဦးလည္း ျဖစ္ပါတယ္။ ခင္လႈိင္ရဲ႕ သားနဲ႔ သမီးကလည္း လက္ရွိမွာ သ႐ုပ္ေဆာင္အျဖစ္နဲ႔ လုပ္ကိုင္လ်က္ ရွိပါတယ္။Celefamily

Unicode Version

ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ခင်လှိုင်ကတော့ သူ ငယ်စဉ်အခါက အရမ်းဆင်းရဲခဲ့တာကြောင့် သားသမီးတွေကို လူတန်းစေ့ နေနိုင်အောင် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော် မချမ်းသာပါဘူး။ ငယ်ငယ်တုန်းက အရမ်းဆင်းရဲခဲ့တော့ ကျနော့် သားသမီးတွေကျရင် လူတန်းစေ့လေး နေနိုင်အောင် ကြိုးစားမယ်ဆိုပြီး ကြိုးစားခဲ့တယ်။ ကျနော့် အမျိုးသမီး တော်တာလည်း ပါတယ်။ သူက စုတတ်လို့ပေါ့။ လှူတာနဲ့ ပတ်သက်ရင်လည်း အမျိုးသမီးက ဘာမှ မပြောပါဘူး။ စားတာလည်း ကောင်းကောင်း ကျွေးပါတယ်”

“ကျနော်တို့က မချမ်းသာပါဘူး။ ကျနော့် မိသားစုကို လူတန်းစေ့ ထားနိုင်တယ်။ ကံကောင်းချင်တော့ ကျနော် အလုပ်တွေ ပါးချိန်မှာ သမီးအလုပ်တွေ ဝင်လာတယ်။ သားကလည်း အလုပ်လေးတွေ အဆင်ပြေနေတယ်။ သားအကြီးကလည်း သူ့အလုပ်နဲ့သူ ရှာဖွေ ကျွေးနိုင်တော့ ကျနော်တို့ ခုသာ ခံသာတော့ ရှိတာပေါ့။ တအိမ်လုံးမှာ တယောက်တည်း ရုန်းရတာထက်စာရင် အကုန်လုံး ဝိုင်းလှော်တော့ မြန်မြန်ရောက်တာပေါ့” လို့ ခင်လှိုင်က ပြောပါတယ်။

တချိန်က အနုပညာလောကမှာ “ခင်လှိုင်”လို့ နာမည်ရှိနေချိန် ဆိုးခဲ့တာတွေကြောင့် အနုပညာလောက ကနေ အဝေးကို လွှင့်သွားခဲ့ဖူးတယ်လို့ ခင်လှိုင်က ပြောပါတယ်။

“ကျနော် တကြိမ် ဒီလောကကနေ လွှင့်သွားဖူးပါတယ်။ ကျနော်က ရိုက်ကွင်းကို အချိန်မှန် မရောက်ဘူး။ အဲ့အချိန်တုန်းကလည်း ခင်လှိုင်ဆိုပြီး နာမည်ရှိနေချိန်၊ အဲ့အချိန်မှာ ကျနော် ဆိုးခဲ့တယ်။ လုပ်ချင်တာလုပ်၊ အချိန်မှန်လည်း မလာဘူး။ အဲ့လို ဖြစ်ရင်း ကျနော့်နေရာကို သူများကို ဖယ်ပေးရတဲ့အချိန် ရောက်လာတယ်။ ကျနော့်ကို လူတွေက ဖယ်လာကြတယ်။ ပညာတော့ ကောင်းတယ်။ ခင်လှိုင်နဲ့ အလုပ်လုပ်ရတာ စိတ်ညစ်တယ်ဆိုတာ ဖြစ်လာတယ်”

“ကျနော် ဇာတ်ကရင်း ၃ နှစ် စဉ်းစားတယ်။ ဒီလောကကို ပြန်ဝင်ရင် ဘယ်လိုပုံစံနဲ့ နေမလဲ၊ ရပ်တည်မလဲ ဆိုပြီး ဆုံးဖြတ်တယ်။ ကျနော် လူကောင်း တယောက်အနေနဲ့ ရပ်တည်မလား၊ ငါနဲ့ အလုပ် လုပ်ချင်လာအောင် ဘယ်လိုလုပ်မလဲဆိုပြီး ကျနော် အချိန်မှန်ခြင်း၊ ကတိတည်ခြင်းတွေ လုပ်တော့မယ်ဆိုပြီး လုပ်လာတယ်။ နောက် အဝတ်အစား ပြင်ဆင်မှုတွေ သေချာလေး ဂရုစိုက်တယ်”

“လုပ်ရမယ့် ကာရိုက်တာကို စေတနာ ထားပြီး လုပ်တယ်။ ထုတ်လုပ်သူတွေက အရင်လို မဟုတ်တော့ဘူး။ အလုပ်လုပ်လို့ ကောင်းလာပြီဆိုပြီး သဘောကျလာတယ်။ နောက် ဘာသာရေးအားတွေလည်း ပါတာပေါ့နော်။ နောက်ပိုင်း ဘာကားပဲ ရိုက်ရိုက်၊ ထုတ်လုပ်သူတွေက ကျနော့်ကို သတိရကြတယ်လို့ ထင်ပါတယ်”လို့ ခင်လှိုင်က ဆိုပါတယ်။

အနုပညာသက်တမ်း ၂၅ နှစ် ကျော်ကို ရောက်ရှိခဲ့ပြီဖြစ်တဲ့ သရုပ်ဆောင် ခင်လှိုင်ကို ဟာသ သရုပ်ဆောင် တယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။ သရုပ်ဆောင် ခင်လှိုင်ဟာ အခုလက်ရှိ အချိန်ထိ ပရိသတ် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။ ခင်လှိုင်ရဲ့ သားနဲ့ သမီးကလည်း လက်ရှိမှာ သရုပ်ဆောင်အဖြစ်နဲ့ လုပ်ကိုင်လျက် ရှိပါတယ်။Celefamily