စပြန္​ဆာ​ေပးဖို႔ ကမ္​းလွမ္​းလာတာ​ေတြကို ခပ္​​ေခ်​ေခ်ပဲ တုန္​႔ျပန္​ခဲ့တဲ့ သွ်ားထြဋ္​အိျႏၵာ

သွ်ားထြဋ္အိျႏၵာဟာ ၂၀၁၄ ခုႏွစ္ရဲ႕ ျမန္မာႏိုင္ငံကိုယ္စား ျပဳ မယ္စၾကာ၀ဠာအလွမယ္တဦးျဖစ္ကာ အေမရိကန္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ မယ္စၾကာ၀ ဠာၿပိဳင္ပြဲမွာ သြားေရာက္ယွဥ္ၿပိဳင္ခဲ့သူတဦး ျဖစ္ပါတယ္။ ဆြဲေဆာင္မႈ႐ွိတဲ့ မ်က္ခံုးမ်က္လံုးေတြနဲ႔ မယ္တစ္ေယာက္ဆိုတဲ့အတိုင္းလွပက်စ္လစ္တဲ့ေဘာ္ဒီကိုပိုင္ဆိုင္ထားတဲ့ အလွမယ္တစ္ေယာက္ဆိုလည္းမမွာပါဘူးေနာ္။ ပြင့္ပြင့္လင္းလင္းနဲ႔တည္ၿငိမ္တဲ့အလွကိုပိုင္ဆိုင္ထားတဲ့ သူလည္းျဖစ္ပါတယ္။လတ္တေလာအႏုပညာလႈပ္႐ွာမႈအေနနဲ႔ Showပြဲေတြေလ်ွာက္ျဖစ္ေနၿပီး မဂၢဇင္း ေလးေတြ႐ုိက္ၿပီး ပြဲေလးေတြတက္ျဖစ္ေနတယ္လို႔သိရပါတယ္။

စပြန္​ဆာ​ေပးဖို႔ ကမ္​းလွမ္​းလာတာ​ေတြကို ခပ္​​ေခ်​ေခ်ပဲ တုန္​႔ျပန္​ခဲ့တဲ့ သွ်ားထြဋ္​အိျႏၵာ 1

” Showေလ်ွာက္ရတာကိုႀကိဳက္တယ္။ပံုမွန္ဆိုသ်ွားတို႔အႏုပညာသမားေတြက မေတြ႔ျဖစ္ၾကဘူးေလ။ဒီဇိုင္နာေတြဆိုလည္း ကိုယ့္ဝတ္စံုေတြျပသခြင့္႐ွိတယ္။မိတ္ကပ္ဆရာေတြဆိုလည္အဲ့အတိုင္းပဲ။အခ်င္းခ်င္းလည္းအျမဲေတြ႔ေနရတယ္။Miss Universe ပြဲတိုင္ဂယက္ထတာကေတာ့ႏွစ္တိုင္းျဖစ္ေနျကေပါ့ေနာ္။ၿပီးရင္သူတို႔ပဲေက်နပ္သြားၾကတာပဲေလ။ သ်ွားကေတာ့ကိုယ္အားေပးတဲ့သူျဖစ္ပါေစ ။အားမေပးတဲ့သူျဖစ္ပါေစ ျမန္မာဆိုတဲ့စိတ္ကေလးနဲ႔အားေပးေစခ်င္ပါတယ္။သ်ွားတို႔ကေတာ့သြားၿပိဳင္ခဲ့ေတာ့သိတယ္ မေကာင္းျမင္ေနမယ့္အစားေဝဖန္ေပး မ်ားမ်ားေလးဆံုးမေပး အားနည္းခ်က္ေလးေတြကိုေျပာျပေပးေစခ်င္တယ္။

စပြန္​ဆာ​ေပးဖို႔ ကမ္​းလွမ္​းလာတာ​ေတြကို ခပ္​​ေခ်​ေခ်ပဲ တုန္​႔ျပန္​ခဲ့တဲ့ သွ်ားထြဋ္​အိျႏၵာ 2

Miss ပြဲေတြမ်ားလာတဲ့အေပၚ သ်ွားအတြက္က်ေတာ့ ကိုယ့္အရည္အေသြးကိုကိုယ္ထိန္းထားႏုိင္ဖို႔ပဲလိုတယ္။ကိုယ္ကိုယ္တိုင္ကဘယ္လိုလူမ်ိဳးလဲ ပရိသတ္ေတြကကိုယ့္ကိုဘယ္လိုသတ္မွတ္ထားလဲ ဘယ္လိုျမင္ လဲ။ကိုယ္ကဘယ္ေနရာမ်ိဳးမွာေနမလဲ။ဆိုတာမ်ိဳးပဲ ကိုယ့္ကိုယ္ကိုယ္ပဲေဝဖန္သံုးသပ္တယ္။သူမ်ားကိုေတယ့ၾကည့္မေနေတာ့ဘူး။ Sponsor ထားရမယ့္အေနအထားမဟုတ္ဘူးလို႔ လူမႈကြန္ရက္ေပၚတင္ခဲ့တာကေတာ့ သ်ွားကေနာက္ပိုင္းကိုယ့္ကိုကိုယ္ပိုၾကည့္လာတယ္။ကိုယ့္ကိုယ္ကိုအတြက္ဂ႐ုစိုက္တတ္လာတယ္။ကိုယ့္မိဘကိုပိုၾကည့္လာတယ္။ သ်ွားအေနအထားနဲ႔က်ေတာ့ စပြန္ဆားထားစရာမလိုဘူးလို႔ထင္တာပဲ။

စပြန္​ဆာ​ေပးဖို႔ ကမ္​းလွမ္​းလာတာ​ေတြကို ခပ္​​ေခ်​ေခ်ပဲ တုန္​႔ျပန္​ခဲ့တဲ့ သွ်ားထြဋ္​အိျႏၵာ 3

ေမြးကတည္းကလည္း မိဘကျပည္႔ျပည့္စံုစံုထားထားတယ္။သ်ွားမိဘေတြမက သ်ွားအဘိုးအဘြားေတြလက္ထပ္တည္းက သူတို႔ကအလုပ္အရမ္းႀကိဳးစားၾကတယ္။ဆုရတုန္းကေတာင္မွသ်ွားကိုCrown ဝယ္တယ္ဆိုၿပီး သတင္းထြက္ေသးတာပဲေပါ့ေနာ္။အာ့လိုအေျခအေနမ်ိဳးသိေနရဲ႕သားနဲ႔ သ်ွားကိုစပြန္ဆာေတြဘာေတြ႐ွိတယ္လို႔ထင္တာလဲမသိဘူး။လိုအပ္လာရင္လည္းမထားဘူး။ သ်ွားမိဘကလည္းလက္ခံမွာမဟုတ္ဘူး။သ်ွားကလည္း သူမ်ားဆီကအလကားရတာလည္းမႀကိဳက္ဘူး။ စပြန္ဆာေပးဖို႔ကမ္းလွမ္းလာတဲ့အခါ သ်ွားအိမ္ကိုလာၾကည့္လိုက္လို႔ေျပာလိုက္တယ္။

စပြန္​ဆာ​ေပးဖို႔ ကမ္​းလွမ္​းလာတာ​ေတြကို ခပ္​​ေခ်​ေခ်ပဲ တုန္​႔ျပန္​ခဲ့တဲ့ သွ်ားထြဋ္​အိျႏၵာ 4

သူမ်ားေပးစာကမ္းစာနဲ႔မေနႏုိင္ဘူး ။လိပ္ျပာမလံုဘူး ။သ်ွားလက္ထပ္မယ့္ အမ်ိဳးသားကို ကိုယ့္ရဲ႕မေကာင္းတဲ့အတိတ္ေၾကာင့္အ႐ွက္မကြဲခ်င္ဘူး။ သ်ွားမိဘေပါ့ေနာ္သူတို႔အတတ္ႏုိင္ဆံုး ျဖည့္ဆည္းေပးေနရက္နဲ႔ သူတို႔အတြက္စိတ္မေကာင္းျဖစ္စရာျဖစ္တယ္ ။ စပြန္ဆာဆိုတာသ်ွားအတြက္မလိုဘူး”လို႔ေျပာျပခဲ့ပါတယ္။ ပရိသတ္ႀကီးေရာ သ်ွားရဲ႕ စိတ္ဓာတ္ကို သေဘာက်ရင္မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။Celegabar

Unicode Version

သျှားထွဋ်အိန္ဒြာဟာ ၂၀၁၄ ခုနှစ်ရဲ့ မြန်မာနိုင်ငံကိုယ်စား ပြု မယ်စကြာဝဠာအလှမယ်တဦးဖြစ်ကာ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ မယ်စကြာ၀ ဠာပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့သူတဦး ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ မျက်ခုံးမျက်လုံးတွေနဲ့ မယ်တစ်ယောက်ဆိုတဲ့အတိုင်းလှပကျစ်လစ်တဲ့ဘော်ဒီကိုပိုင်ဆိုင်ထားတဲ့ အလှမယ်တစ်ယောက်ဆိုလည်းမမှာပါဘူးနော်။ ပွင့်ပွင့်လင်းလင်းနဲ့တည်ငြိမ်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့ သူလည်းဖြစ်ပါတယ်။လတ်တလောအနုပညာလှုပ်ရှာမှုအနေနဲ့ Showပွဲတွေလျှောက်ဖြစ်နေပြီး မဂ္ဂဇင်း လေးတွေရိုက်ပြီး ပွဲလေးတွေတက်ဖြစ်နေတယ်လို့သိရပါတယ်။

” Showလျှောက်ရတာကိုကြိုက်တယ်။ပုံမှန်ဆိုသျှားတို့အနုပညာသမားတွေက မတွေ့ဖြစ်ကြဘူးလေ။ဒီဇိုင်နာတွေဆိုလည်း ကိုယ့်ဝတ်စုံတွေပြသခွင့်ရှိတယ်။မိတ်ကပ်ဆရာတွေဆိုလည်အဲ့အတိုင်းပဲ။အချင်းချင်းလည်းအမြဲတွေ့နေရတယ်။Miss Universe ပွဲတိုင်ဂယက်ထတာကတော့နှစ်တိုင်းဖြစ်နေကြပေါ့နော်။ပြီးရင်သူတို့ပဲကျေနပ်သွားကြတာပဲလေ။ သျှားကတော့ကိုယ်အားပေးတဲ့သူဖြစ်ပါစေ ။အားမပေးတဲ့သူဖြစ်ပါစေ မြန်မာဆိုတဲ့စိတ်ကလေးနဲ့အားပေးစေချင်ပါတယ်။သျှားတို့ကတော့သွားပြိုင်ခဲ့တော့သိတယ် မကောင်းမြင်နေမယ့်အစားဝေဖန်ပေး များများလေးဆုံးမပေး အားနည်းချက်လေးတွေကိုပြောပြပေးစေချင်တယ်။Miss ပွဲတွေများလာတဲ့အပေါ် သျှားအတွက်ကျတော့ ကိုယ့်အရည်အသွေးကိုကိုယ်ထိန်းထားနိုင်ဖို့ပဲလိုတယ်။ကိုယ်ကိုယ်တိုင်ကဘယ်လိုလူမျိုးလဲ ပရိသတ်တွေကကိုယ့်ကိုဘယ်လိုသတ်မှတ်ထားလဲ ဘယ်လိုမြင် လဲ။ကိုယ်ကဘယ်နေရာမျိုးမှာနေမလဲ။ဆိုတာမျိုးပဲ ကိုယ့်ကိုယ်ကိုယ်ပဲဝေဖန်သုံးသပ်တယ်။သူများကိုတေယ့ကြည့်မနေတော့ဘူး။ Sponsor ထားရမယ့်အနေအထားမဟုတ်ဘူးလို့ လူမှုကွန်ရက်ပေါ်တင်ခဲ့တာကတော့ သျှားကနောက်ပိုင်းကိုယ့်ကိုကိုယ်ပိုကြည့်လာတယ်။ကိုယ့်ကိုယ်ကိုအတွက်ဂရုစိုက်တတ်လာတယ်။ကိုယ့်မိဘကိုပိုကြည့်လာတယ်။ သျှားအနေအထားနဲ့ကျတော့ စပွန်ဆားထားစရာမလိုဘူးလို့ထင်တာပဲ။

မွေးကတည်းကလည်း မိဘကပြည့်ပြည့်စုံစုံထားထားတယ်။သျှားမိဘတွေမက သျှားအဘိုးအဘွားတွေလက်ထပ်တည်းက သူတို့ကအလုပ်အရမ်းကြိုးစားကြတယ်။ဆုရတုန်းကတောင်မှသျှားကိုCrown ဝယ်တယ်ဆိုပြီး သတင်းထွက်သေးတာပဲပေါ့နော်။အာ့လိုအခြေအနေမျိုးသိနေရဲ့သားနဲ့ သျှားကိုစပွန်ဆာတွေဘာတွေရှိတယ်လို့ထင်တာလဲမသိဘူး။လိုအပ်လာရင်လည်းမထားဘူး။ သျှားမိဘကလည်းလက်ခံမှာမဟုတ်ဘူး။သျှားကလည်း သူများဆီကအလကားရတာလည်းမကြိုက်ဘူး။ စပွန်ဆာပေးဖို့ကမ်းလှမ်းလာတဲ့အခါ သျှားအိမ်ကိုလာကြည့်လိုက်လို့ပြောလိုက်တယ်။သူများပေးစာကမ်းစာနဲ့မနေနိုင်ဘူး ။လိပ်ပြာမလုံဘူး ။သျှားလက်ထပ်မယ့် အမျိုးသားကို ကိုယ့်ရဲ့မကောင်းတဲ့အတိတ်ကြောင့်အရှက်မကွဲချင်ဘူး။ သျှားမိဘပေါ့နော်သူတို့အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေရက်နဲ့ သူတို့အတွက်စိတ်မကောင်းဖြစ်စရာဖြစ်တယ် ။ စပွန်ဆာဆိုတာသျှားအတွက်မလိုဘူး”လို့ပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးရော သျှားရဲ့ စိတ်ဓာတ်ကို သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။Celegabar