စပြန္ဆာရလို႔ ကားဝယ္တယ္ဆိုတဲ့ ေဝဖန္မႈေတြကို ျပန္လည္ေျဖရွင္းလာတဲ့ နန္းေမြစံ

ကမၻာ ေက်ာ္ နယူးေယာက္ခ္တိုင္းသတင္းစာမ်က္ႏွာေပၚအထိ ေဖာ္ျပျခင္းခံခဲ့ရတဲ့ ေမာ္ဒယ္ ဆရာဝန္ နန္းေမြစံဟာ လိင္ဆြဲေဆာင္မႈအသားေပး ေမာ္ဒယ္တစ္ဦးအျဖစ္ ပြင့္လင္းရဲတင္းစြာ ရပ္တည္ခဲ့သူျဖစ္ၿပီး ဒီရပ္တည္ခ်က္ေၾကာင့္ပဲ မၾကာေသးခင္က သူ႕ရဲ႕ဆရာဝန္လိုင္စင္ ပိတ္သိမ္းခံရတဲ့အျဖစ္ဟာ ကမၻာ့အဆင့္မီဒီယာေတြအထိဟိုးေလးတေက်ာ္ နာမည္ႀကီးသြားခဲ့ပါတယ္။

စပြန္ဆာရလို႔ ကားဝယ္တယ္ဆိုတဲ့ ေဝဖန္မႈေတြကို ျပန္လည္ေျဖရွင္းလာတဲ့ နန္းေမြစံ 1

နန္းေမြစံဟာ မၾကာခင္ကပဲ သိန္းေလးရာေက်ာ္တန္ ကားသစ္တစ္စီး ၀ယ္ခဲ့တယ္လို႔သိရၿပီး အႏုပညာအလုပ္နဲ႔ဝင္ေငြမ႐ွိဘ ဲ ဒီလိုဝယ္ယူခဲ့တဲ့အေပၚ ေဝဖန္႐ိုက္ခတ္မႈေတြႀကီးမားစြာ႐ွိခဲ့ၿပီး စပြန္ဆာေပးခံရတာလား သို႔ေလာ သို့ေလာေမးခြန္းထုတ္စရာျဖစ္ခဲ့တာပါ။ သူ႕ကိုအားေပးခ်စ္ခင္ေနၾကတဲ့ ပရိသတ္ေတြအတြက္ နန္းေမြစံတစ္ေယာက္ ဘယ္လိုေျဖ႐ွင္းလိုက္သလဲ? ဒါကို ခ်စ္ပရိသတ္ႀကီးအတြက္ အခုတင္ဆက္ေပးပါရေစ။

စပြန္ဆာရလို႔ ကားဝယ္တယ္ဆိုတဲ့ ေဝဖန္မႈေတြကို ျပန္လည္ေျဖရွင္းလာတဲ့ နန္းေမြစံ 2

” ေမြစံ့ကိုအေလးထားတဲ့ ပရိသတ္ေလးေတြ တစ္ေယာက္ပဲ႐ွိ႐ွိ ႏွစ္ေယာက္ပဲ႐ွိ႐ွိ ေမြစံ့အတြက္အင္အားပါပဲ။ အႏုပညာ႐ွင္ေတြဆိုတာ ပရိသတ္ေတြ႐ွိမွ အလုပ္လုပ္လို႔ရတာေလ။ ပရိသတ္ေတြမ်ားေလေလ ေမြစံကေပ်ာ္ေလေလပါပဲ။ အဲ့ဒါ ဘာမွမစားမေသာက္ရနဲ႔ကုိ ဗိုက္ျပည့္ေစတာပါ။

စပြန္ဆာရလို႔ ကားဝယ္တယ္ဆိုတဲ့ ေဝဖန္မႈေတြကို ျပန္လည္ေျဖရွင္းလာတဲ့ နန္းေမြစံ 3

” ကားက အေမရိကန္ဘရန္းကုိႀကိဳက္လို႔ လဲျဖစ္တာပါ။ ဘယ္ေလာက္မွလဲမ႐ွိပါဘူး။ သူမ်ားေတြလို အေကာင္းစားႀကီးလဲမစီးႏို္င္ပါဘူး။ မာစီဒီးလဲမဟုတ္ပါဘူး။ ဒါ သိန္း ေလးရာေက်ာ္ေက်ာ္ေလးနဲ႔ဆိုေတာ့ေလ။ စပြန္ဆာလဲမ႐ွိဘူး။ ဘာမွမ႐ွိဘူး…ဒီအတိုင္းပဲ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ဝယ္တာ… အဲ့ဒါ သူမ်ားေတြအထင္မွားမွာစိုးလို”

စပြန္ဆာရလို႔ ကားဝယ္တယ္ဆိုတဲ့ ေဝဖန္မႈေတြကို ျပန္လည္ေျဖရွင္းလာတဲ့ နန္းေမြစံ 4

” ေမြစံက အိမ္စီးပြားေရးလဲ႐ွိတယ္။ အႏုပညာအလုပ္ေတြလဲ လူမသိတာပဲ႐ွိတယ္။ ေၾကာ္ျငာေလးေတြ႐ွိတယ္။ နယ္ပြဲေတြမွာသီခ်င္းဆိုတယ္။ ေမြစံအေနနဲ႔ဘာမွမလိုအပ္ပါဘူး။ အဲ့ဒါေၾကာင့္ ေမြစံ့ပရိသတ္ေတြက စိတ္႐ွင္း႐ွင္းနဲ႔အရင္လိုပဲျပန္အားေပးလို႔ရပါတယ္လို႔ ေျပာခ်င္ပါတယ္။ စပြန္ဆာကိစၥပတ္သက္မႈ ဘာမွမ႐ွိပါဘူး”

” ေမြစံပိုက္ဆံမမက္ဘူး၊ ေငြလံုးဝမမက္ဘူး။ ငယ္ငယ္ေလးထဲကျပည့္ျပည့့္စံုစံုေနရတယ္။ ေငြေနာက္လိုက္မွာမဟူတ္ဘူး၊ အႏုပညာသီးသန္႔ကိုဖန္တီးမွာပါ။ စိတ္ကူးထားတာေတြ႐ွိပါတယ္။ ပရိသတ္စိတ္တိုင္းက်တင္ဆက္ေပးမွာပါ၊”

 

စပြန္ဆာရလို႔ ကားဝယ္တယ္ဆိုတဲ့ ေဝဖန္မႈေတြကို ျပန္လည္ေျဖရွင္းလာတဲ့ နန္းေမြစံ 5

“ႏုိင္ငံျခားသတင္းေတြမွာအထိ ေဖာ္ျပခံရတာကေတာ့ သူတို႔က ဆရာဝန္တစ္ေယာက္အေနနဲ႔ အေဖာ္အခြၽတ္ေတြ႐ိုက္လို႔ လိုင္စင္အသိမ္းခံရတာကို စိတ္ဝင္စားသြားၾကတာ။ ကိုယ့္အတြက္ေကာင္းဖို႔ျဖစ္လာတယ္ပဲယူဆပါတယ္ ”

” ပရိသတ္ေတြအႀကိဳက္ေတြ႕မယ့္ ဗီဒီယုိေတြ၊ ဓာတ္ပံုေတြဆက္တင္သြားမွာပါ။ အခုနယ္သီခ်င္းဆိုပြဲေတြ ဆက္တုိက္သြားေနရ လို႔ မတင္ျဖစ္တာပါ။ သီခ်င္းမဆိုတတ္ေပမဲ့ ငွါးေတာ့သြားျဖစ္တယ္ေပါ့ေနာ္။”ALinnMyay

Unicode Version

ကမ္ဘာ ကျော် နယူးယောက်ခ်တိုင်းသတင်းစာမျက်နှာပေါ်အထိ ဖော်ပြခြင်းခံခဲ့ရတဲ့ မော်ဒယ် ဆရာဝန် နန်းမွေစံဟာ လိင်ဆွဲဆောင်မှုအသားပေး မော်ဒယ်တစ်ဦးအဖြစ် ပွင့်လင်းရဲတင်းစွာ ရပ်တည်ခဲ့သူဖြစ်ပြီး ဒီရပ်တည်ချက်ကြောင့်ပဲ မကြာသေးခင်က သူ့ရဲ့ဆရာဝန်လိုင်စင် ပိတ်သိမ်းခံရတဲ့အဖြစ်ဟာ ကမ္ဘာ့အဆင့်မီဒီယာတွေအထိဟိုးလေးတကျော် နာမည်ကြီးသွားခဲ့ပါတယ်။

နန်းမွေစံဟာ မကြာခင်ကပဲ သိန်းလေးရာကျော်တန် ကားသစ်တစ်စီး ဝယ်ခဲ့တယ်လို့သိရပြီး အနုပညာအလုပ်နဲ့ဝင်ငွေမရှိဘ ဲ ဒီလိုဝယ်ယူခဲ့တဲ့အပေါ် ဝေဖန်ရိုက်ခတ်မှုတွေကြီးမားစွာရှိခဲ့ပြီး စပွန်ဆာပေးခံရတာလား သို့လော သို့လောမေးခွန်းထုတ်စရာဖြစ်ခဲ့တာပါ။ သူ့ကိုအားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက် နန်းမွေစံတစ်ယောက် ဘယ်လိုဖြေရှင်းလိုက်သလဲ? ဒါကို ချစ်ပရိသတ်ကြီးအတွက် အခုတင်ဆက်ပေးပါရစေ။

” မွေစံ့ကိုအလေးထားတဲ့ ပရိသတ်လေးတွေ တစ်ယောက်ပဲရှိရှိ နှစ်ယောက်ပဲရှိရှိ မွေစံ့အတွက်အင်အားပါပဲ။ အနုပညာရှင်တွေဆိုတာ ပရိသတ်တွေရှိမှ အလုပ်လုပ်လို့ရတာလေ။ ပရိသတ်တွေများလေလေ မွေစံကပျော်လေလေပါပဲ။ အဲ့ဒါ ဘာမှမစားမသောက်ရနဲ့ကို ဗိုက်ပြည့်စေတာပါ။

” ကားက အမေရိကန်ဘရန်းကိုကြိုက်လို့ လဲဖြစ်တာပါ။ ဘယ်လောက်မှလဲမရှိပါဘူး။ သူများတွေလို အကောင်းစားကြီးလဲမစီးနိုင်ပါဘူး။ မာစီဒီးလဲမဟုတ်ပါဘူး။ ဒါ သိန်း လေးရာကျော်ကျော်လေးနဲ့ဆိုတော့လေ။ စပွန်ဆာလဲမရှိဘူး။ ဘာမှမရှိဘူး…ဒီအတိုင်းပဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာ… အဲ့ဒါ သူများတွေအထင်မှားမှာစိုးလို”

” မွေစံက အိမ်စီးပွားရေးလဲရှိတယ်။ အနုပညာအလုပ်တွေလဲ လူမသိတာပဲရှိတယ်။ ကြော်ငြာလေးတွေရှိတယ်။ နယ်ပွဲတွေမှာသီချင်းဆိုတယ်။ မွေစံအနေနဲ့ဘာမှမလိုအပ်ပါဘူး။ အဲ့ဒါကြောင့် မွေစံ့ပရိသတ်တွေက စိတ်ရှင်းရှင်းနဲ့အရင်လိုပဲပြန်အားပေးလို့ရပါတယ်လို့ ပြောချင်ပါတယ်။ စပွန်ဆာကိစ္စပတ်သက်မှု ဘာမှမရှိပါဘူး”

” မွေစံပိုက်ဆံမမက်ဘူး၊ ငွေလုံးဝမမက်ဘူး။ ငယ်ငယ်လေးထဲကပြည့်ပြည့်စုံစုံနေရတယ်။ ငွေနောက်လိုက်မှာမဟူတ်ဘူး၊ အနုပညာသီးသန့်ကိုဖန်တီးမှာပါ။ စိတ်ကူးထားတာတွေရှိပါတယ်။ ပရိသတ်စိတ်တိုင်းကျတင်ဆက်ပေးမှာပါ၊”

“နိုင်ငံခြားသတင်းတွေမှာအထိ ဖော်ပြခံရတာကတော့ သူတို့က ဆရာဝန်တစ်ယောက်အနေနဲ့ အဖော်အချွတ်တွေရိုက်လို့ လိုင်စင်အသိမ်းခံရတာကို စိတ်ဝင်စားသွားကြတာ။ ကိုယ့်အတွက်ကောင်းဖို့ဖြစ်လာတယ်ပဲယူဆပါတယ် ”

” ပရိသတ်တွေအကြိုက်တွေ့မယ့် ဗီဒီယိုတွေ၊ ဓာတ်ပုံတွေဆက်တင်သွားမှာပါ။ အခုနယ်သီချင်းဆိုပွဲတွေ ဆက်တိုက်သွားနေရ လို့ မတင်ဖြစ်တာပါ။ သီချင်းမဆိုတတ်ပေမဲ့ ငှါးတော့သွားဖြစ်တယ်ပေါ့နော်။”ALinnMyay