ငယ္ငယ္ကတည္းက ေက်ာ္ဟိန္းကိုရူးသြပ္ၿပီး ကို္ယ့္စတိုင္နဲ႔ကို ျဖစ္လာတာပါဆိုတဲ့ ေက်ာ္ေက်ာ္နႏၵ

ေက်ာ္ေက်ာ္နႏၵဟာဆိုရင္ အဝတ္အစားဒီဇုိင္းအဆင္အျပင္နဲ႔လူသိမ်ားေက်ာ္ၾကားလာတဲ့ အဆိုေတာ္တစ္ဦးျဖစ္ျပီး ဖက္ရွင္ပုိင္းမွာဆရာတစ္ဆူလို႔ေျပာရေလာက္ေအာင္ ပရိသတ္အားေပးမႈရထားတဲ့ အနုပညာရွင္တစ္ဦးျဖစ္ပါတယ္။ေက်ာ္ေက်ာ္နႏၵက မၾကာေသးမီက 8days Journal နဲ႔ အင္တာဗ်ဴးမွာ လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းနဲ႔ ေက်ာ္ဟိန္းကိုရူးသြပ္ခဲ့ဖူးေၾကာင္းေတြေျပာျပလာခဲ့ပါတယ္။

ငယ္ငယ္ကတည္းက ေက်ာ္ဟိန္းကိုရူးသြပ္ၿပီး ကို္ယ့္စတိုင္နဲ႔ကို ျဖစ္လာတာပါဆိုတဲ့ ေက်ာ္ေက်ာ္နႏၵ 1

ဟာခနဲဟင္ခနဲျဖစ္သြားရတဲ့ ပြဲတက္ဖက္ရွင္အလန္းေတြဝတ္ျဖစ္တာကုိ ေက်ာ္ေက်ာ္နႏၵက “ကြ်န္ေတာ္က ပြဲလာစငွားတကည္းက ေမးတယ္။ ဘယ္လိုဝတ္ေပးရမလဲလုိ႔။ ဖန္စီလား ရိုးရိုးလားဘယ္လုိဝတ္ေစခ်င္လဲလို႔။ အဲေတာ့ သူတို႔က ကုိယ္ထြက္လာတဲ့ပံုစံအတိုင္း မေထာ္ေလးေပါ့ေနာ္။ အဲဒါမွာ ပရိသတ္ေတြရဲ႕အျမင္ကုိလည္းဖမ္းစားနုိ္င္တယ္။လာတဲ့ပရိသတ္ေတြကိုလည္း ဟင္ဟာခနဲေပ့ါေနာ္။ ျပီးေတာ့ ကုိယ့္ကုိ္ျမင္ျပီးေတာ့ ေနာက္ထပ္ျမင္ခ်င္တဲ့ ပံုစံေလးျဖစ္ေစခ်င္တဲ့အတြက္ကုိ ကြ်န္ေတာ္က ဝတ္ေပးရတာပါ”လို႔ ေျပာထားပါတယ္။

ငယ္ငယ္ကတည္းက ေက်ာ္ဟိန္းကိုရူးသြပ္ၿပီး ကို္ယ့္စတိုင္နဲ႔ကို ျဖစ္လာတာပါဆိုတဲ့ ေက်ာ္ေက်ာ္နႏၵ 2

အနုပညာကုိ ငယ္ငယ္ကတည္းကရူးသြပ္လာေၾကာင္းနဲ႔ ေက်ာ္ဟိန္းကုိလည္းရူးသြပ္ခဲ့ဖူးတယ္လို႔ “ကုိယ္အနုပညာကုိရူးသြပ္တာအခုမွမဟုတ္ဘူးေလ။အေမ့ဗုိက္ထဲမွာကတည္းက ရူးသြပ္လာတာဆိုေတာ့။ ကုိယ္ကုိယ္တိုင္အေမ့ဗိုက္ထဲမွာကတည္းက ရူးသြပ္လာတယ္ဆုိတာ ကုိယ္မသိဘူး။ မိဘေျပာျပမွသိတာ။ အေမဆိုရင္ ကုိယ့္ကုိလြယ္ထားတုန္းက ဦးေက်ာ္ဟိန္းတို႔ အန္တီခင္သန္းနုတို႔ေခတ္ေပါ့ေန္ာ။ အဲ့လိုရုပ္ရွင္လာရိုက္တဲ့အခါက်ရင္ ဗိုက္ၾကီးတကားကားနဲ႔သြားၾကည့္တာပဲတဲ့။ အဲဒါျပန္လာရင္အေျပာအဆိုခံရေရာတဲ့။ ဦးေက်ာ္တို႔ဘာတို႔ဆိုရင္သူုတို႔ေခတ္ထဲက သူတို႔ပံုစံေတြရွိျပီးသားဆိုေတာ့ ကုိယ္ကလည္း အဲ့လိုမ်ိဳးေတြရူးသြပ္ျပီးေတာ့ အဲလိုျဖစ္လာတာလားေတာ့ မသိပါဘူး။ အခုလည္း ကုိယ့္စတိုင္လ္နဲ႔ကုိယ့္အိုက္တင္နဲ႔ေပ့ါေနာ္”လို႔ ေျပာျပထားပါတယ္။

ငယ္ငယ္ကတည္းက ေက်ာ္ဟိန္းကိုရူးသြပ္ၿပီး ကို္ယ့္စတိုင္နဲ႔ကို ျဖစ္လာတာပါဆိုတဲ့ ေက်ာ္ေက်ာ္နႏၵ 3

ဒီလိုေတြဝတ္တာကုိလူေတြ ေလွာင္တာရယ္တာေတြ ဂရုမစိုက္ဘူးလို႔လည္း ေက်ာ္ေက်ာ္နႏၵက “ကုိယ့္ကုိေတာ့ ဒီလိုဝတ္စားျပီးလုပ္ေနတဲ့ဟာကုိ လူေတြက အျပင္မွာရယ္တာေတြေလွာင္တာေတြလည္းရွိမယ္။ ဒါေပမယ့္ I don’t care ပါ လံုးဝဂရုမစုိက္ဘူး။ ကုိုယ္လုပ္ရမယ့္အလုပ္ကုိယ့္ဘာသာလုပ္တာေလ။ ေက်ာ္ေက်ာ္နႏၵက အျပင္မွာ ဒီတုိင္းၾကီးသြားေနတာမွမဟုတ္တာ။ ကင္မရာေရွ႕ေရာက္သြားျပီဆို အျပင္အဆင္အဝတ္အစား ဒီဇုိင္း၊ ေျပာတာဆိုတာ အကုန္ေျပာင္းသြားတာ။ အျပင္မွာေတာ့ သာမန္ပါပဲ”လို႔ ေျဖၾကားထားပါတယ္။

ငယ္ငယ္ကတည္းက ေက်ာ္ဟိန္းကိုရူးသြပ္ၿပီး ကို္ယ့္စတိုင္နဲ႔ကို ျဖစ္လာတာပါဆိုတဲ့ ေက်ာ္ေက်ာ္နႏၵ 4

ငယ္ငယ္ကတည္းက ေက်ာ္ဟိန္းကိုရူးသြပ္ၿပီး ကို္ယ့္စတိုင္နဲ႔ကို ျဖစ္လာတာပါဆိုတဲ့ ေက်ာ္ေက်ာ္နႏၵ 5

လက္ရွိအနုပညာလႈပ္ရွွားမႈေတြအေၾကာင္းကုိ ေက်ာ္ေက်ာ္နႏၵက “နွင္းဆီေျခြတဲ့ေႏြက မၾကာခင္ထြက္မွာပါ။ အဲဒီသီခ်င္းက ျပီးေတာ့မွာပါ လုပ္ေနတယ္။ အဲသီခ်င္းက်ရင္လည္းအမုိက္စားထြက္မွာပါ။ အဲ့ထက္အရင္ထြက္မွာက ဟစ္ေၾကြးမယ့္ေန႔သစ္ေပါ့ေနာ္။ Roar ေလးအရင္ထြက္မယ္လို႔လုပ္ထားတာပါ။ တိရစၦာန္ေတြနဲ႔ရိုက္မယ္လို႔ လုပ္ထားတာ မရုိက္ရေသးဘူး။ ကုိယ္ကလည္း မေထာ္မနန္းေတြဝတ္တာမ်ားေတာ့ ယဥ္ေနတဲ့တိရစာၦန္ေတြက ကုိုယ့္ေၾကာင့္ရို္င္းသြားျပီးေတာ့ ကုိယ့္ကုိျပန္အႏၱရာယ္ေပးမွာေၾကာက္ေနရတယ္။ တိရစာၦန္ေတြနဲ႔ေတာ့ရိုက္မွာပါ။ ဆင္ေတြက်ားေတြနဲ႔မဟုတ္ရင္ေတာင္ ပုရြက္ဆိတ္ေတြျခင္ေတြနဲ႔ေတာ့ရိုက္မွာ”လုိ႔ ေျပာထားပါတယ္။Nanmalgyi

Unicode Version

ကျော်ကျော်နန္ဒဟာဆိုရင် အဝတ်အစားဒီဇိုင်းအဆင်အပြင်နဲ့လူသိများကျော်ကြားလာတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ဖက်ရှင်ပိုင်းမှာဆရာတစ်ဆူလို့ပြောရလောက်အောင် ပရိသတ်အားပေးမှုရထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ကျော်ကျော်နန္ဒက မကြာသေးမီက 8days Journal နဲ့ အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ ကျော်ဟိန်းကိုရူးသွပ်ခဲ့ဖူးကြောင်းတွေပြောပြလာခဲ့ပါတယ်။

ဟာခနဲဟင်ခနဲဖြစ်သွားရတဲ့ ပွဲတက်ဖက်ရှင်အလန်းတွေဝတ်ဖြစ်တာကို ကျော်ကျော်နန္ဒက “ကျွန်တော်က ပွဲလာစငှားတကည်းက မေးတယ်။ ဘယ်လိုဝတ်ပေးရမလဲလို့။ ဖန်စီလား ရိုးရိုးလားဘယ်လိုဝတ်စေချင်လဲလို့။ အဲတော့ သူတို့က ကိုယ်ထွက်လာတဲ့ပုံစံအတိုင်း မထော်လေးပေါ့နော်။ အဲဒါမှာ ပရိသတ်တွေရဲ့အမြင်ကိုလည်းဖမ်းစားနိုင်တယ်။လာတဲ့ပရိသတ်တွေကိုလည်း ဟင်ဟာခနဲပေ့ါနော်။ ပြီးတော့ ကိုယ့်ကိုမြင်ပြီးတော့ နောက်ထပ်မြင်ချင်တဲ့ ပုံစံလေးဖြစ်စေချင်တဲ့အတွက်ကို ကျွန်တော်က ဝတ်ပေးရတာပါ”လို့ ပြောထားပါတယ်။

အနုပညာကို ငယ်ငယ်ကတည်းကရူးသွပ်လာကြောင်းနဲ့ ကျော်ဟိန်းကိုလည်းရူးသွပ်ခဲ့ဖူးတယ်လို့ “ကိုယ်အနုပညာကိုရူးသွပ်တာအခုမှမဟုတ်ဘူးလေ။အမေ့ဗိုက်ထဲမှာကတည်းက ရူးသွပ်လာတာဆိုတော့။ ကိုယ်ကိုယ်တိုင်အမေ့ဗိုက်ထဲမှာကတည်းက ရူးသွပ်လာတယ်ဆိုတာ ကိုယ်မသိဘူး။ မိဘပြောပြမှသိတာ။ အမေဆိုရင် ကိုယ့်ကိုလွယ်ထားတုန်းက ဦးကျော်ဟိန်းတို့ အန်တီခင်သန်းနုတို့ခေတ်ပေါ့နေ်ာ။ အဲ့လိုရုပ်ရှင်လာရိုက်တဲ့အခါကျရင် ဗိုက်ကြီးတကားကားနဲ့သွားကြည့်တာပဲတဲ့။ အဲဒါပြန်လာရင်အပြောအဆိုခံရရောတဲ့။ ဦးကျော်တို့ဘာတို့ဆိုရင်သူုတို့ခေတ်ထဲက သူတို့ပုံစံတွေရှိပြီးသားဆိုတော့ ကိုယ်ကလည်း အဲ့လိုမျိုးတွေရူးသွပ်ပြီးတော့ အဲလိုဖြစ်လာတာလားတော့ မသိပါဘူး။ အခုလည်း ကိုယ့်စတိုင်လ်နဲ့ကိုယ့်အိုက်တင်နဲ့ပေ့ါနော်”လို့ ပြောပြထားပါတယ်။

ဒီလိုတွေဝတ်တာကိုလူတွေ လှောင်တာရယ်တာတွေ ဂရုမစိုက်ဘူးလို့လည်း ကျော်ကျော်နန္ဒက “ကိုယ့်ကိုတော့ ဒီလိုဝတ်စားပြီးလုပ်နေတဲ့ဟာကို လူတွေက အပြင်မှာရယ်တာတွေလှောင်တာတွေလည်းရှိမယ်။ ဒါပေမယ့် I don’t care ပါ လုံးဝဂရုမစိုက်ဘူး။ ကိုယ်လုပ်ရမယ့်အလုပ်ကိုယ့်ဘာသာလုပ်တာလေ။ ကျော်ကျော်နန္ဒက အပြင်မှာ ဒီတိုင်းကြီးသွားနေတာမှမဟုတ်တာ။ ကင်မရာရှေ့ရောက်သွားပြီဆို အပြင်အဆင်အဝတ်အစား ဒီဇိုင်း၊ ပြောတာဆိုတာ အကုန်ပြောင်းသွားတာ။ အပြင်မှာတော့ သာမန်ပါပဲ”လို့ ဖြေကြားထားပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို ကျော်ကျော်နန္ဒက “နှင်းဆီခြွေတဲ့နွေက မကြာခင်ထွက်မှာပါ။ အဲဒီသီချင်းက ပြီးတော့မှာပါ လုပ်နေတယ်။ အဲသီချင်းကျရင်လည်းအမိုက်စားထွက်မှာပါ။ အဲ့ထက်အရင်ထွက်မှာက ဟစ်ကြွေးမယ့်နေ့သစ်ပေါ့နော်။ Roar လေးအရင်ထွက်မယ်လို့လုပ်ထားတာပါ။ တိရစ္ဆာန်တွေနဲ့ရိုက်မယ်လို့ လုပ်ထားတာ မရိုက်ရသေးဘူး။ ကိုယ်ကလည်း မထော်မနန်းတွေဝတ်တာများတော့ ယဉ်နေတဲ့တိရစ္ဆာန်တွေက ကိုယ့်ကြောင့်ရိုင်းသွားပြီးတော့ ကိုယ့်ကိုပြန်အန္တရာယ်ပေးမှာကြောက်နေရတယ်။ တိရစ္ဆာန်တွေနဲ့တော့ရိုက်မှာပါ။ ဆင်တွေကျားတွေနဲ့မဟုတ်ရင်တောင် ပုရွက်ဆိတ်တွေခြင်တွေနဲ့တော့ရိုက်မှာ”လို့ ပြောထားပါတယ်။Nanmalgyi