ဂ်က္​စတင္​ဘီဘာကို အရမ္​းႀကိဳက္​​ေပမယ္​့ သူ႔ရဲ႕ လႊမ္​းမိုးမႈ လံုးဝမယူဘူးဆိုတဲ့ ဟိန္​းမင္​းသူ

အဆိုေတာ္ သရုပ္ေဆာင္ ဟိန္းမင္းသူကိုေတာ့ ေတာ္ရံုတန္ရံု နာမည္မမွတ္မိဘဲ ဂ်က္စတင္ဘီဘာနဲ႔ တူတဲ့တစ္ေယာက္လို႔သာ ပရိသတ္ေတြက အလြယ္မွတ္ထားၾကပါတယ္။ ျမန္မာျပည္က JB ဆိုျပီး ေကာင္မေလးေတြ သဲသဲလႈပ္ အားေပးတဲ့ ဟိန္းမင္းသူကေတာ့ အုပ္စိုးခန္႔ရဲ႕အမ ခင္ထက္ထက္ေမာင္နဲ႔ ခ်စ္သူေတြ ျဖစ္ေနၾကတာပါ။ ဟိန္းမင္းသူက သင္ဇာဝင့္ေက်ာ္နဲ႔ တြဲဖက္ျပီး အလန္းစား MTV ကိုလည္း ပရိသတ္ေတြ အ့ံသားသင့္ေလာက္ေအာင္ သရုပ္ေဆာင္ျပခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ပရိသတ္ေတြက ျမန္မာျပည္ JB ဆိုတာထက္ ဟိန္းမင္းသူလို႔ပဲ ပိုျပီး သိလာပါတယ္။

ဂ်က္​စတင္​ဘီဘာကို အရမ္​းႀကိဳက္​​ေပမယ္​့ သူ႔ရဲ႕ လႊမ္​းမိုးမႈ လံုးဝမယူဘူးဆိုတဲ့ ဟိန္​းမင္​းသူ 1

ဂ်က္စတင္ဘီဘာရဲ႕ လႊမ္းမိုးမႈေအာက္မွာ မရွိေတာ့လို႔ ေပ်ာ္ေနတဲ့ ဟိန္းမင္းသူက အင္တာဗ်ဴးမွာ ခုလို ေျဖၾကားသြားပါတယ္။

“ပရိသတ္ေတြက ခုအခ်ိန္မွာ တျဖည္းျဖည္းနဲ႔ ဟိန္းမင္းသူ ဆိုတာကို သိလာၾကတယ္။ အရင္ကဆိုရင္ ဆံပင္အေရာင္ တူေနလို႔ တူတာဆုိလို႔ ကၽြန္ေတာ္ ဆံပင္အေရာင္လည္း ဆိုးလိုက္ျပီ။ အခု ကိုယ့္ကိုယ္ကိုယ္ပဲ ျဖစ္ေနတာ။ အရင္တုန္းက ကိစၥေတြ သိပ္မၾကားရေတာ့ဘူး။ ဟိုးအရင္က လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ကဆိုရင္ စေတြ႕ေတြ႕ခ်င္း ဟာ…ဂ်က္စတင္ဘီဘာနဲ႔ တူတဲ့ တစ္ေယာက္ဆိုျပီး ေျပာၾကတာ။ အခုေတာ့ မဟုတ္ေတာ့ဘူး။ ဟိန္းမင္းသူ ျဖစ္သြားျပီ။ ဒါကၽြန္ေတာ့္အတြက္ သတင္းေကာင္း တစ္ခုပဲ။ ကၽြန္ေတာ္သူ႕ရဲ႕ လႊမ္းမိုးမႈေအာက္မွာ မရွိေတာ့တဲ့အတြက္ ေပ်ာ္ပါတယ္။

ဂ်က္​စတင္​ဘီဘာကို အရမ္​းႀကိဳက္​​ေပမယ္​့ သူ႔ရဲ႕ လႊမ္​းမိုးမႈ လံုးဝမယူဘူးဆိုတဲ့ ဟိန္​းမင္​းသူ 2

အဲ့ဒါ သူ႕ကို ေက်းဇူးတင္ရမွာ မဟုတ္ဘူး။ ကၽြန္ေတာ့္အေမကို ေက်းဇူးတင္ရမွာ။ အမွန္အတိုင္းေျပာရရင္ ကၽြန္ေတာ္က တူတယ္လို႕လည္း မခံယူဘူး။ ကိုယ့္ကိုယ္ကိုယ္ မွန္ထဲမွာ ၾကည့္ၾကည့္ရင္ မတူဘူး။ ဂ်က္စတင္ဘီဘာက အေနာက္တိုင္း ႏိုင္ငံသားဆိုေတာ့ အေနာက္တိုင္းရုပ္ထြက္တယ္။ ကၽြန္ေတာ္က အာရွသားဆိုေတာ့ အာရွရုပ္ထြက္တယ္။ ဘယ္လိုမွ foreigner ၾကီးနဲ႔ သြားတူလို႔ မရဘူး။ ကၽြန္ေတာ့္အေဖေရာ ကၽြန္ေတာ့္အေမေရာ တရုတ္ေလ။ ႏိုင္ငံျခားသားနဲ႔သြားတူရင္ အေဖနဲ႔အေမ ျပႆနာ တက္မွာေပါ့။” ဆိုျပီး ေျပာသြားပါတယ္။

ဂ်က္​စတင္​ဘီဘာကို အရမ္​းႀကိဳက္​​ေပမယ္​့ သူ႔ရဲ႕ လႊမ္​းမိုးမႈ လံုးဝမယူဘူးဆိုတဲ့ ဟိန္​းမင္​းသူ 3

သီခ်င္းနဲ႔ ဖက္ရွင္ဘက္မွာ ဂ်က္စတင္ဘီဘာရဲ႕ လႊမ္းမိုးမႈ လံုးဝမယူဘူးဆိုတဲ့ အေၾကာင္း ဟိန္းမင္းသူက ခုလို ေျပာျပပါတယ္။“ဂ်က္စတင္ဘီဘာကို ၾကိဳက္တယ္။ သူက ကၽြန္ေတာ့္ရဲ႕ Inspirational person ေပါ့။ သူ႕ကို အရမ္းၾကိဳက္တယ္။ သူလုပ္တဲ့ ဂီတေတြကိုလည္း ၾကိဳက္တယ္။ အဓိကက သူ႔ရဲ႕ Talent ကို သေဘာက်တယ္။ အေစာၾကီးတည္းက သူ႔ပံုစံေတြ မဝတ္ဘူး။ ကၽြန္ေတာ္က ပြပြေယာင္းေယာင္း K-Pop ပံုစံေတြ သေဘာက်တာ။ သီခ်င္းမွာေရာ ဖက္ရွင္မွာေရာ သူ႕ရဲ႕ လႊမ္းမိုးမႈ လံုးဝမယူဘူးဆိုတာ ကၽြန္ေတာ္ ေျပာရဲတယ္။” လို႔ ဆိုပါတယ္။

ဂ်က္​စတင္​ဘီဘာကို အရမ္​းႀကိဳက္​​ေပမယ္​့ သူ႔ရဲ႕ လႊမ္​းမိုးမႈ လံုးဝမယူဘူးဆိုတဲ့ ဟိန္​းမင္​းသူ 4

ဂ်က္​စတင္​ဘီဘာကို အရမ္​းႀကိဳက္​​ေပမယ္​့ သူ႔ရဲ႕ လႊမ္​းမိုးမႈ လံုးဝမယူဘူးဆိုတဲ့ ဟိန္​းမင္​းသူ 5

ဂ်က္စတင္ဘီဘာနဲ႔ ဆယ္လီနာတို႔ရဲ႕ အခ်စ္ေရးကိုေတာ့ ဟိန္းမင္းသူက ခုလို သံုးသပ္ျပပါတယ္။“ဆယ္လီနာတို႕ ဘာတို႔က ကၽြန္ေတာ္တို႔အျမင္မွာေတာ့ သူတို႕ႏွစ္ေယာက္ အရမ္းခ်စ္ခဲ့ၾကတယ္ ထင္တယ္။ ႏွစ္ေယာက္ရဲ႕ အတြင္းစည္းကို သူတို႔နဲ႔ တပူးတြဲတြဲ ေသခ်ာေနၾကည့္မွ သူတို႕ႏွစ္ေယာက္ ဘယ္ေလာက္ခ်စ္ၾကတာ ဘာျပႆနာေတြ ရွိခဲ့လည္းဆိုတာ သိရမွာ။ ကိုယ္လည္း ခ်စ္ခဲ့ဖူးပါတယ္။ လူတိုင္း ခ်စ္ခဲ့ဖူးတာပဲ။” ဆိုျပီး ေျပာျပသြားပါတယ္။Nanmalgyi

Unicode Version

အဆိုတော် သရုပ်ဆောင် ဟိန်းမင်းသူကိုတော့ တော်ရုံတန်ရုံ နာမည်မမှတ်မိဘဲ ဂျက်စတင်ဘီဘာနဲ့ တူတဲ့တစ်ယောက်လို့သာ ပရိသတ်တွေက အလွယ်မှတ်ထားကြပါတယ်။ မြန်မာပြည်က JB ဆိုပြီး ကောင်မလေးတွေ သဲသဲလှုပ် အားပေးတဲ့ ဟိန်းမင်းသူကတော့ အုပ်စိုးခန့်ရဲ့အမ ခင်ထက်ထက်မောင်နဲ့ ချစ်သူတွေ ဖြစ်နေကြတာပါ။ ဟိန်းမင်းသူက သင်ဇာဝင့်ကျော်နဲ့ တွဲဖက်ပြီး အလန်းစား MTV ကိုလည်း ပရိသတ်တွေ အံ့သားသင့်လောက်အောင် သရုပ်ဆောင်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာ ပရိသတ်တွေက မြန်မာပြည် JB ဆိုတာထက် ဟိန်းမင်းသူလို့ပဲ ပိုပြီး သိလာပါတယ်။

ဂျက်စတင်ဘီဘာရဲ့ လွှမ်းမိုးမှုအောက်မှာ မရှိတော့လို့ ပျော်နေတဲ့ ဟိန်းမင်းသူက အင်တာဗျူးမှာ ခုလို ဖြေကြားသွားပါတယ်။

“ပရိသတ်တွေက ခုအချိန်မှာ တဖြည်းဖြည်းနဲ့ ဟိန်းမင်းသူ ဆိုတာကို သိလာကြတယ်။ အရင်ကဆိုရင် ဆံပင်အရောင် တူနေလို့ တူတာဆိုလို့ ကျွန်တော် ဆံပင်အရောင်လည်း ဆိုးလိုက်ပြီ။ အခု ကိုယ့်ကိုယ်ကိုယ်ပဲ ဖြစ်နေတာ။ အရင်တုန်းက ကိစ္စတွေ သိပ်မကြားရတော့ဘူး။ ဟိုးအရင်က လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကဆိုရင် စတွေ့တွေ့ချင်း ဟာ…ဂျက်စတင်ဘီဘာနဲ့ တူတဲ့ တစ်ယောက်ဆိုပြီး ပြောကြတာ။ အခုတော့ မဟုတ်တော့ဘူး။ ဟိန်းမင်းသူ ဖြစ်သွားပြီ။ ဒါကျွန်တော့်အတွက် သတင်းကောင်း တစ်ခုပဲ။ ကျွန်တော်သူ့ရဲ့ လွှမ်းမိုးမှုအောက်မှာ မရှိတော့တဲ့အတွက် ပျော်ပါတယ်။

အဲ့ဒါ သူ့ကို ကျေးဇူးတင်ရမှာ မဟုတ်ဘူး။ ကျွန်တော့်အမေကို ကျေးဇူးတင်ရမှာ။ အမှန်အတိုင်းပြောရရင် ကျွန်တော်က တူတယ်လို့လည်း မခံယူဘူး။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်ကြည့်ရင် မတူဘူး။ ဂျက်စတင်ဘီဘာက အနောက်တိုင်း နိုင်ငံသားဆိုတော့ အနောက်တိုင်းရုပ်ထွက်တယ်။ ကျွန်တော်က အာရှသားဆိုတော့ အာရှရုပ်ထွက်တယ်။ ဘယ်လိုမှ foreigner ကြီးနဲ့ သွားတူလို့ မရဘူး။ ကျွန်တော့်အဖေရော ကျွန်တော့်အမေရော တရုတ်လေ။ နိုင်ငံခြားသားနဲ့သွားတူရင် အဖေနဲ့အမေ ပြဿနာ တက်မှာပေါ့။” ဆိုပြီး ပြောသွားပါတယ်။

သီချင်းနဲ့ ဖက်ရှင်ဘက်မှာ ဂျက်စတင်ဘီဘာရဲ့ လွှမ်းမိုးမှု လုံးဝမယူဘူးဆိုတဲ့ အကြောင်း ဟိန်းမင်းသူက ခုလို ပြောပြပါတယ်။“ဂျက်စတင်ဘီဘာကို ကြိုက်တယ်။ သူက ကျွန်တော့်ရဲ့ Inspirational person ပေါ့။ သူ့ကို အရမ်းကြိုက်တယ်။ သူလုပ်တဲ့ ဂီတတွေကိုလည်း ကြိုက်တယ်။ အဓိကက သူ့ရဲ့ Talent ကို သဘောကျတယ်။ အစောကြီးတည်းက သူ့ပုံစံတွေ မဝတ်ဘူး။ ကျွန်တော်က ပွပွယောင်းယောင်း K-Pop ပုံစံတွေ သဘောကျတာ။ သီချင်းမှာရော ဖက်ရှင်မှာရော သူ့ရဲ့ လွှမ်းမိုးမှု လုံးဝမယူဘူးဆိုတာ ကျွန်တော် ပြောရဲတယ်။” လို့ ဆိုပါတယ်။

ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာတို့ရဲ့ အချစ်ရေးကိုတော့ ဟိန်းမင်းသူက ခုလို သုံးသပ်ပြပါတယ်။“ဆယ်လီနာတို့ ဘာတို့က ကျွန်တော်တို့အမြင်မှာတော့ သူတို့နှစ်ယောက် အရမ်းချစ်ခဲ့ကြတယ် ထင်တယ်။ နှစ်ယောက်ရဲ့ အတွင်းစည်းကို သူတို့နဲ့ တပူးတွဲတွဲ သေချာနေကြည့်မှ သူတို့နှစ်ယောက် ဘယ်လောက်ချစ်ကြတာ ဘာပြဿနာတွေ ရှိခဲ့လည်းဆိုတာ သိရမှာ။ ကိုယ်လည်း ချစ်ခဲ့ဖူးပါတယ်။ လူတိုင်း ချစ်ခဲ့ဖူးတာပဲ။” ဆိုပြီး ပြောပြသွားပါတယ်။Nanmalgyi