ဂူ​အောင်းကျင့်​စဉ်​ကျင့်​ပြီးကတည်းက ထိုင်းအမျိုးသားတစ်​ဦး နိုင်​ငံခြားမ​လေး​တွေရဲ့ အသည်းစွဲဖြစ်​လာ

ထူးခြားတဲ့အလေ့အထတွေ၊ အမူအကျင့်တွေ၊ အများကျင့်နိုင်ခဲ့တဲ့ ခဲရာခဲဆစ်ကျင့်စဉ်တွေကိုမှ အထင်ကြီးတတ်တဲ့ လောကကြီးရဲ့ သဘောသဘာဝအရ ထွက်ရပ်ပေါက်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဈာန်ပျံနိုင်တဲ့တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဘယ်လောက် ရောဂါဆိုးဆိုး အရှင်းပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုတဲ့လူတွေဟာ အတော်လေး စားပေါက်ချောင် နေရာရနေတာကို သင်တို့ တွေ့ရမှာဖြစ်ပါတယ်။

ဂူ​အောင်းကျင့်​စဉ်​ကျင့်​ပြီးကတည်းက ထိုင်းအမျိုးသားတစ်​ဦး နိုင်​ငံခြားမ​လေး​တွေရဲ့ အသည်းစွဲဖြစ်​လာ 1

အခုလည်း ဂူအောင်းကျင့်စဉ် ကျင့်တယ်ဆိုတဲ့ ထိုင်းအမျိုးသားတစ်ဦးကတော့ သူရဲ့ပင်ကိုယ်ခံယူချက်အရ သူဟာ ဒေသခံထိုင်းအမျိုးသမီးတွေကို ချစ်သူအဖြစ် လက်တွဲလိုခြင်းမရှိပါဘူး။ သူဟာ ဂူအောင်းကျင့်စဉ်လို့ သူများတွေလို ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်မတပ်ဘဲ၊ သူ့ဘာသာ ဂူထဲကို နေချင်လို့သာ နေတာလို့သာဖြေပါတယ်။သူဟာ မကြာသေးခင်က ရုရှားမ အချောလေးတစ်ယောက်နဲ့ အတူရှိနေတဲ့ဓာတ်ပုံတွေကို သူရဲ့ The Cave Man 2018 အမည်ရ Page ပေါ်မှာ တင်ခဲ့ရာ လူမှုကွန်ရက်ပေါ်မှာ နာမည်အလွန်ကြီးသွားခဲ့ပါတယ်။ ဒါပေမယ့် လောကဓမ္မတာအတိုင်း ကိုယ့်ထက်သာတဲ့သူဆိုရင် မနာလိုတိုရှည် ဖြစ်ကြတဲ့အတိုင်း ဝိုင်းဆဲတဲ့ ကွန်မန့်တွေကြောင့် ပုံကို ဖျက်ချခဲ့ရပါတယ်။

ဂူ​အောင်းကျင့်​စဉ်​ကျင့်​ပြီးကတည်းက ထိုင်းအမျိုးသားတစ်​ဦး နိုင်​ငံခြားမ​လေး​တွေရဲ့ အသည်းစွဲဖြစ်​လာ 2

နောက် မကြာမီမှာပင် လူဖြူမ ချောချောလေး သူရဲ့ ဂူကြမ်းပြင်မှာ အိပ်ရာပြင်နေတဲ့ ဓာတ်ပုံတွေ တင်ခဲ့ပြန်တာကြောင့် ဆဲဖို့စောင့်နေသူတွေကို တပ်လှန့်လိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။ ဒီလိုနဲ့ အဆဲကွန်မန့်ပေါင်း ထောင်ချီရခဲ့ပြန်တာကြောင့် သူလည်း ဓာတ်ပုံကို ပြန်ဖြုတ်ချခဲ့ရပါတယ်။သူရဲ့နောက်ခံသမိုင်းကြောင်းကို စုံစမ်းလိုက်တဲ့အခါမှာ အပျော်တမ်းပန်းချီဆရာ၊ ဓာတ်ပုံဆရာ၊ မော်တော်ဆိုင်ကယ်သမားတစ်ဦးဖြစ်ပြီး၊ ဘာသာစကားတော်တော်များများကို ကျွမ်းကျင်စွာပြောတတ်တယ်လို့ ဆိုပါတယ်။ ဒီဘာသာစကား အတားအဆီးကို ကျော်ဖြတ်နိုင်ခြင်းကလည်း သူ့အနားမှာ အဖြူမလေးတွေ ဝိုင်းဝိုင်းလည်နေတာပါ။ နာမည်ကတော့ Jatuphoom Losiri သို့မဟုတ် Toon လို့ သိရပါတယ်။

ဂူ​အောင်းကျင့်​စဉ်​ကျင့်​ပြီးကတည်းက ထိုင်းအမျိုးသားတစ်​ဦး နိုင်​ငံခြားမ​လေး​တွေရဲ့ အသည်းစွဲဖြစ်​လာ 3

သူဘာကြောင့် ဂူုအောင်းရတာလဲလို့ မီဒီယာကမေးတော့ အောင်းချင်လို့ အောင်းတာလို့ပဲ ဖြေခဲ့ပါတယ်။ သူနေထိုင်ရာ အတိအကျကို မသိရပေမယ့် ကောဖနန်ကျွန်းပေါ်က ကမ်းခြေနဲ့နီးတဲ့ ဂူတစ်ခုမှာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြသူတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အများထက်ထူးတော့ လူမှုကွန်ရက်မှာ အချိန်အနည်းငယ်အတွင်း ဆယ်လီတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဂူ​အောင်းကျင့်​စဉ်​ကျင့်​ပြီးကတည်းက ထိုင်းအမျိုးသားတစ်​ဦး နိုင်​ငံခြားမ​လေး​တွေရဲ့ အသည်းစွဲဖြစ်​လာ 4

Source:နတ်စည်တော် (MyanmarNote)