ခႏၶာကုိယ္အတြက္ေထြေထြထူးထူးထိန္းသိမ္းတာမ်ိဳးမ႐ွိဘဲ လမ္းပုံမွန္ေလ်ွာက္ျဖစ္တယ္ဆိုတဲ့ အိေခ်ာပို

ခႏၶာကိုယ္ ေကာက္ေၾကာင္း အလွေၾကာင့္ ပရိသတ္ေတြၾကားမွာ ေရပန္းစားတဲ့ သ႐ုပ္ေဆာင္ အိေခ်ာပိုက ခႏၶာကိုယ္အတြက္ ေထြေထြထူးထူး ထိန္းသိမ္းတာမ်ိဳးမရွိဘဲ လမ္းပုံမွန္ ေလွ်ာက္ျဖစ္တယ္လို႔ ဆိုပါတယ္။

ခႏၶာကုိယ္အတြက္ေထြေထြထူးထူးထိန္းသိမ္းတာမ်ိဳးမ႐ွိဘဲ လမ္းပုံမွန္ေလ်ွာက္ျဖစ္တယ္ဆိုတဲ့ အိေခ်ာပို 1

“ခႏၶာကိုယ္ ထိန္းသိမ္းတာက ေထြေထြထူးထူး မရွိပါဘူး။ ကိုယ့္ကိုယ္ကိုယ္ ဝလာတယ္ ထင္ရင္ ဝိတ္ေလွ်ာ့လိုက္တယ္။ ဒီေလာက္ပါပဲ။ ေလ့က်င့္ခန္းေတြေတာ့ မလုပ္ျဖစ္ပါဘူး။ လမ္းကေတာ့ ပုံမွန္ေလွ်ာက္ျဖစ္တယ္။ ပရိသတ္ေတြက သ႐ုပ္ေဆာင္ပိုင္းကို အားေပးၾကသလို ခႏၶာကိုယ္အလွေၾကာင့္ အားေပးၾကတာလည္း ရွိတယ္။ သူတို႔ကေတာ့ အားေပးခ်င္သလို အားေပးၾကမွာပါပဲ”

ခႏၶာကုိယ္အတြက္ေထြေထြထူးထူးထိန္းသိမ္းတာမ်ိဳးမ႐ွိဘဲ လမ္းပုံမွန္ေလ်ွာက္ျဖစ္တယ္ဆိုတဲ့ အိေခ်ာပို 2

“ပရိသတ္ေတြ ဆိုတာကေတာ့ ႀကိဳက္တဲ့သူလည္း ရွိမွာပဲ။ မႀကိဳက္တဲ့သူလည္း ေဝဖန္တာေတြ ရွိမွာပဲ။ ေဝဖန္ေတာ့လည္း ေျပာပိုင္ခြင့္ မရွိဘူးေလ။ အႏုပညာသမားဆိုတာက ပရိသတ္ ႀကိဳက္တာ ရွိမယ္၊ မႀကိဳက္တာ ရွိမယ္။ စူတို႔ နားလည္ပါတယ္။ ေဝဖန္လို႔လည္း ရတယ္၊ အႀကံျပဳလို႔လည္း ရတယ္။ ခ်စ္လို႔လည္း ရတယ္။ ပုံေတြ တင္ျဖစ္တာကလည္း ဓာတ္ပုံဆရာေတြ ႐ိုက္ေပးတာကို လွေနရင္ တင္ရမွာပဲေလ”လို႔ အိေခ်ာပိုက ေျပာပါတယ္။

ခႏၶာကုိယ္အတြက္ေထြေထြထူးထူးထိန္းသိမ္းတာမ်ိဳးမ႐ွိဘဲ လမ္းပုံမွန္ေလ်ွာက္ျဖစ္တယ္ဆိုတဲ့ အိေခ်ာပို 3

သ႐ုပ္ေဆာင္ အိေခ်ာပိုကေတာ့ လတ္တေလာ ဒါ႐ိုက္တာ ခ်ိဳဝတ္ရည္ ႐ိုက္ကူးမယ့္ “ေမွာင္တိုက္” ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ၿပီး ဒီဇာတ္ကားမွာ ခပ္လည္လည္၊ ခပ္သြက္သြက္ ေကာင္မေလးတေယာက္အေနနဲ႔ ပါဝင္ သ႐ုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

ခႏၶာကုိယ္အတြက္ေထြေထြထူးထူးထိန္းသိမ္းတာမ်ိဳးမ႐ွိဘဲ လမ္းပုံမွန္ေလ်ွာက္ျဖစ္တယ္ဆိုတဲ့ အိေခ်ာပို 4

“ေမွာင္တိုက္ ႐ုပ္ရွင္မွာေတာ့ ကိုႀကံ့ (ေက်ာ္ေက်ာ္ဗိုလ္) ႀကိဳက္တဲ့ ေကာင္မေလးတေယာက္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္သြားမွာပါ။ ခ်ဴဆီလို ပုံစံမ်ိဳးေလးေပါ့။ ခ်ဴဆီတုန္းကေတာ့ နည္းနည္း ေၾကာက္တတ္တယ္ေပါ့။ အဲ့ ကာ႐ိုက္တာမွာက်ေတာ့ ခ်ဴဆီ လုပ္ေပမယ့္ မရဲဘူးေပါ့။ ဒီကားမွာေတာ့ ခပ္လည္လည္၊ ခပ္သြက္သြက္ ပုံစံေလးေပါ့”

ခႏၶာကုိယ္အတြက္ေထြေထြထူးထူးထိန္းသိမ္းတာမ်ိဳးမ႐ွိဘဲ လမ္းပုံမွန္ေလ်ွာက္ျဖစ္တယ္ဆိုတဲ့ အိေခ်ာပို 5

“ကာ႐ိုက္တာ အဆင္ေျပေအာင္ေတာ့ ႀကိဳးစား သ႐ုပ္ေဆာင္ရမွာပါပဲ။ ဒီကား႐ိုက္ဖို႔ ဒါ႐ိုက္တာ ခ်ိဳဝတ္ရည္ကလည္း ရီဟာဇယ္ေတြ အႀကိမ္ႀကိမ္ လုပ္ထားတယ္။ ျပင္ဆင္မႈအပိုင္းက မိတ္ကပ္ဆံပင္၊ အဝတ္အစားက သူတို႔ပဲ စီစဥ္ေပးတယ္။ လူပဲ သြားရမွာေပါ့။ အဲ့ေတာ့ သ႐ုပ္ေဆာင္ပိုင္းကို ကိုယ္က ပိုအားစိုက္လို႔ရသြားတာေပါ့” လို႔ အိေခ်ာပိုက ေျပာပါတယ္။

ခႏၶာကုိယ္အတြက္ေထြေထြထူးထူးထိန္းသိမ္းတာမ်ိဳးမ႐ွိဘဲ လမ္းပုံမွန္ေလ်ွာက္ျဖစ္တယ္ဆိုတဲ့ အိေခ်ာပို 6

“ေမွာင္တိုက္” ဇာတ္ကား ႐ိုက္ကူးမႈမွာ ျပင္ဆင္ရတဲ့ အပိုင္းနဲ႔ ပတ္သက္လို႔လည္း အခုလို ဆိုပါတယ္။“အရင္ဆိုရင္ ဒီခန္းမွာ ဘာဝတ္ရမလဲ စဥ္းစားရေသးတယ္။ အခုေတာ့ အိုက္တင္ ဘယ္လိုေကာင္းေအာင္လုပ္ရမလဲဆိုတဲ့ အေတြးပဲရွိေတာ့တယ္။

ခႏၶာကုိယ္အတြက္ေထြေထြထူးထူးထိန္းသိမ္းတာမ်ိဳးမ႐ွိဘဲ လမ္းပုံမွန္ေလ်ွာက္ျဖစ္တယ္ဆိုတဲ့ အိေခ်ာပို 7

ဒီကာ႐ိုက္တာေလးက လုပ္ေတာ့ လုပ္ဖူးတယ္။ ဒါေပမဲ့ ဇာတ္အရအလွည့္အေျပာင္းေလးေတြ အမ်ားႀကီးပါေတာ့ ပရိသတ္အျမင္မွာ ဆန္းမွာပါ။ ပရိသတ္ေတြ မထင္ထားတဲ့ ပုံစံေလး ျဖစ္မွာပါ”

ခႏၶာကုိယ္အတြက္ေထြေထြထူးထူးထိန္းသိမ္းတာမ်ိဳးမ႐ွိဘဲ လမ္းပုံမွန္ေလ်ွာက္ျဖစ္တယ္ဆိုတဲ့ အိေခ်ာပို 8

“ပရိသတ္ေတြက ဘယ္ကာ႐ိုက္တာနဲ႔မွ မလိုက္ဘူးေတာ့ မဟုတ္ပါဘူး။ ကာ႐ိုက္တာ ပီျပင္တာကိုပဲ သူတို႔က ၾကည့္ၾကတာေလ။ ကိုယ္ကလည္း ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ဖို႔ပဲ အေရးႀကီးတာပါ”လို႔ အိေခ်ာပိုက ေျပာပါတယ္။

ခႏၶာကုိယ္အတြက္ေထြေထြထူးထူးထိန္းသိမ္းတာမ်ိဳးမ႐ွိဘဲ လမ္းပုံမွန္ေလ်ွာက္ျဖစ္တယ္ဆိုတဲ့ အိေခ်ာပို 9

အႏုပညာပ်ိဳးခင္းရဲ႕ စင္တင္ မင္းသမီး တေယာက္အေနနဲ႔ အႏုပညာအလုပ္ေတြ လုပ္ကိုင္ခဲ့တဲ့ အိေခ်ာပိုကေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြ ဆက္တိုက္ ႐ိုက္ကူးေနၿပီး မၾကာေသးခင္ကလည္း “ဆုံစည္းခြင့္”ဆိုတဲ့ ႐ုပ္သံ ဇာတ္လမ္းတြဲ လက္ခံ ႐ိုက္ကူးခဲ့တယ္လို႔ သိရပါတယ္။

ခႏၶာကုိယ္အတြက္ေထြေထြထူးထူးထိန္းသိမ္းတာမ်ိဳးမ႐ွိဘဲ လမ္းပုံမွန္ေလ်ွာက္ျဖစ္တယ္ဆိုတဲ့ အိေခ်ာပို 10

Unicode
ခန္ဓာကိုယ် ကောက်ကြောင်း အလှကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သရုပ်ဆောင် အိချောပိုက ခန္ဓာကိုယ်အတွက် ထွေထွေထူးထူး ထိန်းသိမ်းတာမျိုးမရှိဘဲ လမ်းပုံမှန် လျှောက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ခန္ဓာကိုယ် ထိန်းသိမ်းတာက ထွေထွေထူးထူး မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဝလာတယ် ထင်ရင် ဝိတ်လျှော့လိုက်တယ်။ ဒီလောက်ပါပဲ။ လေ့ကျင့်ခန်းတွေတော့ မလုပ်ဖြစ်ပါဘူး။ လမ်းကတော့ ပုံမှန်လျှောက်ဖြစ်တယ်။ ပရိသတ်တွေက သရုပ်ဆောင်ပိုင်းကို အားပေးကြသလို ခန္ဓာကိုယ်အလှကြောင့် အားပေးကြတာလည်း ရှိတယ်။ သူတို့ကတော့ အားပေးချင်သလို အားပေးကြမှာပါပဲ”

“ပရိသတ်တွေ ဆိုတာကတော့ ကြိုက်တဲ့သူလည်း ရှိမှာပဲ။ မကြိုက်တဲ့သူလည်း ဝေဖန်တာတွေ ရှိမှာပဲ။ ဝေဖန်တော့လည်း ပြောပိုင်ခွင့် မရှိဘူးလေ။ အနုပညာသမားဆိုတာက ပရိသတ် ကြိုက်တာ ရှိမယ်၊ မကြိုက်တာ ရှိမယ်။ စူတို့ နားလည်ပါတယ်။ ဝေဖန်လို့လည်း ရတယ်၊ အကြံပြုလို့လည်း ရတယ်။ ချစ်လို့လည်း ရတယ်။ ပုံတွေ တင်ဖြစ်တာကလည်း ဓာတ်ပုံဆရာတွေ ရိုက်ပေးတာကို လှနေရင် တင်ရမှာပဲလေ”လို့ အိချောပိုက ပြောပါတယ်။

သရုပ်ဆောင် အိချောပိုကတော့ လတ်တလော ဒါရိုက်တာ ချိုဝတ်ရည် ရိုက်ကူးမယ့် “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး ဒီဇာတ်ကားမှာ ခပ်လည်လည်၊ ခပ်သွက်သွက် ကောင်မလေးတယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“မှောင်တိုက် ရုပ်ရှင်မှာတော့ ကိုကြံ့ (ကျော်ကျော်ဗိုလ်) ကြိုက်တဲ့ ကောင်မလေးတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမှာပါ။ ချူဆီလို ပုံစံမျိုးလေးပေါ့။ ချူဆီတုန်းကတော့ နည်းနည်း ကြောက်တတ်တယ်ပေါ့။ အဲ့ ကာရိုက်တာမှာကျတော့ ချူဆီ လုပ်ပေမယ့် မရဲဘူးပေါ့။ ဒီကားမှာတော့ ခပ်လည်လည်၊ ခပ်သွက်သွက် ပုံစံလေးပေါ့”

“ကာရိုက်တာ အဆင်ပြေအောင်တော့ ကြိုးစား သရုပ်ဆောင်ရမှာပါပဲ။ ဒီကားရိုက်ဖို့ ဒါရိုက်တာ ချိုဝတ်ရည်ကလည်း ရီဟာဇယ်တွေ အကြိမ်ကြိမ် လုပ်ထားတယ်။ ပြင်ဆင်မှုအပိုင်းက မိတ်ကပ်ဆံပင်၊ အဝတ်အစားက သူတို့ပဲ စီစဉ်ပေးတယ်။ လူပဲ သွားရမှာပေါ့။ အဲ့တော့ သရုပ်ဆောင်ပိုင်းကို ကိုယ်က ပိုအားစိုက်လို့ရသွားတာပေါ့” လို့ အိချောပိုက ပြောပါတယ်။

“မှောင်တိုက်” ဇာတ်ကား ရိုက်ကူးမှုမှာ ပြင်ဆင်ရတဲ့ အပိုင်းနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။“အရင်ဆိုရင် ဒီခန်းမှာ ဘာဝတ်ရမလဲ စဉ်းစားရသေးတယ်။ အခုတော့ အိုက်တင် ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတဲ့ အတွေးပဲရှိတော့တယ်။

ဒီကာရိုက်တာလေးက လုပ်တော့ လုပ်ဖူးတယ်။ ဒါပေမဲ့ ဇာတ်အရအလှည့်အပြောင်းလေးတွေ အများကြီးပါတော့ ပရိသတ်အမြင်မှာ ဆန်းမှာပါ။ ပရိသတ်တွေ မထင်ထားတဲ့ ပုံစံလေး ဖြစ်မှာပါ”

“ပရိသတ်တွေက ဘယ်ကာရိုက်တာနဲ့မှ မလိုက်ဘူးတော့ မဟုတ်ပါဘူး။ ကာရိုက်တာ ပီပြင်တာကိုပဲ သူတို့က ကြည့်ကြတာလေ။ ကိုယ်ကလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့ပဲ အရေးကြီးတာပါ”လို့ အိချောပိုက ပြောပါတယ်။

အနုပညာပျိုးခင်းရဲ့ စင်တင် မင်းသမီး တယောက်အနေနဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့တဲ့ အိချောပိုကတော့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေပြီး မကြာသေးခင်ကလည်း “ဆုံစည်းခွင့်”ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲ လက်ခံ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*