ခ်စ္သူသက္တမ္း (၁၂)ႏွစ္မွာ ပရိသတ္ေတြကို အသိေပးလိုက္တဲ့ သက္ကိုဦးနဲ႔ ဆုဝတီ

ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ သ႐ုပ္ေဆာင္ ဆုဝတီနဲ႔ သ႐ုပ္ေဆာင္ သက္ကိုဦးတို႔က ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား သ႐ုပ္ေဆာင္ေတြဆိုလည္း မမွားပါဘူး။ သူတို႔ႏွစ္ဦးကေတာ့ ခ်စ္သူေတြ ျဖစ္ေနၾကတာ (၁၂)ႏွစ္ ရွိခဲ့ၿပီတဲ့။

ခ်စ္သူသက္တမ္း (၁၂)ႏွစ္မွာ ပရိသတ္ေတြကို အသိေပးလိုက္တဲ့ သက္ကိုဦးနဲ႔ ဆုဝတီ 1

ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ သူတို႔ႏွစ္ဦးကေတာ့ ခ်စ္သူေတြ ျဖစ္ေနၾကတာ (၁၂)ႏွစ္ တိတိရွိခဲ့ၿပီလို႔ ပရိသတ္ေတြ အသိေပးလိုက္ပါၿပီ။ သူတို႔ႏွစ္ဦးရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး အင္တာဗ်ဴးေတြမွာ ေျဖေလ့မရွိခဲ့ပါဘူး။ အိမ္ေထာင္ျပဳမွ ပရိသတ္ေတြကို အသိေပးမယ္လို႔ စဥ္းစားထားေပမယ့္ အခုေတာ့ အားလုံးကို ေၾကာျငာလိုက္ၿပီလို႔ ဆုဝတီက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။

ခ်စ္သူသက္တမ္း (၁၂)ႏွစ္မွာ ပရိသတ္ေတြကို အသိေပးလိုက္တဲ့ သက္ကိုဦးနဲ႔ ဆုဝတီ 2

“ကဲေၾကာ္ျငာလိုက္ပီေနာ္ ကိုယ့္ရဲ႕အခ်စ္ေရး အၿမဲေမးေနၾကတဲ့သူေလးေတြ အစကေတာ့ ကိုယ့္ရဲ႕အခ်စ္ေရးက ကိုယ္သူနဲ႔လက္ထက္မွပဲ ပရိတ္သတ္ကို အသိေပးမယ္လို႔ ဆုံျဖတ္ခဲ့တယ္။အခုေတာ့ စိတ္ကူးေျပာင္းသြားတယ္။ပရိတ္သတ္ကို အသိေပးဖို႔ဓာတ္က်လာလို႔” ဆိုၿပီး သ႐ုပ္ေဆာင္ ဆုဝတီရဲ႕ ေဖ့စ္ဘြတ္မွာ ဇူလိုင္(၂၇) ရက္ေန႔က ေရးသားထားပါတယ္။

ခ်စ္သူသက္တမ္း (၁၂)ႏွစ္မွာ ပရိသတ္ေတြကို အသိေပးလိုက္တဲ့ သက္ကိုဦးနဲ႔ ဆုဝတီ 3

သက္ကိုဦးက သူမအေပၚမွာ အေဖတစ္ေယာက္လို၊ အကိုတစ္ေယာက္လို၊ ခ်စ္သူတစ္ေယာက္လို ခ်စ္ခင္ေစာင့္ေရွာက္ေပးတတ္တဲ့ သူတစ္ဦးျဖစ္တယ္လို႔ သူမက ဆိုပါတယ္။“၂၀၀၇ ရည္းစားစထားကတည္းက သူနဲ႔ကိုယ္ ခု၁၂ႏွစ္ထိ သူ႔အေပၚ ကိုယ့္ရဲ႕ ကိုယ္က်င့္တရား သစၥာတရား သံေယာဇဥ္ ေတြနဲ႔အနစ္နာခံ ေပးဆပ္ ေဆာက္တည္လာတဲ့ အသိုက္အၿမဳံ ကိုလည္း ဘယ္လို အေၾကာင္းမ်ိဳးနဲ႔မွ ပ်က္စီးေအာင္ လုပ္မွာ မဟုတ္ဘူး ။

ခ်စ္သူသက္တမ္း (၁၂)ႏွစ္မွာ ပရိသတ္ေတြကို အသိေပးလိုက္တဲ့ သက္ကိုဦးနဲ႔ ဆုဝတီ 4

 

အပ်က္အစီးလည္းမခံႏိုင္ဘူး။ အဘိုးႀကီး အဘြားႀကီးျဖင့္တဲ့ထိဆက္လက္ေဆာက္တည္သြားမယ္။ခုလို ေျပာျပတာ ကိုယ္ရည္ေသြးပီး ေျပာေနတာ မဟုတ္ပါဘူးေနာ္။ ကိုယ့္အခ်စ္ေရး အိမ္ေထာင္ေရး စိတ္ထားကို ရင္ဖြင့္ျပတာပါ။ ခုေခတ္ အခ်စ္ေရး မွာ လည္း ခဏေလးခ်စ္ ႀကိဳက္ ကြဲ ညား ၾကတာေတြ အဆင္မေျပၾကတာေတြ လည္း ကိုယ္ခ်င္းစာမိတယ္။

ခ်စ္သူသက္တမ္း (၁၂)ႏွစ္မွာ ပရိသတ္ေတြကို အသိေပးလိုက္တဲ့ သက္ကိုဦးနဲ႔ ဆုဝတီ 5

အဲလိုျဖစ္ရင္လည္း ကိုယ္ ဘယ္လိုမွ ခံႏိုင္ရည္ရွိမွာ မဟုတ္ဘူး။ေဆာက္တည္လာတဲ့ႏွစ္ေတြၾကာခဲ့လို႔ေလ။ ကိုယ္ ကိုယ္တိုင္ အဲလို စိတ္ကူးနဲ႔ေတာင္ အျဖစ္မခံႏိုင္ဘူး။လက္ေတြ႕လည္း အျဖစ္မခံႏိုင္ဘူး” ဆိုၿပီး သူမက ဆက္လက္ေျပာျပခဲ့ပါေသးတယ္။

ခ်စ္သူသက္တမ္း (၁၂)ႏွစ္မွာ ပရိသတ္ေတြကို အသိေပးလိုက္တဲ့ သက္ကိုဦးနဲ႔ ဆုဝတီ 6

ဘယ္လိုအခက္အခဲေတြပဲ ရွိရွိ ခ်စ္ျခင္းေမတၱာ၊ သစၥာတရားေတြနဲ႔ တိုင္ပင္ညႇိႏႈိင္းၿပီး ေရွ႕ဆက္ေလွ်ာက္လွမ္းသြားမယ္လို႔ ဆိုပါတယ္။ သူတို႔ႏွစ္ဦး ခ်စ္သူေတြလို႔ ေၾကညာလိုက္ခ်ိန္မွာ ပရိသတ္ေတြ အံ့ၾသသြားၾကသလို သူတို႔ရဲ႕ ခ်စ္သူသက္တမ္းကို ၾကည့္ၿပီး အားက်ေနၾကတာလည္း ေတြ႕ရပါတယ္။

ခ်စ္သူသက္တမ္း (၁၂)ႏွစ္မွာ ပရိသတ္ေတြကို အသိေပးလိုက္တဲ့ သက္ကိုဦးနဲ႔ ဆုဝတီ 7

သူတို႔ႏွစ္ဦးစလုံးဟာ သ႐ုပ္ေဆာင္ေလာကမွာ ဇာတ္ပို႔ဇာတ္ရန္ေတြအျဖစ္ ပရိသတ္ေတြရဲ႕ လက္ခံအားေပးမႈကို ရရွိထားတဲ့ သ႐ုပ္ေဆာင္ေတြလည္း ျဖစ္ပါတယ္။ ဗီဒီယိုဇာတ္ကားေတြမ်ားစြာနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးၾကသလို လက္ရွိ MRTV – 4 ဇာတ္လမ္းတြဲေတြမွာလည္း ပါဝင္႐ိုက္ကူးလ်က္ရွိတာ ေတြ႕ရပါတယ္။ CRD

ခ်စ္သူသက္တမ္း (၁၂)ႏွစ္မွာ ပရိသတ္ေတြကို အသိေပးလိုက္တဲ့ သက္ကိုဦးနဲ႔ ဆုဝတီ 8

Unicode
ဇာတ်ပို့သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ သရုပ်ဆောင် ဆုဝတီနဲ့ သရုပ်ဆောင် သက်ကိုဦးတို့က ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား သရုပ်ဆောင်တွေဆိုလည်း မမှားပါဘူး။ သူတို့နှစ်ဦးကတော့ ချစ်သူတွေ ဖြစ်နေကြတာ (၁၂)နှစ် ရှိခဲ့ပြီတဲ့။

ဇာတ်ပို့သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးကတော့ ချစ်သူတွေ ဖြစ်နေကြတာ (၁၂)နှစ် တိတိရှိခဲ့ပြီလို့ ပရိသတ်တွေ အသိပေးလိုက်ပါပြီ။ သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေမှာ ဖြေလေ့မရှိခဲ့ပါဘူး။ အိမ်ထောင်ပြုမှ ပရိသတ်တွေကို အသိပေးမယ်လို့ စဉ်းစားထားပေမယ့် အခုတော့ အားလုံးကို ကြောငြာလိုက်ပြီလို့ ဆုဝတီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

“ကဲကြော်ငြာလိုက်ပီနော် ကိုယ့်ရဲ့အချစ်ရေး အမြဲမေးနေကြတဲ့သူလေးတွေ အစကတော့ ကိုယ့်ရဲ့အချစ်ရေးက ကိုယ်သူနဲ့လက်ထက်မှပဲ ပရိတ်သတ်ကို အသိပေးမယ်လို့ ဆုံဖြတ်ခဲ့တယ်။အခုတော့ စိတ်ကူးပြောင်းသွားတယ်။ပရိတ်သတ်ကို အသိပေးဖို့ဓာတ်ကျလာလို့” ဆိုပြီး သရုပ်ဆောင် ဆုဝတီရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၇) ရက်နေ့က ရေးသားထားပါတယ်။

သက်ကိုဦးက သူမအပေါ်မှာ အဖေတစ်ယောက်လို၊ အကိုတစ်ယောက်လို၊ ချစ်သူတစ်ယောက်လို ချစ်ခင်စောင့်ရှောက်ပေးတတ်တဲ့ သူတစ်ဦးဖြစ်တယ်လို့ သူမက ဆိုပါတယ်။“၂၀၀၇ ရည်းစားစထားကတည်းက သူနဲ့ကိုယ် ခု၁၂နှစ်ထိ သူ့အပေါ် ကိုယ့်ရဲ့ ကိုယ်ကျင့်တရား သစ္စာတရား သံယောဇဉ် တွေနဲ့အနစ်နာခံ ပေးဆပ် ဆောက်တည်လာတဲ့ အသိုက်အမြုံ ကိုလည်း ဘယ်လို အကြောင်းမျိုးနဲ့မှ ပျက်စီးအောင် လုပ်မှာ မဟုတ်ဘူး ။

အပျက်အစီးလည်းမခံနိုင်ဘူး။ အဘိုးကြီး အဘွားကြီးဖြင့်တဲ့ထိဆက်လက်ဆောက်တည်သွားမယ်။ခုလို ပြောပြတာ ကိုယ်ရည်သွေးပီး ပြောနေတာ မဟုတ်ပါဘူးနော်။ ကိုယ့်အချစ်ရေး အိမ်ထောင်ရေး စိတ်ထားကို ရင်ဖွင့်ပြတာပါ။ ခုခေတ် အချစ်ရေး မှာ လည်း ခဏလေးချစ် ကြိုက် ကွဲ ညား ကြတာတွေ အဆင်မပြေကြတာတွေ လည်း ကိုယ်ချင်းစာမိတယ်။

အဲလိုဖြစ်ရင်လည်း ကိုယ် ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ဆောက်တည်လာတဲ့နှစ်တွေကြာခဲ့လို့လေ။ ကိုယ် ကိုယ်တိုင် အဲလို စိတ်ကူးနဲ့တောင် အဖြစ်မခံနိုင်ဘူး။လက်တွေ့လည်း အဖြစ်မခံနိုင်ဘူး” ဆိုပြီး သူမက ဆက်လက်ပြောပြခဲ့ပါသေးတယ်။

ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ ချစ်ခြင်းမေတ္တာ၊ သစ္စာတရားတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး ရှေ့ဆက်လျှောက်လှမ်းသွားမယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦး ချစ်သူတွေလို့ ကြေညာလိုက်ချိန်မှာ ပရိသတ်တွေ အံ့သြသွားကြသလို သူတို့ရဲ့ ချစ်သူသက်တမ်းကို ကြည့်ပြီး အားကျနေကြတာလည်း တွေ့ရပါတယ်။

သူတို့နှစ်ဦးစလုံးဟာ သရုပ်ဆောင်လောကမှာ ဇာတ်ပို့ဇာတ်ရန်တွေအဖြစ် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်တွေလည်း ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေများစွာနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးကြသလို လက်ရှိ MRTV – 4 ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးလျက်ရှိတာ တွေ့ရပါတယ်။ CRD

Be the first to comment

Leave a Reply

Your email address will not be published.


*