ခုနှစ်ရက်သားသမီးတွေ ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေဆိုတဲ့ ဘေဘီမောင်
ခုနှစ်ရက်သားသမီးတွေ ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေဆိုတဲ့ ဘေဘီမောင် 1
ခုနှစ်ရက်သားသမီးတွေ ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေဆိုတဲ့ ဘေဘီမောင် 2
ခုနှစ်ရက်သားသမီးတွေ ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေဆိုတဲ့ ဘေဘီမောင် 3
ခုနှစ်ရက်သားသမီးတွေ ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေဆိုတဲ့ ဘေဘီမောင် 4
ခုနှစ်ရက်သားသမီးတွေ ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေဆိုတဲ့ ဘေဘီမောင် 5
Unicode Version
အဆိုတော်သားဂန်းရဲ့ တစ်ဦးတည်းသောချစ်သူလေးဖြစ်တဲ့ မော်ဒယ်လ်သရုပ်ဆောင်ဘေဘီမောင် ဟာဆိုရင်ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပသူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုများစွာကို လက်ခံရရှိထားသူတစ်ယောက်ပါ..။ သူမဟာဆိုရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်လျက်ရှိပြီး ကိုယ့်အားကိုယ်ကိုးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်..။ တစ်ချိန်တုန်းက မော်ဒယ်လ်ပီပီ အတိုအပြတ်လေးတွေ ဝတ်စားဆင်ယင်တတ်ပေမယ့် အခုနောက်ပိုင်းမှာဆိုရင်တော့ မြန်မာဝတ်စုံလေးတွေနဲ့ ရိုးယဉ်စွာ ကျက်သရေရှိရှိလှပလာတာကို မြင်တွေ့ကြရမှာပါ..။
ဘေဘီမောင်ဟာ ကြော်ငြာ၊ မဂ္ဂဇင်းတွေကိုလည်းလက်ခံရိုက်ကူးလေ့ရှိပြီး photo shooting တွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို မြင်တွေ့ကြရမှာပါ..။ ဘေဘီမောင်ဟာ ခရီးသွားဝါသနာပါသူဖြစ်ပြီး ချစ်သူနဲ့ အတူ ပျော်ရွှင်စရာခရီးတွေကို ထွက်လေ့ရှိတာဖြစ်ပါတယ်..။ မိဘအပေါ်မှာ သိက်ပြီး ရရှိလာတဲ့ အနုပညာကြေးနဲ့ အလှူအတန်းတွေမှာလည်း ရက်ရက်ရောရော ဒါနပြုလုပ်သူတစ်ယောက်ပါ..။ အဆိုတော်ဝါသနာပါသူဖြစ်တာမလို့ ချစ်သူသားဂန်းနဲ့အတူ နှစ်ကိုယ်တူ တေးသီချင်းလေးတွေလည်း လုပ်ထားပါသေးတယ်..။ ဘေဘီမောင်ဟာ gym ဝါသနာပါသူပီပီ ချစ်သူနဲ့အတူ မြင်သူတိုင်းအားကျရလောက်အောင် gym ကစားတာခဲ့တာကိုလည်း အားလုံးပဲမြင်တွေ့ကြရမှာပါနော်…။
ဘေဘီမောင်က ပရိသတ်ကြီးနဲ့ အဆက်အသွယ် မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်…။ အခုတစ်ခါမှာဆိုရင်လည်း “ခုနှစ်ရက်သားသမီးများအားလုံးရေလိုအေးလို့ပန်းလိုချမ်းမြေ့ပါစေ” ဆိုတဲ့ status လေးနဲ့တကွ ဘုရားရင်ပြင်ပေါ်မှာ မြန်မာဝတ်စုံလေးနဲ့ ဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကို သူမရဲ့ official acc တွင်ထုတ်ဖော်ပြသထားတာပါနော်..။ ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်…။Myanmarload