ခိုင္ႏွင္းေဝလုိ ပရဟိတမလုပ္ႏုိင္ေပမယ့္ ကူညီဖုိ႔ေတာ့အသင့္ပဲဆုိတဲ့ မ်ိဳးစႏၵီေက်ာ္

တခ်ိန္တုန္းက နာမည္ေက်ာ္မင္းသမီးေတြ ျဖစ္ၾကတဲ့ မင္းသမီး ခိုင္ႏွင္းေဝနဲ႔ မင္းသမီး မ်ိဳးစႏၵီေက်ာ္ ကိုေတာ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ား သိၾကမယ္ ထင္ပါတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့ တခ်ိန္တုန္းက ဗီဒီယုိ ေတြ ေၾကာ္ျငာေတြ ႐ိုက္ခဲ့ေပမယ့္လည္း လက္႐ွိမွာေတာ့ စီးပြားေရးဖက္ ပရဟိတ ဖက္ကိုသာ အာရံုစိုက္ၿပီးေတာ့ လုပ္ကုိင္ေနတာ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝကလည္း ပရဟိတ လုပ္ငန္းေတြကို လုပ္ကိုင္သလို မ်ိဳးစႏၵီေက်ာ္ကလည္း ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းလုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ ကေတာ့ ၿပီးခဲ့တဲ့ရက္တုန္းက ဆင္းရဲႏြမ္းပါးတဲ့ ကေလး ၂၀၀ ကို ေက်ာင္းတက္ဖို႔အတြက္ လိုအပ္တာေတြ လွဴဒါန္းေပးခဲ့ၿပီး မ်ိဳးစႏၵီေက်ာ္ ကေတာ့ ခိုင္ႏွင္းေဝနဲ႔ ရင္ႏွီးမႈကို ေျပာျပသြားခဲ့တာ ျဖစ္ပါတယ္။

ခိုင္ႏွင္းေဝလုိ ပရဟိတမလုပ္ႏုိင္ေပမယ့္ ကူညီဖုိ႔ေတာ့အသင့္ပဲဆုိတဲ့ မ်ိဳးစႏၵီေက်ာ္ 1

မင္းသမီး မ်ိုးစႏၵီေက်ာ္ ကေတာ့ အကုန္သိနဲ႔ အင္တာဗ်ဴးမွာေတာ့ “အရင္ကတည္းကေျပာရရင္ေတာ့ ပရဟိတ မင္းသမီးက တေယာက္မွ မ႐ွိဘူးေလ။ သူတေယာက္ပဲ ႐ွိတယ္။ သူငယ္ခ်င္း တေယာက္အေနနဲ႔ေရာ ညီမေလးတေယာက္ အေနနဲ႔ပါ သူ႔ကို ဂုဏ္ယူတယ္။ ေလးလည္းေလးစားတယ္။ အမတို႔ ကေတာ့ သူ႔လိုမလုပ္ႏိုင္ဘူး။ ဒါေပမယ့္လည္း တတ္ႏိုင္သေလာက္ လိုအပ္တဲ့ဟာေလးေတြကိုေတာ့ ကူညီပံ့ပိုးဖို႔ အသင့္ပါပဲ။ အမ နဲ႔ ခိုင္ႏွင္းေဝ တို႔ကေတာ့ ခင္လာတာ ႏွစ္ ၂၀ ႐ွိေနၿပီ။ တကယ့္ကို အခင္ဆံုး သူငယ္ခ်င္းပါပဲ။ သူ႔အိမ္မွာဆိုလည္း ဝင္ထြက္စားေသာက္ေနၾက။ အျပင္သြားရင္လည္း တူတူသြားၾက။ တေယာက္နဲ႔ တေယာက္လည္း ရင္ဖြင့္ ျဖစ္ၾကတယ္။ တခ်ိဳ႕ညီမေတြထက္ေတာင္ close ျဖစ္ေသးတယ္”

ခိုင္ႏွင္းေဝလုိ ပရဟိတမလုပ္ႏုိင္ေပမယ့္ ကူညီဖုိ႔ေတာ့အသင့္ပဲဆုိတဲ့ မ်ိဳးစႏၵီေက်ာ္ 2

“အမကေတာ့ ပရဟိတ လုပ္ေတာ့လုပ္တယ္။ နာဂစ္တုန္း ကလည္း အမတို႔ ခိုင္ႏွင္းေဝတို႔နဲ႔ အတူ ကူညီျဖစ္တယ္။ အဲ့တုန္းကေတာ့ ေဖ့ဘုတ္ေတြ ဘာေတြ ေခတ္မစားေသးေတာ့ လူေတြ သိပ္မသိၾကဘူးေပါ့။ အဲ့တုန္းက ရြာေတြအထိကို သြားၿပီးေတာ့ လူျဖစ္တယ္။ ခိုင္ႏွင္းေဝ နဲ႔ ပရဟိတ အတူျပန္လုပ္ျဖစ္တာကေတာ့ ဒါက ပထမဆံုးပါ။ သူ႔ကိုလည္း ေျပာထားပါတယ္။ လိုတဲ့အခ်ိန္ေတြမွာ ေခၚေပါ့”

ခိုင္ႏွင္းေဝလုိ ပရဟိတမလုပ္ႏုိင္ေပမယ့္ ကူညီဖုိ႔ေတာ့အသင့္ပဲဆုိတဲ့ မ်ိဳးစႏၵီေက်ာ္ 3

“အေတြ႔အၾကံဳေတြကေတာ့ အမကလည္း အရင္က ပရဟိတ လုပ္ဖူးတာေတြ ႐ွိတယ္ေလ။ သူနဲ႔ႏွစ္ေယာက္ ေတြ႔ရင္ေတာ့ စကားေတြက ေျပာလို႔မကုန္ဘူး။ အဲအလႉေလးကလည္း ကေလးေလးေတြကို လွဴလိိုက္တဲ့အခါမွာ သူတို႔ရဲ႕ ဝမ္းသာပိတိေလးေတြကို ခံစားရပါတယ္။ ေနာက္ထပ္လွဴခ်င္စိတ္ ျဖစ္တယ္။ ေနာက္ဆို ဒီလိုေနရာေလးေတြ ႐ွိတယ္ဆိုၿပီး လွဴခ်င္စိတ္ေလးေတြ ျဖစ္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။Nanmalgyi

Unicode version

တချိန်တုန်းက နာမည်ကျော်မင်းသမီးတွေ ဖြစ်ကြတဲ့ မင်းသမီး ခိုင်နှင်းဝေနဲ့ မင်းသမီး မျိုးစန္ဒီကျော် ကိုတော့ ပရိသတ်တော်တော်များများ သိကြမယ် ထင်ပါတယ်။ သူတို့နှစ်ယောက်ကတော့ တချိန်တုန်းက ဗီဒီယို တွေ ကြော်ငြာတွေ ရိုက်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ စီးပွားရေးဖက် ပရဟိတ ဖက်ကိုသာ အာရုံစိုက်ပြီးတော့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကလည်း ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်သလို မျိုးစန္ဒီကျော်ကလည်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ကတော့ ပြီးခဲ့တဲ့ရက်တုန်းက ဆင်းရဲနွမ်းပါးတဲ့ ကလေး ၂၀၀ ကို ကျောင်းတက်ဖို့အတွက် လိုအပ်တာတွေ လှူဒါန်းပေးခဲ့ပြီး မျိုးစန္ဒီကျော် ကတော့ ခိုင်နှင်းဝေနဲ့ ရင်နှီးမှုကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

မင်းသမီး မျိုးစန္ဒီကျော် ကတော့ အကုန်သိနဲ့ အင်တာဗျူးမှာတော့ “အရင်ကတည်းကပြောရရင်တော့ ပရဟိတ မင်းသမီးက တယောက်မှ မရှိဘူးလေ။ သူတယောက်ပဲ ရှိတယ်။ သူငယ်ချင်း တယောက်အနေနဲ့ရော ညီမလေးတယောက် အနေနဲ့ပါ သူ့ကို ဂုဏ်ယူတယ်။ လေးလည်းလေးစားတယ်။ အမတို့ ကတော့ သူ့လိုမလုပ်နိုင်ဘူး။ ဒါပေမယ့်လည်း တတ်နိုင်သလောက် လိုအပ်တဲ့ဟာလေးတွေကိုတော့ ကူညီပံ့ပိုးဖို့ အသင့်ပါပဲ။ အမ နဲ့ ခိုင်နှင်းဝေ တို့ကတော့ ခင်လာတာ နှစ် ၂၀ ရှိနေပြီ။ တကယ့်ကို အခင်ဆုံး သူငယ်ချင်းပါပဲ။ သူ့အိမ်မှာဆိုလည်း ဝင်ထွက်စားသောက်နေကြ။ အပြင်သွားရင်လည်း တူတူသွားကြ။ တယောက်နဲ့ တယောက်လည်း ရင်ဖွင့် ဖြစ်ကြတယ်။ တချို့ညီမတွေထက်တောင် close ဖြစ်သေးတယ်”

“အမကတော့ ပရဟိတ လုပ်တော့လုပ်တယ်။ နာဂစ်တုန်း ကလည်း အမတို့ ခိုင်နှင်းဝေတို့နဲ့ အတူ ကူညီဖြစ်တယ်။ အဲ့တုန်းကတော့ ဖေ့ဘုတ်တွေ ဘာတွေ ခေတ်မစားသေးတော့ လူတွေ သိပ်မသိကြဘူးပေါ့။ အဲ့တုန်းက ရွာတွေအထိကို သွားပြီးတော့ လူဖြစ်တယ်။ ခိုင်နှင်းဝေ နဲ့ ပရဟိတ အတူပြန်လုပ်ဖြစ်တာကတော့ ဒါက ပထမဆုံးပါ။ သူ့ကိုလည်း ပြောထားပါတယ်။ လိုတဲ့အချိန်တွေမှာ ခေါ်ပေါ့”

“အတွေ့အကြုံတွေကတော့ အမကလည်း အရင်က ပရဟိတ လုပ်ဖူးတာတွေ ရှိတယ်လေ။ သူနဲ့နှစ်ယောက် တွေ့ရင်တော့ စကားတွေက ပြောလို့မကုန်ဘူး။ အဲအလှူလေးကလည်း ကလေးလေးတွေကို လှူလိုက်တဲ့အခါမှာ သူတို့ရဲ့ ဝမ်းသာပိတိလေးတွေကို ခံစားရပါတယ်။ နောက်ထပ်လှူချင်စိတ် ဖြစ်တယ်။ နောက်ဆို ဒီလိုနေရာလေးတွေ ရှိတယ်ဆိုပြီး လှူချင်စိတ်လေးတွေ ဖြစ်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။Nanmalgyi