ကြၽန္ေတာ့္ရဲ႕ ေပ်ာ္ရႊင္မႈက ေအာင္ျမင္မႈ အေပၚမွာပဲ ရွိတာမဟုတ္ဘူးဆိုတဲ့ စိုင္းစိုင္း

စိုင္းစိုင္းခမ္းလႈိင္ဟာဆိုရင္ အသက္အရြယ္မ်ိဳးစံု ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္အားေပးရတဲ့ အမ်ိဳးသားအႏုပညာရွင္ တစ္ဦးျဖစ္ပါတယ္။ ေအာင္ျမင္မႈကို ၾကာရွည္စြာထိန္းထားႏုိင္တဲ့ ထိပ္တန္းရွားရွားပါးပါးအနုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြ အရြယ္မ်ိဳးစံု အားေပးတဲ ့ စိုင္းစိုင္းကေတာ့ တစ္ပုဒ္ဆိုတစ္ပုဒ္ ပရိသတ္ ပါးစပ္ဖ်ားမွာ ေရပန္းစားေအာင္ လုပ္ႏုိင္ေသာ အနုပညာရွင္တစ္ဦးပဲျဖစ္ပါတယ္။ သူဘာလုပ္လုပ္ အျပည့္အ၀ ေထာက္ခံအားေပးရေလာက္ေအာင္ ပရိသတ္အမာခံေတြရွိတယ္ဆိုရင္လည္း မမွားပါဘူးေနာ္။နွစ္တိုင္း ဧျပီ၁၀ ရက္ေန ့ဟာ စိုင္းစိုင္း ေမြးေန ့ ျဖစ္ျပီး နွစ္တိုင္း သူ ့ေမြးေန ့ မွာက်င္းပေလ့ ရွိတဲ ့စိုင္းစိုင္း Birthday Show ဟာလည္း ေၾကာက္ခမန္းလိလိ ပရိသတ္မ်ား ကြင္းလံုးျပည့္ အားေပးၾကမ္းတာ အမွန္ပါပဲေနာ္။အမ်ိဳးသမီးပရိသတ္ေတြရဲ႕ အသည္းစြဲဆယ္လီမို႕ တခ်ိဳ႕ ေသာ အမ်ိဳးသားပရိသတ္ေတြရဲ႕ Troll ျခင္းကိုေတာ့ နည္းနည္းပါးပါးခံရတာေတြေတာ့ရွိပါတယ္။

ကြၽန္ေတာ့္ရဲ႕ ေပ်ာ္ရႊင္မႈက ေအာင္ျမင္မႈ အေပၚမွာပဲ ရွိတာမဟုတ္ဘူးဆိုတဲ့ စိုင္းစိုင္း 1

ကြၽန္ေတာ့္ရဲ႕ ေပ်ာ္ရႊင္မႈက ေအာင္ျမင္မႈ အေပၚမွာပဲ ရွိတာမဟုတ္ဘူးဆိုတဲ့ စိုင္းစိုင္း 2

စိုင္းစိုင္းကို အားေပးတဲ့ ပရိသတ္ ဘယ္ေလာက္ မ်ားလဲ ဆုိ ရင္ ႏွစ္စဥ္ႏွစ္တိုင္း သူ႔ရဲ႕ ေမြးေန႔ Show ကိုလာတဲ့ ပရိသတ္ အေရ အတြက္ကို ၾကည့္္ရင္သိႏိုင္ပါတယ္။အမ်ိဳး သမီး ပရိသတ္ အခိုင္အမာရွိထားသူမို႔ အႏုပညာ အလုပ္တင္မကပဲ SAI Cosmetix ဆုိၿပီး စီးပြားေရးလုပ္ငန္း လုပ္ျပန္ေတာ့လည္း အရမ္းကို အားေပးၾကတာေတြ႕ရပါတယ္။ဆယ္စုႏွစ္တစ္ခုတိုင္ ပရိသတ္အားေပးမႈကို ယေန႕ခ်ိန္ထိ ထိန္းထားႏုိ္င္တဲ့ အမ်ိဳးသားအႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။

ကြၽန္ေတာ့္ရဲ႕ ေပ်ာ္ရႊင္မႈက ေအာင္ျမင္မႈ အေပၚမွာပဲ ရွိတာမဟုတ္ဘူးဆိုတဲ့ စိုင္းစိုင္း 3

ကြၽန္ေတာ့္ရဲ႕ ေပ်ာ္ရႊင္မႈက ေအာင္ျမင္မႈ အေပၚမွာပဲ ရွိတာမဟုတ္ဘူးဆိုတဲ့ စိုင္းစိုင္း 4

လက္တေလာမွာေတာ့ စိုင္းစိုင္းက ” ကိုယ့္အလုပ္ကို ကိုယ္ခ်စ္ျမတ္ႏိုးတဲ့အခါေပ်ာ္ရႊင္မႈက ေနာက္ဆံုးရလဒ္မွာပဲရွိတာမဟုတ္ပါ။ ပြဲမွာ လူေတြအမ်ားႀကီးနာမည္ေအာ္ဟစ္ေတာင္းဆိုအားေပးတဲ့အခါမွာေတာ့ ေပ်ာ္ရႊင္မႈရဲ႕ အထြဋ္အထိပ္လို႔ေျပာလို႔ရပါတယ္။ ဒါေပမယ့္ ကၽြန္ေနာ့္ေပ်ာ္ရႊင္မႈက ေအာင္ျမင္မႈတစ္ခုတည္းမွာပဲ ရွိတာမဟုတ္ပါဘူး။သီခ်င္းစေရးကတည္းကလည္း သာယာပါတယ္။ တီးေနေတာ့လည္းေက်နပ္တယ္။ပြဲအတြက္ျပင္ဆင္အားထုတ္ေနရတာလည္းအရသာပဲ အႀကိမ္ႀကိမ္ အစမ္းေလ့က်င့္ေနရတာလည္း Feel ပဲ စီစဥ္ေနရတာကိုက စိတ္တက္ႂကြစရာအမွန္တကယ္ဝါသနာပါတဲ့အလုပ္ဆိုတာ Final Result အတြက္ႀကိဳးစားေနရတာမွန္ေပမယ့္ Process တိုင္း Moment တိုင္းမွာ Pleasure ရွိေနတာမ်ိဳးပဲျဖစ္ပါတယ္။” ဆိုၿပီး အလုပ္အေပၚသူ႕ရဲ႕ တန္ဖိုးထားမႈ လက္ခံထားတဲ့ အေတြးေလးေတြကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။ယခုလို စိတ္ဓာတ္အယူအဆေတြေၾကာင့္လည္း ေအာင္ျမင္မႈကိုဆယ္စုႏွစ္တစ္စုၾကာေအာင္ ထိန္းထားႏုိင္တာျဖစ္တယ္လို႕ ဆိုရမွာပါ။ ပရိသတ္ႀကီးေရာ စိုင္းစိုင္းရဲ႕ အေတြးအေခၚအယူအဆေတြကို သေဘာက်ႏွစ္သက္ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။CeleGabar

Unicode Version

စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် အသက်အရွယ်မျိုးစုံ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးရတဲ့ အမျိုးသားအနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့ စိုင်းစိုင်းကတော့ တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားအောင် လုပ်နိုင်သော အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူဘာလုပ်လုပ် အပြည့်အ၀ ထောက်ခံအားပေးရလောက်အောင် ပရိသတ်အမာခံတွေရှိတယ်ဆိုရင်လည်း မမှားပါဘူးနော်။နှစ်တိုင်း ဧပြီ၁၀ ရက်နေ့ဟာ စိုင်းစိုင်း မွေးနေ့ ဖြစ်ပြီး နှစ်တိုင်း သူ့မွေးနေ့ မှာကျင်းပလေ့ ရှိတဲ့စိုင်းစိုင်း Birthday Show ဟာလည်း ကြောက်ခမန်းလိလိ ပရိသတ်များ ကွင်းလုံးပြည့် အားပေးကြမ်းတာ အမှန်ပါပဲနော်။အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲဆယ်လီမို့ တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းကိုတော့ နည်းနည်းပါးပါးခံရတာတွေတော့ရှိပါတယ်။

စိုင်းစိုင်းကို အားပေးတဲ့ ပရိသတ် ဘယ်လောက် များလဲ ဆို ရင် နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ မွေးနေ့ Show ကိုလာတဲ့ ပရိသတ် အရေ အတွက်ကို ကြည့်ရင်သိနိုင်ပါတယ်။အမျိုး သမီး ပရိသတ် အခိုင်အမာရှိထားသူမို့ အနုပညာ အလုပ်တင်မကပဲ SAI Cosmetix ဆိုပြီး စီးပွားရေးလုပ်ငန်း လုပ်ပြန်တော့လည်း အရမ်းကို အားပေးကြတာတွေ့ရပါတယ်။ဆယ်စုနှစ်တစ်ခုတိုင် ပရိသတ်အားပေးမှုကို ယနေ့ချိန်ထိ ထိန်းထားနိုင်တဲ့ အမျိုးသားအနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

လက်တလောမှာတော့ စိုင်းစိုင်းက ” ကိုယ့်အလုပ်ကို ကိုယ်ချစ်မြတ်နိုးတဲ့အခါပျော်ရွှင်မှုက နောက်ဆုံးရလဒ်မှာပဲရှိတာမဟုတ်ပါ။ ပွဲမှာ လူတွေအများကြီးနာမည်အော်ဟစ်တောင်းဆိုအားပေးတဲ့အခါမှာတော့ ပျော်ရွှင်မှုရဲ့ အထွဋ်အထိပ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် ကျွန်နော့်ပျော်ရွှင်မှုက အောင်မြင်မှုတစ်ခုတည်းမှာပဲ ရှိတာမဟုတ်ပါဘူး။သီချင်းစရေးကတည်းကလည်း သာယာပါတယ်။ တီးနေတော့လည်းကျေနပ်တယ်။ပွဲအတွက်ပြင်ဆင်အားထုတ်နေရတာလည်းအရသာပဲ အကြိမ်ကြိမ် အစမ်းလေ့ကျင့်နေရတာလည်း Feel ပဲ စီစဉ်နေရတာကိုက စိတ်တက်ကြွစရာအမှန်တကယ်ဝါသနာပါတဲ့အလုပ်ဆိုတာ Final Result အတွက်ကြိုးစားနေရတာမှန်ပေမယ့် Process တိုင်း Moment တိုင်းမှာ Pleasure ရှိနေတာမျိုးပဲဖြစ်ပါတယ်။” ဆိုပြီး အလုပ်အပေါ်သူ့ရဲ့ တန်ဖိုးထားမှု လက်ခံထားတဲ့ အတွေးလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ယခုလို စိတ်ဓာတ်အယူအဆတွေကြောင့်လည်း အောင်မြင်မှုကိုဆယ်စုနှစ်တစ်စုကြာအောင် ထိန်းထားနိုင်တာဖြစ်တယ်လို့ ဆိုရမှာပါ။ ပရိသတ်ကြီးရော စိုင်းစိုင်းရဲ့ အတွေးအခေါ်အယူအဆတွေကို သဘောကျနှစ်သက်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။CeleGabar