ကျန်းမာရေးအခြေအနေကြောင့် မန္တလေးမြို့ကစိန်နန်းတော်ပွဲကိုမတက်ရောက်နိုင်တဲ့အတွက် ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ သက်မွန်မြင့်
ကျန်းမာရေးအခြေအနေကြောင့် မန္တလေးမြို့ကစိန်နန်းတော်ပွဲကိုမတက်ရောက်နိုင်တဲ့အတွက် ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ သက်မွန်မြင့် 1
ကျန်းမာရေးအခြေအနေကြောင့် မန္တလေးမြို့ကစိန်နန်းတော်ပွဲကိုမတက်ရောက်နိုင်တဲ့အတွက် ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ သက်မွန်မြင့် 2
ကျန်းမာရေးအခြေအနေကြောင့် မန္တလေးမြို့ကစိန်နန်းတော်ပွဲကိုမတက်ရောက်နိုင်တဲ့အတွက် ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ သက်မွန်မြင့် 3
ကျန်းမာရေးအခြေအနေကြောင့် မန္တလေးမြို့ကစိန်နန်းတော်ပွဲကိုမတက်ရောက်နိုင်တဲ့အတွက် ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ သက်မွန်မြင့် 4
ကျန်းမာရေးအခြေအနေကြောင့် မန္တလေးမြို့ကစိန်နန်းတော်ပွဲကိုမတက်ရောက်နိုင်တဲ့အတွက် ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ သက်မွန်မြင့် 5
ကျန်းမာရေးအခြေအနေကြောင့် မန္တလေးမြို့ကစိန်နန်းတော်ပွဲကိုမတက်ရောက်နိုင်တဲ့အတွက် ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ သက်မွန်မြင့် 6
ကျန်းမာရေးအခြေအနေကြောင့် မန္တလေးမြို့ကစိန်နန်းတော်ပွဲကိုမတက်ရောက်နိုင်တဲ့အတွက် ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ သက်မွန်မြင့် 7
ကျန်းမာရေးအခြေအနေကြောင့် မန္တလေးမြို့ကစိန်နန်းတော်ပွဲကိုမတက်ရောက်နိုင်တဲ့အတွက် ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ သက်မွန်မြင့် 8
ကျန်းမာရေးအခြေအနေကြောင့် မန္တလေးမြို့ကစိန်နန်းတော်ပွဲကိုမတက်ရောက်နိုင်တဲ့အတွက် ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ သက်မွန်မြင့် 9
ကျန်းမာရေးအခြေအနေကြောင့် မန္တလေးမြို့ကစိန်နန်းတော်ပွဲကိုမတက်ရောက်နိုင်တဲ့အတွက် ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ သက်မွန်မြင့် 10
Unicode
အကယ်ဒမီ သက်မွန်မြင့်ဟာ သူမကို ချစ်တဲ့ သူမကချစ်တဲ့ မန္တလေးက ပရိသတ်တွေကို တောင်းပန်စကားဆို လိုက်ပါတယ်။ သူဟာ နေမကောင်းဖြစ်နေတာကြောင့် စိန်နန်းတော်က ပြုလုပ်မယ့် မန္တလေးပွဲကို မတက်ရောက်နိုင်တော့ဘူးဆိုတဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေတစ်ဆင့် ပရိသတ်တွေ ထံအသိပေးလာပါတယ်။
သူမရေးသားထားတဲ့အထဲမှာ သူမအနေနဲ့ ဒီတခါ နေမကောင်းတာ နည်းနည်း ဆိုးသွားတာကြောင့် ခရီးတွေမထွက်နိုင်သေးတာ ဖြစ်တယ်လို့လဲ ပြောခဲ့ပါတယ်။
သူမပြောခဲ့တဲ့ အပြည့်အစုံကတော့ “ Helloooo မန္တလေးက ချစ်ရတဲ့ ပရိတ်သတ်တွေရေးးး ဒီနေ့ သက်မွန် သက်သာလာပေမယ့် ခရီးသွားနိုင်တဲ့ အနေအထားမရောက်သေးလို့ မရောက်လာနိုင်ခဲ့တာကို ချစ်ရတဲ့ ပရိတ်သတ်တွေ မွန့်ကို မျှော်နေကြတဲ့သူတွေကို အနူးအညွတ် တောင်းပန်ပါတယ်နော်!🙏🏻🙏🏻🙏🏻
ဒီရက်လေးကို မွန်ကိုယ်တိုင် မျှော်နေ ခဲ့တာပါ.. အရမ်းလာချင်ပါတယ်။ ဒီတခါ နေမကောင်းတာ နည်းနည်း ဆိုးသွားလို့ပါ.. ပရိတ်သတ်တွေကိုရော စိန်နန်းတော်ကို ရော နားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါတယ်နော်.. 🙏🏻🙏🏻🙏🏻” လို့ ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။
သက်မွန်မြင့်ဟာ ယခုနောက်ပိုင်းမှာတော့ ကလေးတွေကို အချိန်ပိုပေးလာပြီး အနုပညာအလုပ်တွေထက် စီးပွားရေးကိုလဲ လုပ်ဆောင်လာတာကို တွေ့မြင်ရမှာပါ။
ရုပ်ရှင်ကားတွေကိုလဲ သူမ နဲ့ အဆင်ပြေမယ့် ကာရိုက်တာ တွေကိုသာ ရိုက်ကူးလေ့ရှိပြီး သူမရိုက်တဲ့ကားတိုင်းကလဲ တစ်ကားဆို တစ်ကားဆိုသလောက်ကို အောင်မြင်မှုရရှိခဲ့တာလဲ ဖြစ်ပါတယ်။
သူမက အနုပညာနဲ့ ပတ်သက်ပြီးထူးချွန်သူအဖြစ် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ၂၀၁၃ခုနှစ် မှာ အာဒံရယ်၊ဧဝရယ် ၊ ဒဿရယ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံးအကြိမ် ရရှိခဲ့ပြီး ၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၆ခုနှစ် က ချစ်လှစွာသော အမုန်း ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိနိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။
သူမမှာ သားတစ်ယောက် သမီးရှိနေပြီး ချစ်လှစွာသော ခင်ပွန်းကလဲ အရမ်းကိုအလိုလိုက်ပြီးချစ်ပေးတာကြောင့် တကယ့်ကို သာယာကြည်နူးစရာကောင်းတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ထားနိုင်သူလဲ ဖြစ်ပါတယ်။
သူမက ငယ်စဉ်က ခက်ခဲကြမ်းတမ်းတဲ့ ဘဝနဲ့ စခဲ့ရပေမယ့် ယခုအချိန်မှာတော့ ကြိုးစားမှုတွေရဲ့ ရလဒ်ကို ခံစားရင်း ဆက်လက်ကြိုးစားနေဆဲ ဖြစ်ပါတယ်။
သက်မွန်ကိုချစ်တဲ့ မန္တလေးက ပရိသတ်ကြီး အတွက် ရေးသားဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ဖတ်ရှု့ပေးကြတဲ့ သူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။CRD-Momolay
Be the first to comment
Leave a Reply
Your email address will not be published.
*